×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 11 August 2017

သင်တန်းတွေဘယ်လောက်တက်တက် အင်္ဂလိပ်စကားကို ကောင်းကောင်းမွန်မွန် မပြောနိုင်သေးဘူးလား

သင်တန်းတွေဘယ်လောက်တက်တက် အင်္ဂလိပ်စကားကို ကောင်းကောင်းမွန်မွန် မပြောနိုင်သေးဘူးလား google.com

အင်္ဂလိပ်စာက နိုင်ငံတကာသုံးတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် သင်ယူလေ့လာထားသင့်ပါတယ်။ 4 skills လုံးကောင်းမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဒါပေမယ့် သင်ကစကားပြောဖို့အတွက် အဓိကဆိုရင်တော့ အရေးနဲ့ အဖတ်ကို အချိန်သိပ်မပေးသင့်ပါဘူး။ သင်က စာရေးဆရာ လုပ်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။ စကားပြောကို အဓိကလေ့လာနေတဲ့သူတွေ သိထားသင့်တဲ့ အချက်လေးတွေပါ။

 

Grammar ကို အရမ်းကြီး ဦးစားမပေးပါနဲ့။

Native speaker တွေဟာ အင်္ဂလိပ် grammar ကို ၂၀ ရာခိုင်နှုန်းလောက်ပဲ တတ်ကြပါတယ်။ အင်္ဂလိပ် စကားကို ကျွမ်းကျင် စွာ ပြောတတ်ချင်ရင်တော့ အင်္ဂလိပ်စာကို grammar မပါပဲ လေ့လာသင့်ပါတယ်။ Grammar ပိုင်မှ စပြီးစကားပြောမယ်ဆိုရင်တော့ သင်အချိန်တွေအများကြီး ကုန်သွားမှာပါ။ Grammar တွေကို ဦးစားပေးလေ့လာခြင်းက သင့်ကို နှေးကွေးစေပြီး ရှုပ်ထွေးစေပါတယ်။ သင်က စာတွေရေးမယ် ဘာသာပြန်တာတွေလုပ်မယ်ဆိုရင်တော့ grammar က အသက်ပါပဲ။ သင်က စကားပြောအတွက်ပဲ ဆိုရင်တော့ grammar တွေ အရမ်းကြီးကောင်းစရာ မလိုပါဘူး။

Phrases တွေကိုလေ့လာပါ။

ကျောင်းသားအများစုက ဝေါဟာရတွေအများကြီးကို အရင်လေ့လာတတ်ပါတယ်။ ဝေါဟာရကြွယ်ဝဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် စကားလုံး ၁၀၀၀ လောက်သိရုံနဲ့တော့ မှန်ကန်တဲ့စာကြောင်း တစ်ကြောင်းကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် phrase တစ်ခုကို သိရုံနဲ့ စာကြောင်းပေါင်း များစွာကို ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် စကားလုံးတွေလေ့လာရင် phrases တွေကိုပါ တစ်ခါတည်း လေ့လာသင့်ပါတယ်။

 

ပြန်ပြောနိုင်အောင်ကြိုးစားပါ။

ဘယ်ဘာသာစကားကိုပဲ လေ့လာလေ့လာ အရေး၊ အဖတ်၊ အပြော၊ နားထောင်တဲ့စွမ်းရည် တွေက အရေးကြီးပြီး လိုအပ်တဲ့အချက်ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာသူအများစုက စကားပြောကို လေ့လာနေပေမယ့် ဖတ်ခြင်းနဲ့ ရေးခြင်းမှာ ပဲပိုမိုကျွမ်းကျင်လာတတ်ပါတယ်။ listening တွေ နားထောင်ရုံ နဲ့တော့ မလုံလောက်ပါဘူး။ ဒါက ကိုယ်လေ့လာထားတာ ကိုပြန်လည် အသုံးမချတဲ့ အတွက် ဖြစ်ပါတယ်။ မှားသွားမှာလည်း စိုးရိမ်တတ်ကြပါတယ်။ မမှားပဲနဲ့တော့ အမှန်ကို သိနိုင်မှာမဟုတ်ပါဘူး။ ပြောတတ်ဖို့ ဆိုရင် တခြားနည်းလမ်းမရှိပါဘူး… ပြောမှဖြစ်မှာပါ။

 

READ -အင်္ဂလန်မှာ ကျောင်းလျှောက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ။

 

သင့်ပတ်ဝန်းကျင်ကို အင်္ဂလိပ်စာနဲ့ လွှမ်းမိုးလိုက်ပါ။

လူတိုင်းကတော့ ဘာသာစကားတစ်မျိုးကို တတ်မြောက်ထားကြတာပါပဲ။ တိုင်းရင်းသားလူမျိုးတွေဆိုရင် ဘာသာစကားတစ်မျိုးမက တတ်မြောက်တတ်ကြပါတယ်။ ဘာသာစကားသင်ယူမှုမှ မဟုတ်ပါဘူး တခုခုကို တတ်မြောက်ချင်တယ်ဆိုရင် ထိုဘာသာရပ်ပေါ်မှာ ရူးသွပ်မှရမှာပါ။ သင်နားထောင်နေတဲ့ သီချင်းတွေကို အင်္ဂလိပ်သီချင်းတွေ အစားထိုးလိုက်ပါ။ အင်္ဂလိပ်စာအုပ်တွေ ရွေးဖတ်ပါ။ သင့်မှာ စကားပြောပေးမယ့် သူငယ်ချင်းမရှိဘူးဆိုရင်တော့ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြောပါ။ သင့်ကို သူများက အရူးတစ်ယောက်လိုထင်မယ်ဆိုရင်တောင် ဂရုမစိုက်ပါနဲ့၊ သင်က သင်ပါ။ သင်ကြိုးစားတဲ့ အသီးအပွင့်ကို သင်ပဲ ခံစားရမှာပါ။

 

မှန်မှန်ကန်ကန်လေ့လာဖို့လည်း လိုပါတယ်။

ပြောနေဖို့လိုတယ်ဆိုပေမယ့် ကိုယ်ပြောတဲ့စကားတွေက မှန်ရဲ့လားဆိုတာလည်းပြန်သုံးသပ်ဖို့ လိုပါသေးတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အင်္ဂလိပ်စာသင်တန်းလည်း တက်သင့်ပါတယ်။ native speaker တွေနဲ့ စကားပြောကြည့်ပါ။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်နိုင်ပြီး နိုင်ငံတကာမှ မိတ်ဆွေတွေလည်း ရရှိနိုင်ပါတယ်။

ကျောင်းသား ၊ ကျောင်းသူများအတွက် အင်္ဂလိပ်စကားပြောနည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် sayar.com.mm တွင် ရှိသော ဆရာ ၊ ဆရာမများနှင့် ဆက်သွယ်နိုင်ပါတယ်။

Source: kayantimes

Read times Last modified on Monday, 30 December 2019 14:10
Rate this articles
(2 votes)