×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 20 June 2017

မှတ်ဉာဏ်ကောင်းအောင် ပြုလုပ်နိုင်တဲ့ အချက် (၃) ချက်

မှတ်ဉာဏ်ကောင်းအောင် ပြုလုပ်နိုင်တဲ့ အချက် (၃) ချက် Google.com

၁. အသစ်အဆန်းများကို အမြဲလေ့ကျင့်ပေးပါ။

ဦးနှောက်သည် များများခိုင်းလေ၊ များများလေ့ကျင့် ပေးလေ မှတ်ဥာဏ်ကောင်းမွန် လာလေ ဖြစ်သည်။

ဦးနှောက်ကို မည်သို့ ခိုင်းရမည်နည်း အကြံပြု ရလျှင် အသစ်၊ အသစ်များ အမြဲ သင်ယူနေပါ။

ဦးနှောက်သည် အသစ်၊ အသစ်များ အတွက် အမြဲတမ်း ပြင်ဆင်နေရ သဖြင့် လေ့ကျင့်ခန်း အမြဲ လုပ်သော ကြွက်သား လိုပင် သန်စွမ်းအားကောင်းကာ အရေးကြုံလျှင် လိုချင်တာကို ချက်ချင်း မှတ်မိနိုင်သည်။

ဆွေးနွေးခြင်း၊ စကားရည် လုခြင်းများ လုပ်ပေးပါ။ ခရီး များများ ထွက်နိုင်လေ ဦးနှောက် က အမြင်၊ အကြား၊ အထိ အတွေ့သစ်များကို သင်ယူ နိုင်လေ ဖြစ်ကာ ပိုသန်စွမ်း အားကောင်း လာမည်။

စာဖတ်ခြင်း သည်လည်း ဦးနှောက်ကို အတွေးအခေါ် သစ်များ၊ အကြောင်းအရာသစ်များနဲ့ အမြဲမပြတ် ထိတွေ့ပေး နိုင်သော အကျင့်ကောင်း တစ်ခု ဖြစ်သည်။

အသစ်အသစ်များ ကြုံရသည့် အခါ ဦးနှောက် အတွင်း ကွန်ရက် ချိတ်ဆက်မှု အားကောင်းလေ မှတ်ဉာဏ်လည်း အား ကောင်းလာလေ ဖြစ်သည်။

READ - ဥာဏ်ကောင်းတဲ့သူတွေမှာ တွေ့ရတဲ့ အမူအကျင့် ၆မျိုး

၂. ကာဘို ဟိုက်ဒရိတ်ဓာတ်ပါဝင်သော အစားများကို များများစားပါ။

ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆံများ၊ အချိုကဲသည့် ကိတ်မုန့်များ၊ ရေခဲမုန့် များကို စားသုံးခြင်းဖြင့် ရရှိသော ကာဘိုဟိုက် ဒရိတ်သည်သာ ဦးနှောက်ကို အကျိုးပြုသည်။

ထိုအရာများမှ ရရှိသော ကာဘိုဟိုက်ဒရိတ်သည် ပုံမှန်ခြင်း မရှိသဖြင့် ဦးနှောက်သည် ရံဖန်ရံခါ အာရုံစူးစိုက် နိုင်စွမ်း ကျဆင်းရမည့် အန္တရာယ် ရှိသည်။

အဆီဓာတ် များသော ငါးများကို တစ်ပတ် တစ်ကြိမ်လောက် စားသုံးခြင်းသည်လည်း ဦးနှောက် အတွင်း မှတ်ဉာဏ်ကို အထောက်အကူပြုသော မီးခိုးရောင် အနည်အနှစ်များ တိုးပွားအောင် ကူညီသည်။

၃. ပစ္စုပ္ပန်မှာနေ။

အလုပ်များကို တစ်ပြိုင်နက် လုပ်ခြင်းသည် ဦးနှောက် စွမ်းရည်ကို ကျဆင်း စေသလို မှတ်ဉာဏ် ကိုလည်း ထိခိုက်စေပါတယ်။

မှတ်ဉာဏ်ကောင်းစေသော ၀န်းကျင်များမှာ နေထိုင် ဖြစ်အောင်လည်း ကြိုးပမ်းရမည်ဖြစ်ပြီး ဆူညံသော ပတ်ဝန်းကျင်သည် အာရုံစူးစိုက် နိုင်စွမ်းကို ကျဆင်း စေသည်။

စိတ်ကို ပစ္စုပ္ပန်မှာ ထားသင့်သလို တိတ်ဆိတ် အေးချမ်းသည့် နေရာမျိုးမှာ နေထိုင် လုပ်ကိုင် ဖို့လည်း လိုအပ်ပါတယ်။

READ - စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်း (၉) မျိုး

Source: kanaung

Read times Last modified on Saturday, 28 December 2019 11:53
Rate this articles
(3 votes)