×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Print this page
Tuesday, 10 January 2017

သင်ရဲ့မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေမယ့် အချက် ၁၄ ချက် (၂)

သင်ရဲ့မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေဖို့အတွက် ကျန်ရှိနေတဲ့ အချက် (၇) ချက်ကို ဆက်လက်တင်ပြပေးလိုက်ပါတယ်။

၈. လေ့လာမှုနေရာ အတည်တကျ ဖြစ်ပါစေ။

- ဆူညံမှု၊ အနံ့အသက်ဆိုး၊ မြင်ကွင်းဆိုးတွေနဲ့ဝေးတဲ့နေရာမှာ သင်စာကျက်လေ့လာဖို့ နေရာရွေးချယ်အသုံးပြုပါ၊ ဒါပေမယ့် အဆိုပါနေရာမှာပဲ အတည်တကျ အမြဲစာပေလေ့လာပါ၊ ပုံမှန်မဟုတ်တဲ့နေရာမှာ နေ့စဉ်ပြောင်းလဲလေ့လာတာမျိုး မလုပ်ပါနဲ့။

၉. အရေးမကြီးတဲ့အချက်တွေကို မေ့ထားပါ။

- စာတစ်ပုဒ်မှာ အရေးကြီးတဲ့အချက်နဲ့ ဖွဲ့စည်းတည်ဆောက်မှု စာကြောင်းတွေဆိုတာ ရောပါနေပါတယ်။ ဒီအတွက် သင်က စာကို အလွတ်ကျက်လိုက်တဲ့အတွက် စာတစ်ပုဒ်လုံးရသွားတာမှန်ပေမယ့် စာအများကြီးကို မှတ်သားထားနေရပါတယ်။

- အရေးကြီးတဲ့အချက်တွေကို မှတ်စုထုတ်မှတ်သားပါ၊ ကျန်စာသားတွေကို ဖတ်ရုံလောက်သာဖတ်ပြီး အားလုံးမမှတ်ဘဲ မေ့ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

၁၀. တစ်နေရာတည်းမှာ ထိုင်ပါ။

- သင် စာသင်ကြားရတဲ့ စာသင်ခန်းအတွင်း သင်ရဲ့ထိုင်ခုံနေရာဟာ ဘယ်နေရာမှာရှိနေသည်ဖြစ်စေ၊ အဆိုပါနေရာမှာပဲ အမြဲထိုင်နေပါ။ ထိုင်ခုံတစ်နေရာတည်းမှာ အတည်တကျထိုင်ပြီး လေ့လာမှုက သင်ရဲ့မှတ်ဥာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေသလို စာပိုရစေတာတွေ့ရပါတယ်။

၁၁. ပုံမှန် အိပ်စက်ပါ။

- သင်ရဲ့အိပ်ချိန်ကို ပုံမှန်သတ်မှတ်ထားပါ။ တစ်ရက် ၆ နာရီ သို့မဟုတ် ၈ နာရီ အထိ အိပ်စက်ခြင်းဟာ သင်ရဲ့ ခန္ဓာကိုယ်စွမ်းအင်အတွက်ရော ကျန်းမာရေးအတွက်ပါ အကောင်းဆုံးအိပ်သင့်တဲ့ အချိန်ပါ။

- သင့်အနေနဲ့ အကြောင်းကြောင်းကြောင့် စာမေးပွဲရက်အနီးမှာ အိပ်ချိန်အနည်းငယ်ပဲယူပြီး လေ့လာမှတ်သားနေတယ်ဆိုရင်တောင် သတိထားပြီးတော့ စာမေးပွဲရက်မတိုင်ခင် သတင်း ၁ ပတ် အလိုမှာ အိပ်ချိန်ကို ၆ နာရီကနေ ၈ နာရီအတွင်း ထားရှိအိပ်စက်ပေးပါ။

၁၂. စားသောက်မှု မှန်ကန်ပါစေ။

- အလွန်အကျွံစားသောက်မှု မလုပ်ပါနဲ့၊ အိပ်ရေးပျက်ခံနိုင်အောင် အားဖြည့် အချိုရည်အများအပြား သောက်ခြင်း၊ အိပ်ချင်စိတ်ပျောက်အောင် အချဉ်ထုတ်အစားများခြင်းတွေဟာ သင်ရဲ့လေ့လာမှုစွမ်းအားကို ကျစေပါတယ်။

- အစားအစာအားလုံးကို မျှတအောင်ပဲစားပါ၊ အထူးသတိပြုစရာအချက်က စာပေလေ့လာချိန်တွေမှာ မနက်စာလုံးဝမစားပဲ မနေဖို့ ဖြစ်ပါတယ်။

၁၃. မနက်တိုင်း ပြန်စဉ်းစားပါ။

- မနက်ခင်းတစ်ခုအတွက် လေ့ကျင့်ခန်းအသစ်မလေ့ကျင့်ခင် သင်မနေ့က လေ့လာခဲ့သမျှကို ပြန်စဉ်းစားပါ၊ တွက်ပါ။

- တကယ်လို့ ပြန်စဉ်းစား၊ ပြန်တွက်ချိန်မှာ မေ့နေခဲ့ရင် သင့်အနေနဲ့ သင်ခန်းစာအသစ် မလေ့ကျင့်နဲ့ဦး၊ မနေ့ကစာကိုပဲ ပြန်လည်လေ့ကျင့်ပေးပါ။

၁၄. စာမေးပွဲ ဖြေဆိုခြင်း။

- အစမ်းစာမေးပွဲတွေအားလုံး မလွတ်တမ်းဖြေဆိုပါ၊ မေးခွန်းဟောင်း လေ့ကျင့်ပါ၊ အစဉ်လိုက်ဖြေဆိုမှုပုံစံထက် သင်ရပြီးသား၊ လွယ်ကူတဲ့ မေးခွန်းတွေကို အရင်ဖြေပါ။

- ခက်ခဲတဲ့ပုစ္ဆာတွေကို နောက်မှ ဖြေပါ၊ ဖြေဆိုပြီး အဖြေကို နောက်တစ်ကြိမ်ပြန်စစ်ဆေးပါ၊ မေးခွန်းတစ်ခုတည်းအပေါ်မှာ အချိန်အများကြီး သုံးပြီး စဉ်းစား၊ တွေးတောမှု မလုပ်ပါနဲ့၊ စာမေးပွဲဟာ အချိန်ကန့်သတ်ထားပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိမှတ်ဥာဏ်ကို အကောင်းဆုံး အသုံးချနိုင်ရန် လမ်းညွှန်မှုအတွက် လိုအပ်သော ဆရာ၊ ဆရာမများကို sayar.com.mm ဆက်သွယ်နိုင်ပါတယ်။

Source: internet journal

Read times Last modified on Saturday, 28 December 2019 10:54
Rate this articles
(3 votes)