×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 14 February 2017

ကျောင်းသားများအတွက် မှတ်ဥာဏ်ကောင်းပြီး ကျန်းမာခွန်အားဖြစ်စေမယ့် အစားအသောက်များ

ကျောင်းသားများအတွက် မှတ်ဥာဏ်ကောင်းပြီး ကျန်းမာခွန်အားဖြစ်စေမယ့် အစားအသောက်များ Google.com

ကျောင်းသားများဟာ စာမေးပွဲနားနီးမှ ခေါင်းကိုက်၊ ဗိုက်အောင့်၊ ဖျားနာခြင်း တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်တာမျိုး ရှိတတ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူများအတွက် ဥာဏ်ကောင်းပြီး ကျန်းမာခွန်အားဖြစ်စေတဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ Vitamin B နဲ့ Vitamin C ကြွယ်ဝစွာ ပါဝင်ပြီးတော့ ပရိုတင်းဓာတ်အများဆုံး အသီးဖြစ်တဲ့ အတွက် မှတ်ဥာဏ်ရော၊ အာရုံစူးစိုက်နိုင်စွမ်းကိုပါ တိုးတက်စေပါတယ်။

ကြက်ပေါင်းရည်

ကြက်ပေါင်းရည်ဟာ ဦးနှောက်မှတ်ဥာဏ်အတွက် အားပေးပြီး အစာချေဖျက်အားကို ကောင်းစေပြီး

အစားအသောက်ဓာတ်မတည့်တာတွေလည်း ပျောက်ကင်းစေပြီး အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းစေပါတယ်။

ကြက်ဥ၊ ဘဲဥအနှစ်

ကြက်ဥ၊ ဘဲဥအနှစ်မှာ Choline ဓာတ် အများကြီးပါဝင်လို့ မှတ်ဥာဏ်ကို အားပေးပြီး ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းကိုလည်း ထုတ်ပေးတယ်။

Broccoli

Broccoli (ပန်းဂေါ်ဖီစိမ်း) မှာ Vitamin K နဲ့ Choline တို့ ပါဝင်လို့ ဥာဏ်ရည်ထက်မြက်စေပါတယ်။

Salmon

Salmon မှာ omega-3 fatty acids ပါဝင်ပြီး ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်စေပြီး မှတ်ဥာဏ်စွမ်းအား တိုးတက်စေပါတယ်။

Dark Chocolate

Dark Chocolate က ဦးနှောက်ထဲ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အားပေးလို့ ဥာဏ်ကောင်းစေပါတယ်။

Beet Root

Beet Root ဟာ ကင်ဆာကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပြီး ဦးနှောက်ထဲ သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်လို့ ခွန်အားကိုရော၊ စွမ်းဆောင်ရည်ကိုပါ အားပေးပါတယ်။

တရုတ်နံနံ

တရုတ်နံနံဟာ Antioxidants များစွာ ပါဝင်ပြီးတော့ ကယ်လိုရီတော့ အတော်နည်းတဲ့ အစားအစာ တစ်ခုပါ။

အဆစ်အမြစ်နာကျင်မှုတွေကို သက်သာစေပြီး Vitamin တွေ အများကြီး ပါဝင်လို့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Credit: akhayar

Read times Last modified on Friday, 27 December 2019 15:45
Rate this articles
(1 Vote)