×

Warning

JUser: :_load: Unable to load user with ID: 723


Success

Print this page
Monday, 09 January 2017

သင်ရဲ့မှတ်ဥာဏ်ကို တိုးတက်စေမယ့် အချက် (၁၄) ချက်

သင်ရဲ့မှတ်ဥာဏ်ကို တိုးတက်စေမယ့် အချက် (၁၄) ချက် Google.com

သင်ရဲ့မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေမယ့် အချက်တွေဖြစ်ပြီး Short Term Memory (မှတ်ဥာဏ်တို) နဲ့ Long Term Memory (မှတ်ဥာဏ်ရှည်) ကိုပါ မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့ အနီးကပ် အာရုံစိုက်လေ့လာနေသူများအတွက် ပိုမိုလိုက်နာလုပ်ဆောင်သင့်ပါတယ်။

ဆယ်တန်းဖြေဆိုခါနီး စာသင်သားများအတွက်တော့ လိုက်နာလုပ်ဆောင်သင့်ဆုံးအချက်များဖြစ်ပါတယ်။

၁. လမ်းလျှောက်ပါ။

- တစ်ရက်ကို မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးမယ်ဆိုရင် မှတ်ဥာဏ်ကိုပါ ပိုမို အားကောင်းစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေတဲ့အတွက် စာမေးပွဲဖြေဆိုရက်တွေမျိုးမှာပါ အချိန်ရအောင်ပေးပြီး လမ်းလျှောက်သင့်ပါတယ်။

၂. မှတ်စုစာရွက်ရေးပါ၊ မြင်သာတဲ့နေရာမှာ ကပ်ထားပါ၊ သတိထားပြီး ဖတ်ပေးပါ။

- သင်ကြားခဲ့ရတဲ့ Formula လို၊ အရေးကြီးစာသားလိုအရာတွေကို မှတ်စုထုတ်ပြီး စာအုပ်မှာ ရေးထားတာထက် Flash Card (မှတ်စုစာရွက်အသေးစား) ပေါ်မှာ ရေးသားပြီး ကိုယ့်ရဲ့စာကြည့်စားပွဲ၊ အခန်းနဲ့ နီးစပ်ရာနံရံမှာ ကပ်ထားပေးပါ။

- ရေးချိန်မှာ အလွတ်ရေးပါ၊ နံရံကပ်ထားပြီးချိန်မှာလည်း မိမိအလွတ်ရနေသည့်အတိုင်အောင် မျက်စိရှေ့ရောက်လာတိုင်း ပြန်ဖတ်ပေးဖို့ဖြစ်ပါတယ်။

၃. စာဖတ်ပါ၊ မကျက်ပါနဲ့။

- ယနေ့ခေတ်ထိအောင် ပြည်တွင်းစာသင်သားအများစု မှားယွင်းစွာလေ့ကျင့်ကျက်မှတ်နေဆဲ ပုံစံဖြစ်ပါတယ်။ ပေးထားတဲ့စာသားကိုပဲ အလွတ်ရအောင် ကျက်မှတ်ကြပါတယ်။

- ဒီအချက်ဟာ မှားယွင်းတဲ့လေ့လာမှုပုံစံဖြစ်ပြီး စာတစ်ပုဒ်၊ အကြောင်းအရာတစ်ခုကို အလွတ်ရအောင် ကျက်မှတ်ခြင်းထက်၊ ထိုအကြောင်းအရာရဲ့သဘောသဘာဝကိုပဲ နားလည်အောင် လေ့လာမှတ်သားဖို့ ဖြစ်ပါတယ်။

- မိမိလေ့လာမှတ်သားရမယ့်အကြောင်းအရာကို အရင်ဆုံးဖတ်ပါ၊ အရေးကြီးအချက်၊ စာလုံး၊ မှတ်သားဖွယ်ရာကို မျဉ်းသားအမှတ်အသားပြုပါ။

၎. အမေး၊ အဖြေပုံစံနဲ့ လေ့ကျင့်ပါ။

- သင့်အနေနဲ့ ကောင်းစွာ သဘောပေါက်နားလည်ပြီဖြစ်တဲ့ သင်ခန်းစာအဆုံးမှာ မေးခွန်းဟောင်းများကို ပြန်လည်လေ့လာခြင်းဖြစ်စေ၊ မိမိကိုယ်တိုင်မေးခွန်းပြန်ထုတ်ပြီး ဖြေဆိုခြင်းဖြစ်စေ လေ့ကျင့်ပါ။

၅. တေးသွားချိုချိုများ နားဆင်ပေးပါ။

- ဆူညံကျယ်လောင်တဲ့ သီချင်းမျိုးမဟုတ်ဘဲ Classical သီချင်းများကို အသံငြိမ့်ညောင်းရုံဖွင့်ပြီး နားဆင်ပါ၊ အပန်းဖြေပါ၊ လေ့လာကျက်မှတ်ချိန်မဟုတ်ဘဲ တွက်ချက်လေ့ကျင့်ချိန်မှာတွေလည်း သီချင်းဖွင့်ထားနိုင်ပြီး စစ်တမ်းများအရ စိတ်ဖိစီးလျော့ကျစေတဲ့အပြင် မှတ်ဥာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေတာ တွေ့ရပါတယ်။

၆. အချိန်ကြာ၊ တဆက်တည်းလေ့လာမှုမလုပ်ပါနဲ့။

- အနီးကပ်လေ့လာမှုတွေအများစုမှာ စာသင်သားတွေဟာ အချိန်ရှိသလောက် စာကြည့်နေတတ်ကြပါတယ်။ ဒီအချက်ဟာ အချိန်ကုန်လူပမ်းဖြစ်စေပါတယ်။

- လေ့လာမှတ်သားချိန်ကို စနစ်တကျ အချိန်ဆွဲပြီး လေ့လာကျက်မှတ်ပါ။ နာရီအနည်းငယ်လေ့လာပြီးတိုင်း နားချိန်ပေးပါ။

၇. အနံ့၊ အရသာကို တစ်မျိုးတည်းသုံးပါ။

- သင် ပီကေစားတတ်ပါသလား၊ စာမေးပွဲခန်းမှာရော ပီကေစားခွင့်ပေးပါသလား၊ တကယ်လို့စားတယ်၊ စားခွင့်ရမယ်ဆိုရင်၊ စားနေကျ အရသာတစ်ခုတည်းကိုပဲ စားပါ၊ မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။

- သင့်အခန်းမှာ ဘယ်လိုအနံ့မျိုးဖြန်းပါသလဲ၊ ဒါပေမယ့် စာဖြေခန်းမှာတော့ သင့်စိတ်ကြိုက်အနံ့ကို ဖြန်းထားမှာ မဟုတ်ပါဘူး။ ဒီတော့ အကောင်းဆုံးဖြေရှင်းနိုင်စရာနည်းလမ်းက ရေမွှေးဆွတ်ပါ၊ အနံ့တစ်မျိုးတည်းကိုပဲ စွဲသုံးပါ။

- မိမိလေ့လာချိန်က သုံးတဲ့ရေမွှေးနံ့ကိုပဲ စာဖြေခန်းသွားချိန်မှာ ဆက်သုံးပါ၊ သင့်အတွက် စာတွေပိုရပါစေလိမ့်မယ်။

ကျန်ရှိနေသည့် အချက် (၇) ချက်ကို နောက်နေ့မှ ဆက်လက်တင်ပြပေးပါ့မယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိမှတ်ဥာဏ်ကို အကောင်းဆုံး အသုံးချနိုင်ရန် လမ်းညွှန်မှုအတွက် လိုအပ်သော ဆရာ၊ ဆရာမများကို Sayar.com.mm တွင် ဆက်သွယ်နိုင်ပါတယ်။

Ref: internet journal

Read times Last modified on Friday, 27 December 2019 15:23
Rate this articles
(5 votes)