×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 09 February 2017

သင့်ကလေးရဲ့စာမေးပွဲအပေါ် စိတ်ဖိစီးမှုရှိနေခြင်းကို ဘယ်လိုကူညီပေးမလဲ

သင့်ကလေးရဲ့စာမေးပွဲအပေါ် စိတ်ဖိစီးမှုရှိနေခြင်းကို ဘယ်လိုကူညီပေးမလဲ Google.com

စာမေးပွဲအပေါ်မှာ စိတ်ဖိစီးနေတဲ့ကလေးတွေကို မိဘတွေအနေဖြင့် အကောင်းဆုံးစောင့်ရှောက်မှုတွေနဲ့ ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

စားမေးပွဲဖြေမယ့် သင့်ကလေးကို ကူညီပံ့ပိုးပေးတဲ့အခါ ကလေးအနေနဲ့ စာမေးပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်အောင် လိုအပ်တဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိဖို့က မိဘတွေက ဖြည့်ဆည်းပေးရမည် ဖြစ်ပါတယ်။

စာမေးပွဲနီးလို့ အမြဲတမ်းစာပဲ ကျက်ဖို့တိုက်တွန်းတာက ကလေးအတွက်ပိုပြီး ဖိအားဖြစ်စေပါတယ်။

စာကြည့်ချိန်ငါးမိနစ်၊ ဆယ်မိနစ်စာတိုင်းက အရေးကြီးတာမှန်ပေမယ့် စာကြည့်ချိန်၊ နားချိန်၊ အိပ်ချိန်အပြင် လုံလောက်တဲ့ အာဟာရဓာတ်တွေရရှိဖို့ကိုလည်း မေ့မထားသင့်ပါဘူး။

အနားယူချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စရာမရှိအောင် time-plan ကိုလည်း အလေအလွင့်မရှိအောင် စီစဉ်ပေးထားသင့်ပါတယ်။

စာမေးပွဲနီးချိန်မှာ ကလေးအများစုဖြစ်လေ့ရှိတာကတော့ အိပ်ဖို့ပဲအားသန်ပြီး အစာစားချင်စိတ်မရှိတာပဲ ဖြစ်ပါတယ်။

မိမိကလေးများကို မနက်ခင်းတိုင်းအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများ ကျွေးဖို့ လိုအပ်ပါတယ်။

အာဟာရဓာတ်လုံလောက်စွာ မရရှိတဲ့ကလေးဟာ အာရုံစူးစိုက်မှုနည်းပြီး မှတ်ဥာဏ်အား လျော့ကျမှု၊ ကိုယ်ပိုင်တွေးခေါ်မှု၊ တီထွင်ကြံဆမှုမှာ အဟန့်အတားဖြစ်တာတွေ ခံစားရတတ်ပါတယ်။

ဥပမာ Horlicks ဆိုရင် ကလေးရဲ့အရိုးအဆစ်သန်မာမှုကို ထောက်ပံ့ပေးပြီး သံဓာတ်၊ ဆီလီနီယမ်နဲ့
ဗီတာမင်အေ ဓာတ်တို့ပါဝင်တာကြောင့် အမြဲတမ်း စာပဲကျက်နေရတဲ့ ကလေးတွေအတွက် သွေးလည်ပတ်မှု
မကောင်းမှာလည်း စိတ်ပူစရာ မလိုပါဘူး။

Horlicks မှာ ပါဝင်တဲ့ နောက်ထပ်အရေးကြီး အာဟာရဓာတ်တစ်မျိုးကတော့ Vitamin B12 ဖြစ်ပါတယ်။

ဒီအာဟာရဓာတ်က ကလေးရဲ့ရောဂါခုခံအားစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ထို့ကြောင့် သင့်ကလေးအနေနဲ့ စာမေးပွဲကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ဖြေနိုင်ဖို့ အာဟာရဓာတ် လုံလုံလောက်လောက်ရရှိဖို့ဆိုရင် မိဘတွေကလည်း ဒီလို ဖြည့်စွက် အာဟာရတွေကို သိထားရမှာ ဖြစ်ပါတယ်။

သင့်ကလေးက တစ်ခြားကလေးတွေလို ထူးထူးချွန်ချွန်ဖြစ်အောင် မလုပ်နိုင်ပေမယ့်လည်း သူအတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုတာ အသိအမှတ်ပြုပေးပါ။

စာမေးပွဲတိုင်းဟာ ဘ၀ကို အောင်နိုင်ဖို့ဖြေခြင်းမဟုတ်ဘဲ သူ့အရွယ်နဲ့လိုက်ဖက်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံး လုပ်ခြင်းဖြစ်ကြောင်း အသိအမှတ်ပြု အားပေးဖို့ပဲဖြစ်ပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Credit: shwemom

Read times Last modified on Saturday, 28 December 2019 11:14
Rate this articles
(1 Vote)