×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 17 July 2017

သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုနေပြီလား ?

သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုနေပြီလား ? google.com

ကျန်းမာရေးဟုဆိုလိုက်ရာတွင် ကျွန်ုပ်တို့၏ စိတ်နှင့် ကိုယ်ခန္ဓာကျန်းမာရေးကိုသာ အရင်ဂရုစိုက် တတ်ကြပါတယ်။

ကျွနုပ်တို့၏ ဦးနှောက်ကျန်းမာရေးကိုတော့မေ့နေတတ်ကြပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်တိုးတက်မှသာ စာပေလေ့လာရာတွင်ဖြစ်စေ လုပ်ငန်းခွင်တွင်ဖြစ်ေစ ကျွန်ုပ်တို့လိုချင်သောပန်းတိုင်သို့ လွယ်ကူစွာရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့်ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

၁။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

ပုံမှန်ရိုးရှင်းသော လေ့ကျင့်ခန်းများ အထူးသဖြင့်အေရိုဗစ်လေ့ကျင့်ခန်းလေးတွေ ဆော့ပေးခြင်းက သင့်ရဲ့ မှတ်ဥာဏ်နဲ့ သင်ယူနိုင်မှုစွမ်းအားကို တိုးတက်စေပြီး ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကိုယ်ခန္ဓာကျန်းမာစေရုံသာမက ဦးနှောက်သွေးလည်ပတ်မှုစနစ်ကောင်းမွန်ပြီး စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။

 

၂။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုရွေးချယ်ပါ။

သင့်ရဲ့ဦးနှောက်ကျန်းမာဖို့အတွက် အာဟာရနှင့် ညီညွတ်မျှတသည့် စားသောက်မှုပုံစံကလည်း အရေးကြီးပါတယ်။ သကြားနှင့်ပြည့်ဝဆီပါဝင်မှုများသော အစားအစာများသည် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓါတ်ကျဆင်းခြင်းနှင့် မှတ်ဥာဏ်စွမ်းအားလျော့ကျခြင်း တို့ကိုဖြစ်စေပါတယ်။ ထို့ကြောင့် လတ်ဆတ်မှုရှိသော အသီးအနှံများ၊ အစိမ်းရောင်ရှိသော အရွက်များကို စားသုံးပေးသင့်ပါတယ်။ antioxidant ပါဝင်မှုအတွက် အနက်ရောင်ချောကလက်ကိုလည်း စားသုံးပေးသင့်ပါတယ်။

 

၃။ လုံလောက်သောအိပ်စက်မှုပြုလုပ်ပါ။

လုံလောက်တဲ့အိပ်စက်မှုကလည်း သင့်ရဲ့ပင်ပန်းနေတဲ့ဦးနှောက်ကို စွမ်းအင်တွေပြန်လည်ဖြည့်စည်းပေးဖို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်အနားယူမှုကို ရရှိရန် ညတိုင်းအတွက် ပုံမှန်အိပ်ချိန်ကို သတ်မှတ်ထားပြီး အနည်းဆုံး ၆ နာရီပြည့်အောင် အိပ်စက်သင့်ပါတယ်။ ကဖင်းဓါတ်မပါဝင်သော လက်ဖက်ရည်သောက်သုံးခြင်းနှင့် စာအုပ်ဖတ်ပေးခြင်းကို အိပ်ယာမဝင်ခင် ပြုလုပ်ပေးသင့်ပါတယ်။

 

READ - ပြည့်ဝစွာအိပ်စက်အနားယူရန်လိုအပ်သည့် ကျောင်းသားများ

 

 

၎။ သင့်ရဲ့အားလပ်ချိန်များကို မိသားစု၊မိတ်ဆွေအပေါင်းအသင်းတို့နှင့် ကုန်ဆုံးပါ။

သင့်ရဲ့မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းတို့နှင့် အတူအကွ activities လေးတွေ လုပ်ဆောင် ပေးခြင်းကလည်း သင့်ရဲ့ဦးနှောက်ကို ထက်မြက်စေပြီး ဖန်တီးနိုင်မှုစွမ်းအားကိုလည်းတိုးတက်စေပါတယ်။

 

၅။ ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်သုံးခြင်းသည် သွေးလည်ပတ်မှုစနစ်ကို ဟန့်တားပြီး မှတ်ဥာဏ်နှင့် သင်ယူနိုင်မှု စွမ်းရည်ကို ရေရှည်ထိခိုက်စေနိုင်ပါသည်။ စိတ်ဖိစီးမှုနှင့် ပူပန်ကြောင့်ကြမှုတို့သည် ဆေးလိပ်သောက်ရန် တွန်းအားဖြစ်စေသည့် အချက်ထဲတွင်ပါဝင်နေပါသည်။

Source ; senescence life science

Read times Last modified on Monday, 30 December 2019 09:26
Rate this articles
(2 votes)