×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 10 July 2017

စာဖတ်တတ်ရန် လေ့ကျင့်ထားသင့်သော နည်းလမ်းများ

စာဖတ်တတ်ရန် လေ့ကျင့်ထားသင့်သော နည်းလမ်းများ google.com

၁. ဖတ်မည့်စာ ဘာအကြောင်းလဲ မြည်းစမ်းကြည့်ခြင်း

မဖတ်ရသေးမီ ဘာတွေရေးထားသလဲကို သိအောင် ပထမဆုံး လုပ်ဆောင်သင့်ပါတယ်။ ဇာတ်လမ်း မဟုတ်သည့် စာအုပ်ဆိုပါက အဖုံး၊ မာတိကာ၊ မိတ်ဆက်တို့တွင် ပါသည့် ခေါင်းစဉ်များကို ဖတ်ကြည့်ပါ။

တစ်အုပ်လုံးပါ အခန်းခွဲများ၏ ခေါင်းစဉ်များကို စ ဖတ်ကြည့်ပါ။ အရောင်နှင့်ခြယ်ထားသော စာလုံးများ၊ အရွယ်ကြီးထားသော စာလုံးများ၊ ပုံ စာများစသည့် အထားအသိုများကိုလည်း အရင်ဆုံးဖတ်ကြည့်ပါ။

၂. ဖတ်မည့် စာပါအကြောင်းအရာကို စဉ်းစားခြင်း

စာတစ်ပိုဒ်ဖြစ်စေ၊ တစ်အုပ်ဖြစ်စေ၊ စ မဖတ်မီ စာပါအကြောင်းနှင့် ပတ်သက်၍ မိမိဘာသိထားသလဲဆိုတာကို အရင်ဆုံး စဉ်းစားသင့်တယ်။ သို့မှသာ သိပြီးသမျှနှင့် ဆက်စပ်မိပြီး ဖတ်တော့မည့်စာကိုလည်း ပိုမို စိတ်ဝင်စားစရာ ဖြစ်လာမှာ ဖြစ်ပါတယ်။

READ - ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပစာတွေဖတ်ဖို့ ဘယ်လို စာအုပ်မျိုး ရွေးချယ်ဖတ်သင့်လဲ

၃. ဖတ်ရသည့် ရည်ရွယ်ချက်ကို စဉ်းစားခြင်း

ဘာကိုရည်ရွယ်ပြီး ဖတ်မလဲဆိုတာကိုလည်း စဉ်းစားဖို့ လိုပါလိမ့်မည်။ မိမိသိလိုသည့် အချက်အလက်ကိုသာ ရှာလိုတာလား၊ ဖတ်ပြီးသမျှ သူတစ်ပါးကို ပြန်ပြောလိုတာလား၊ စာတမ်းရေးဖို့လား၊ အပျော်သက်သက်လား၊ စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါသည်။

ဖတ်ရသည့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး သုံးသည့်နည်းလမ်းများလည်း အမျိုးမျိုး ကွဲပြားသွားနိုင်သည်။

၎. စာကို အသေးစိတ် နားလည်အောင် ဖတ်ခြင်း

တစ်ကြောင်းချင်း နားလည်အောင်ဖတ်ခြင်းကိုသာ မဆိုလိုပါ။ တစ်ကြောင်းနှင့်တစ်ကြောင်း၊ တစ်ပိုဒ်နှင့်တစ်ပိုဒ်၊ တစ်ခန်းနှင့် တစ်ခန်း၊ ခေါင်းစဉ်တစ်ခုနှင့်တစ်ခု ဘယ်လို ဆက်စပ်သလဲဆိုတာကို နားလည်းအောင် လုပ်ပါ။

ဘယ်စာအုပ်ကိုမဆို ဖတ်တော့မည်ဆိုလျှင် စာအုပ်ထဲမှာ ပါတဲ့ အချက်အလက်များကို အသေးစိတ်သိအောင် ဖတ်ပါ။ အပေါ်ယံလေး မဖတ်ပါနဲ့။

၅. ဝေဖန်ဆန်းစစ် ဖတ်ခြင်း

ဝေဖန်ဆန်းစစ် ဖတ်တတ်ရန် မိမိတစ်ယောက်တည်း၏ မေးခွန်းများဖြင့်သာ မလုံလောက်တော့ပါ။ သူတစ်ပါးနှင့် ဆွေးနွေးမှသာ ရနိုင်ပါသည်။ သူငယ်ချင်းများကို အကူအညီတောင်းပြီး ဆွေးနွေးပါ။ အပြန်အလှန်မေးခွန်းများ မေးပါ။

READ - ဒီနှစ်မှာ စာအုပ်အရေအတွက်များများ ဖတ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ

Source: myanmar-network.net

Read times Last modified on Saturday, 28 December 2019 13:43
Rate this articles
(3 votes)