×

Warning

JUser: :_load: Unable to load user with ID: 723


Language

Print this page
Friday, 23 December 2016

ဘယ်လိုနည်းလမ်းတွေက ဘာသာစကားတစ်ခုကို အမြန်တတ်မြောက်စေမလဲ




ကိုယ့်ဘာသာ ပြောပါ။






နားထောင်ပါ။



 



 

(Unicode) 

ကိုယ်ဘာလုပ်နေတယ် ဆိုတာ သိအောင်လုပ်ရပါမယ်။

- ငါ ဒီစကားကို ပြောတတ်ချင်တယ်။ ဒီစကားကို ပြောတတ်အောင် ငါ အစွမ်းကုန် ကြိုးစာမယ်လို့ စိတ်ဆုံးဖြတ်ပြီး မဖြစ်ဖြစ်အောင် လုပ်ရပါ့မယ်။

စကားပြောဖော်တစ်ယောက် ရှာရပါ့မယ်။
- ဘာသာစကားတစ်ခုကို ပြောတတ်ချင်တဲ့ အခါမှာ အတူတူပြောမယ့်သူ တစ်ယောက်ရှိမှ အချင်းချင်း တွန်းအားပေးနိုင်သလို ပိုပြီး ပြောထွက်လာစေပါတယ်။

ကိုယ့်ဘာသာ ပြောပါ။
- အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကိုယ်အမြဲ အသုံးပြုနေရတဲ့ ဘာသာစကားတစ်ခု မဟုတ်ရင် ဒါက အကောင်းဆုံး လေ့ကျင့်ခန်းပါ။

- စိတ်ထဲမှာ စကားလုံးအသစ်တွေ အမြဲရှိနေနိုင်ပြီး နောင်တစ်ချိန် တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေပါတယ်။

ပျော်စရာနည်းဖြင့်လည်း လေ့လာပါ။
- ဘာသာစကားအသစ်ကို အသုံးပြုတယ်ဆိုတာ ဖန်တီးနိုင်မှု တစ်ခုပါပဲ။

- ဖန်တီးနိုင်စွမ်းကို နှိုးဆွနိုင်ဖို့ သီချင်း နားထောင်တာ ၊ ကဗျာ စပ်တာ ၊ ကာတွန်းပုံဆွဲတာ ၊ ပြောလို့ရသမျှလူနဲ့ ပြောတာမျိုးနဲ့ ပျော်အောင်လေ့လာရပါတယ်။

ကလေးတစ်ယောက်လို ပြုမူပါ။
- ကလေးတွေက လူကြီးတွေ သင်ယူတာထက် ပိုပြီးတတ်လွယ်တဲ့ အဓိက အကြောင်းကတော့ မှားယွင်းမှာကို ကြောက်ပြီး ထိန်းချုပ် မထားတတ်တာပါ။

- အမှားများများလုပ်မိလေ အမှန်ဆိုတာကို နားလည်လေဖြစ်တဲ့ အတွက် အမှားလုပ်မိမလားလို့ ပူပန်မနေဘဲ လွတ်လပ်စွာ ပြောဆိုပါ။

နားထောင်ပါ။
- ပြောတတ်ချင်ရင် အရင်ဆုံးလုပ်ရမှာက နားထောင်ဖို့ပါပဲ ။လူတွေ ဘယ်လိုပြောသလဲ ဆိုတာကို အတုယူရပါ့မယ်။

- ဘာသာစကားတိုင်းက စ ကြားကာစမှာ ထူးဆန်းနေတတ်ပေမဲ့ ထိတွေ့မှုများလာတဲ့အခါ စနစ်တကျ ပြောဆိုနိုင်ဖို့ ပိုလွယ်ကူတယ်ဆိုတာ သိလာပါလိမ့်မယ်။

ကိုယ်သင်ယူမယ့် ဘာသာစကားပြောတဲ့ ပတ်ဝန်းကျင်တစ်ခုထဲကို ဝင်ရောက်ပါ။
- ကိုယ့်ပတ်ဝန်းကျင်မှာ ဒီဘာသာစကားကိုပဲ ပြောနေတာ ကြားရတဲ့အခါ ကိုယ်ကိုတိုင်လည်း သူတို့နားလည်အောင် ကြိုးစားပြောသလို သူတို့ပြောတာကိုလည်း နားလည်အောင် အားစိုက် နားထောင်မိမှာပါ။

 

အင်္ဂလိပ်ဘာသာစကားနဲ့ပက်သက်ပြီး အနီးကပ်သင်ကြားပေးတဲ့ ဆရာ ဆရာမများကို အောက်ပါ link တွင်ဝင်ရောက်ရှာဖွေနိုင်ပါတယ်

(https://www.sayar.com.mm/subjects/all-teachers/subject-496.html)

 

Source: bago knowledge

Read times Last modified on Friday, 27 December 2019 15:16
Rate this articles
(4 votes)