×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 06 July 2017

ကျောင်းသားများ စာလုပ်တဲ့အခါ နားချိန်ရအောင် ပြုလုပ်သင့်တဲ့ အချက်များ

ကျောင်းသားများ စာလုပ်တဲ့အခါ နားချိန်ရအောင် ပြုလုပ်သင့်တဲ့ အချက်များ google.com

ကျောင်းသားများ စာလုပ်တဲ့အခါ တစ်ထိုင်တည်း လုပ်တာမျိုးကို အထူးရှောင်ကြဉ်သင့်ပါတယ်။ တစ်ဘာသာ ကျက်ပြီးတိုင်း ဘယ်လိုနားသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁. တစ်နာရီစာလုပ်ပြီးတိုင်း ၅ မိနစ်ကျော် ၁၀ မိနစ် အနားပေးပါ။

အချိန်အကြာကြီး စာလုပ်ချင်းက မှတ်ဥာဏ်အာရုံများကို ထိခိုက်စေနိုင်ပါတယ်။ တစ်နေရာထဲမှာ ထိုင်ပြီး အချိန်ကြာမြင့်စွာ အာရုံစိုက်လုပ်ကိုင်နေတဲ့အခါ ဖိအားများ ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်နာရီ စာလုပ်ပြီးတိုင်း အနားယူခြင်းက ကျောင်းသားများအတွက် အထူးလိုအပ်ပါတယ်။ အဲလို အနားယူခြင်းက နောက်ထပ် အသစ်ကျက်မယ့်စာများအတွက် တက်ကြွလန်းဆန်းနေတာမျိုး ဖြစ်နေပါလိမ့်မယ်။

၂. လမ်းလျှောက်ပါ။

နားချိန်အတွင်းမှာ လမ်းလျှောက်ပေးသင့်ပါတယ်။ ဥပမာ အိမ်ခြံအတွင်း ဆင်းပြီး လမ်းလျှောက်တာမျိုး၊ တိတ်ဆိတ်နေတဲ့ လမ်း၊ စိမ်းစိုနေတဲ့ အပင်လေးတွေကို ကြည့်ပေးတာမျိုး လုပ်ပေးခြင်းက မှတ်ဥာဏ်အမြင် ကြည်လင် လန်းဆန်းစေပါတယ်။

READ - ကျောင်းသားများ စာကျက်ချိန်အတွင်း အိပ်မငိုက်အောင် ဘာလုပ်ရမလဲ???

၃. ထိရောက်မှုရှိစေရန် ပြုလုပ်ပါ။

အနားယူမှု မပြုလုပ်ခင်မှာ စာလုပ်ချိန်ဟာ ဘယ်လောက်ထိရောက်မှုရှိလဲ ဆိုတာ ပြန်စဉ်းစားသင့်ပါ။ တစ်နာရီ စာလုပ်နေစဉ်အတွင်းမှာ သူငယ်ချင်းဆီက ဖုန်းလာလို့ ပြောလိုက်၊ စားစရာများ သွားယူပြီး စားလိုက်၊ အိမ်ကလူများနဲ့ စကားများ ထိုင်ပြောလိုက် စသဖြင့် ပြုလုပ်နေတယ်ဆိုရင် စာလုပ်ဖို့ ထိရောက်နိုင်မှု မရှိတဲ့အတွက် ရှောင်ဖို့ လိုအပ်ပါတယ်။

၎. စာလုပ်နေစဉ်အတွင်း သရေစာများ မစားပါနဲ့။

ကျောင်းသားများဟာ မိမိ စာလုပ်တဲ့အခါ သရေစာစားတာကိုလည်း သတိထားပါ။ အမှန်တကယ် ဗိုက်ဆာတာမျိုးဆိုရင်တော့ ထမင်းကိုပဲ စားသင့်ပါတယ်။ ခနခန စားချင်နေမယ့် အစားအစာများဟာ စာကျက်ဖို့ အာရုံစုစည်းမှုမရနိုင်ပါဘူး။ ထို့ကြောင့် စာလုပ်ပျက်မယ့် အစားမျိုးကို ရှောင်ပါ။

၅. အားလပ်ချိန်ကို အကျိုးရှိတာပဲ ပြုလုပ်ပါ။

အားလပ်ချိန်ရောက်တိုင်း facebook ကြည့်မယ်၊ သူငယ်ချင်းများနဲ့ group ဖွဲ့စကားပြောချင်း၊ chatting ထိုင်တာမျိုးကို မလုပ်သင့်ပါဘူး။ ထို့ကြောင့် မလိုအပ်ပဲ မိမိအားလပ်ချိန်ကို ဖြုန်းတီးမှုမျိုးကို မပြုလုပ်ဘဲ အကျိုးရှိတာမျိုးပဲ ပြုလုပ်ပေးပါ။

READ - အချိန်ကြာကြာ စာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်

Source: mm special news (Brainscape)

Read times Last modified on Monday, 30 December 2019 09:25
Rate this articles
(1 Vote)