×

Warning

JUser: :_load: Unable to load user with ID: 723


Student

Print this page
Tuesday, 03 January 2017

ဇီဝဗေဒ ဘာသာရပ်အတွက် အကောင်းဆုံး ဘယ်လိုပြင်ဆင်ကြမလဲ

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်ရာ ဇီဝဗေဒဘာသာ ဖြေဆိုရာတွင်သတိပြု သင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ဇီဝဗေဒဘာသာရပ်ဖြေဆိုဖို့အတွက် မဖြေခင်မှာ တိုက်ပွဲဝင်သလိုအင်အား သုံးခုစုစည်းဖို့လိုပါတယ်။

၁. စိတ်ဓာတ်အင်အားခိုင်မာ ပြတ်သားဖို့လိုပါတယ်။

၂. ဘယ်လောက်ပဲ စိတ်ဓာတ်အင်အားကောင်းကောင်း ကျန်းမာရေးမကောင်းရင်လည်း မရပါဘူး။

၃. ဘာသာရပ်အင်အားပါ။ ဇီဝဗေဒမှာ အခန်း ၁၂ ခန်းလုံးက ဒီအချိန်မှာ သင်ပြီးသားဖြစ်နေရမယ်။

သင်ပြီးတော့လည်း နားလည်ပြီးသား ဖြစ်နေရမယ်။ လေ့ကျင့်ကျက်မှတ်နေရမယ့် အချိန်ဖြစ်ပါတယ်။

ရွေးချယ်ကျက်မှတ်သင့်သည့်ပုံစံ

- အခန်း ၅၊ ၇၊ ၉၊ ၁၂ ကို လေ့ကျင့်မယ် ဆိုရင် ၆၈ မှတ်ဖိုးဖြေနိုင်ပါတယ်။

- ကျန်တဲ့၈ ခန်းကို တစ်မှတ်တန် ၂၈ မှတ် ဖိုးထပ် ဖြေနိုင်မယ်။ ၉၆ မှတ်ရမယ်။

- နှစ်မှတ်တန် နှစ်ပုဒ်ထပ်ပေါင်းလိုက်ရင် အမှတ် ၁၀၀ အပြည့် ရနိုင်ပါတယ်။

နောက်ထပ်ရွေးချယ်မှု ပုံစံတစ်ခုက

- အခန်း ၅၊ ၇၊ ၁၀၊ ၁၂ ရွေးရင် အမှတ် ၆၂ မှတ်ဖိုးဖြေနိုင်မယ်။

- ကျန်တဲ့ ၈ ခန်းကို ကွက်လပ်ဖြည့်၊ အမှား၊ အမှန်အတွက် ဖတ်ရမယ်။ အမှတ် ၃၀ ဖိုးဖြေနိုင်ပါမယ်။ ၉၂ မှတ်ဖိုးရမယ်။

- နှစ်မှတ်တန် ၂ ပုဒ်၊ လေးမှတ်တန် ၁ ပုဒ်ထပ်ဖြေရင် ၈ မှတ်ရမယ်။ ပေါင်းရင်အမှတ် ၁၀၀ အပြည့်ရနိုင်ပါ တယ်။ ဂုဏ်ထူးထွက်ပြီ။

- အခန်း ၅၊ ၆၊ ၈၊ ၁၀ ကို လေ့ကျင့်ရင် လည်း အမှတ် ၇၀ ရတယ်။ ကျန်တဲ့ ၈ ခန်းကို ၁ မှတ်တန်လေ့ကျင့်ရင် ၂၆ မှတ် ရမယ်။ ပေါင်း ၉၆ မှတ်ရမယ်။ ထပ်ပြီး ၂ မှတ်တန် ၂ ပုဒ်ဖြေရင် စုစုပေါင်း ၁၀၀မှတ်ပါ။

လေ့လာသင့်တဲ့ စာအုပ်များ

- မေးခွန်းဟောင်းတွေကို လေ့လာပါ။ လေ့ကျင့်ပါ။ မေးခွန်းသဘော၊ အဖြေသဘောကို လေ့လာပါ။ စာအုပ်တွေ အများကြီးထွက်ထားတာ ရှိတယ်။

- ပါမောက္ခတွေကိုယ်တိုင်ရေး ထားတဲ့ စာစစ်ရုံးကထုတ်တဲ့စာအုပ်ကို လေ့လာတာ အကောင်းဆုံးပါပဲ။

ကျောင်းသား ၊ ကျောင်းသူများသည် ဇီဝဗေဒဘာသာရပ်အတွက် သင်ကြားလိုပါက sayar.com.mm တွင် ရှိသော ဇီဝဗေဒ ဆရာ ၊ ဆရာမများနဲ့ ဆက်သွယ်နိုင်ပါတယ်။

Source: The farmer Myanmar

Read times Last modified on Friday, 27 December 2019 15:20
Rate this articles
(4 votes)