×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 25 January 2017

ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာကျက်ချိန်ကို ဘယ်လိုပြင်ဆင်ကြမလဲ

တက္ကသိုလ်ဝင် စာမေးပွဲသည် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေး ခရီးစဉ် ကြီး၏ တစ်ဆစ်ချိုးကွေ့ ဖြစ်ပြီး ဘဝ အတွက်လည်း

အရေးကြီးသည့် အချိုးအကွေ့ တစ်ခု ဖြစ်ပေသည်။

တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကို အောင်မြင်ကျော်လွှား နိုင်မှသာ အဆင့်မြင့် ပညာများကို ဆက်လက် သင်ယူခွင့် ရရှိကြမည် ဖြစ်သည်။

သို့ဖြစ်ရာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ရေး အတွက် ကျောင်းသား၊ ကျောင်းသူများသည် အထူးပင် အလေးထား ကြိုးစား ရပေမည်။

မိမိတို့၏ ဘဝ၊ မိမိတို့၏ အကောင်းဆုံး၊ မိမိတို့၏ အဆင့် အတန်းကို ခွဲခြားပေးလိုက် သည်မှာ တက္ကသိုလ်ဝင် စာမေးပွဲပင် ဖြစ်သည်။

ကြိုတင် ပြင်ဆင်မှု ရှိသူတိုင်း ထူးချွန်စွာ အောင်မြင်ကြကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် စာကျက်နည်း၊ စာဖတ်နည်း မှန်ကန်ဖို့ လိုအပ်ပါသည်။

အချိန်ဇယား အတိအကျ ဆွဲ၍ အချိန် ဇယားနှင့် အညီ ကျက်မှတ်ဖို့ လိုအပ်ပါသည်။

စာကျက်ရာတွင် ဘာသာရပ် အသီးသီးကို အဓိပ္ပာယ် မသိဘဲ အလွတ် ကျက်သည်ထက် အဓိပ္ပာယ်နှင့် သဘောတရား နားလည်ပြီးမှ အလွတ်

ကျက်မှတ်သင့်ပါသည်။

စာကျက်ပုံ စာကျက်နည်း မှန်ကန်ရန် လိုအပ်သလို စာကျက်ချိန် စီမံ ခန့်ခွဲမှု သည်လည်း အဓိက ကျသည်။

နံနက်ပိုင်း စာကျက်ရန် အားသန်သူသည် နံနက်ပိုင်း စာကျက်ချိန် ပိုယူသင့်သည်။ ထို့အတူ ညပိုင်း စာကျက် အားသန်သူ များသည်လည်း ညဘက်

စာကျက် ချိန် ပိုယူရန် လိုအပ်ပါသည်။

ယခု အချိန်သည် ပြန်လှန် သင်ကြားခြင်းများ စတင် ပြုလုပ်သင့်သည့် အချိန်ဖြစ်သည့်အတွက် ပြန်လှန် သင်ကြားခြင်း သည်လည်း အရေးပါသည့် အချက်

တစ်ချက် ဖြစ်သည်။

ဖြစ်နိုင်လျှင် စားချိန်၊ အိပ်ချိန်မှ စ၍ အသေးစိတ် အချိန်ဇယား တစ်ခုဆွဲ၍ လေ့ကျင့်နိုင်လျှင် ပို၍ ကောင်းမွန်သည်။

မိမိ တစ်နေ့တာ ကျက်မှတ်ခဲ့သည့် သင်ခန်းစာ များကို စာအုပ်တစ်အုပ် တွင် မှတ်တမ်းထား၍ ကျက်မှတ်ပါက ပိုမို ထိရောက်သည်။

အချို့ ကျောင်းသားများသည် စာမေးပွဲ ဖြေဆိုရာတွင် မိမိ မဖတ်မိသော စာကို မေးခွန်းတွင် တွေ့မြင် ရသည်နှင့် ကြောက်စိတ်ဝင်ကာ အခြား စာများကို

ပိုမေ့ကုန် တတ်ကြပါသည်။

ထို့ကြောင့် အရေးကြီးဆုံး အချက်မှာ စာမေးပွဲ ခန်းသို့ ဝင်ရာတွင် စိတ်လှုပ်ရှားမှု မဖြစ်စေရန် အတတ်နိုင်ဆုံး မိမိစိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရမည်။

တည်ငြိမ်သော ယုံကြည်မှု အပြည့်နှင့် ဖြေဆိုရန် လိုအပ်သည်။

ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး ဘဝ၊ လူမှုရေး ဘဝတို့တွင် ကြီးမားသော အလှည့် အပြောင်းကြီး တစ်ခုဖြစ်သည့် တက္ကသိုလ်ဝင် စာမေးပွဲ

ကြီးကို အမှတ် များများဖြင့် အောင်မြင်နိုင်ရန် အတွက်သော် လည်းကောင်း၊ အဆင့်မြင့် ပညာရပ် များကို ဆက်လက် သင်ကြားနိုင်ပြီး ခေတ်မီဖွံ့ဖြိုး

တိုးတက်သည့် မြန်မာ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် မိမိတို့ တတ်မြောက်ထားသည့် အဆင့်မြင့် ပညာများဖြင့် မိမိတို့ ကျရာ ကဏ္ဍမှ

ပါဝင် ဆောင်ရွက်ကြရန် အတွက်၊ တိုင်းပြည်အတွက် အားထားရသည့် ပညာတတ် လူ့စွမ်းအား အရင်း အမြစ်များ တိုးတက် များပြား လာစေရေး

အတွက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ရေးကို ယခု အချိန် ရှိခိုက်မှာ လုံ့လ စိုက်ကြ စေလိုပါသည်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့စိတ်ဝင်စားသော မည်သည့် ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော

ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိတို့သင်ကြားသည့် ဘာသာရပ်များကို (sayar.com.mm) တွင် အခမဲ့ register ပြု လုပ်နိုင်တယ်။

Ref: palegabar

Read times Last modified on Saturday, 28 December 2019 10:55
Rate this articles
(4 votes)