×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 05 January 2017

JavaScript ဆိုတာဘာလဲ ၊ JavaScript ကို အသုံးပြု ပြီး ဘာတွေလုပ်ဆောင်နိုင်သလဲ

JavaScript ဆိုတာဘာလဲ ၊ JavaScript ကို အသုံးပြု ပြီး ဘာတွေလုပ်ဆောင်နိုင်သလဲ google

JavaScript ကတော့ Scripting ဘာသာရပ်တစ်ခုဖြစ်ပြီး Scripting ဘာသာရပ်တွေ အများကြီး
ရှိပါတယ်။

အင်တာနက်လောကမှာ အသုံးပြုတဲ့ Scripting ဘာသာရပ်တွေမှာ JavaScript ကတော့

ရေပန်းအစားဆုံး အကောင်းဆုံး Scripting ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

JavaScript ကို HTML Document တွေထဲမှာ တိုက်ရိုက်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

တခြား ဘာ Server အကူအညီမှမလို ၊ ဘာ Platform တူညီမူတွေမှမလိုပဲ အသုံးပြုနိုင်ပါတယ်။

JavaScript ကို Java နဲ့ တော့မရောမိစေပါနဲ့ Java ကို Sun Microsystem က အဆင့်မြင့်အောင်

Develop လုပ်ထားတဲ့ JavaScript ထက် အများကြီး ပိုမိုရှုပ်ထွေးတဲ့ Programming ဘာသာရပ်

တစ်ခုဖြစ်ပါတယ်။

JavaScript ကို အသုံးပြုပြီး ဘာတွေလုပ်နိုင်သလဲ

- HTML Document တစ်ခု သို့မဟုတ် website တစ်ခုမှာ JavaScript အသုံးပြုပြီး Program အသေး
လေးတွေထည့်သွင်းနိုင်ပါတယ်။

- Programmer မဟုတ်တဲ့ Web Designer နဲ့ Web developer တွေကို Develop လုပ်နေတဲ့ website မှာ ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေ ထည့်သွင်းအသုံးပြုနိုင်အောင် JavaScript ကို အသုံးပြုရပါတယ်။

- အဖြစ်အပျက်တစ်ခုပေါ်မှာမူတည်ပြီး အလုပ်လုပ်စေမယ့် Program အသေးစားလေးတွေကို ၀က်
ဆိုက်မှာထည့်နိုင်အောင် JavaScript က ကူညီပေးပါတယ်။

- HTML ရဲ့ Tags တွေနဲ့ Element တွေ အပါအ၀င် Content တွေကိုပါ JavaScript က ချိန်းပစ်နိုင်ပါတယ်။ Form တွေကို စစ်ဆေးနိုင်တယ်။

- PHP နဲ့ တွဲပြီး Database ချိတ်ဆက်အသုံးပြုရာမှာ မဖြစ်မနေ အရေးတကြီး လေ့လာရ
မယ့် Form Validation အပိုင်းဖြစ်ပါတယ်။

- JavaScript ကိုအသုံးပြုပြီး အချိန်နဲ့ နေ့စွဲတွေကိုမှတ်သားနိုင်ပါတယ်၊ အသုံးပြုသူရဲ့ ကွန်ပြူတာ

Browser ကို ချိတ်ဆက်ပြီး လိုအပ်တဲ့ပြောင်းလဲမူတွေလည်း လုပ်နိုင်ပါတယ်။

ကျောင်းသား ၊ ကျောင်းသူများသည် Web Designer နဲ့ Web developer အတွက် JavaScript ဘာသာရပ်ကို တက်ရောက်လိုပါက Sayar.com.mm တွင် ရှိသော ဆရာ၊ ဆရာမများနဲ့ဆက်သွယ်နိုင်ပါတယ်။

Source: Simon

Read times Last modified on Monday, 30 December 2019 15:00
Rate this articles
(1 Vote)