×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 31 March 2017

မှတ်ဥာဏ်ကောင်းလာအောင် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အချက်များ

မှတ်ဥာဏ်ကောင်းလာအောင် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အချက်များ Google.com

၁. စိတ်ပိုင်းဆိုင်ရာ အမြဲတမ်း တက်ကြွအောင် ကြိုးစားပါ။

သင့်ရဲ့ဦးနှောက်ဟာ သင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆိုတာ မမေ့ပါနဲ့။ အမြဲတမ်း တိုးတက်လှုပ် ရှားနေဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် သတင်းစာဖတ်ခြင်း၊ ဥာဏ်စမ်းဂိမ်းတွေကစားခြင်း အစရှိတဲ့ ဦးနှောက်အသုံးချပြီး လုပ်ဆောင်ရတဲ့ အလုပ်မျိုးတွေကို ရွေးချယ်ပြီး စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေကို ရယူနိုင်ပါတယ်။

၂. အာရုံစိုက်နိုင်အောင် ကြိုးစားပါ။

သင့်အနေနဲ့ အလုပ်အများကြီးကို တစ်ပြိုင်တည်းပြုလုပ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ လိုအပ်တဲ့ အချက်တွေကို မှတ်မိနိုင်အောင် ကြိုးစားပါ။

၃. ဝါသနာပါတဲ့ အလုပ်အကြောင်းကို အဖော်တွေနဲ့ ဆွေးနွေးပါ။

ကိုယ်ဝါသနာပါ၊ စိတ်ဝင်စားတဲ့ကိစ္စ၊ လုပ်ငန်းတွေအကြောင်း အဖော်တွေနဲ့ စကားဖောင်ဖွဲ့တာဟာ ဖိအားတွေ ပင်ပန်းတာတွေ လျော့ကျစေနိုင်ပါတယ်။

သင့်ရဲ့မှတ်ဥာဏ်မကောင်းတဲ့ အကျင့်တွေကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် သင့်ကို ညစာစားပွဲ၊ ပါတီပွဲစတဲ့ လူအများနဲ့ ပျော်ပါးတဲ့နေရာတွေကို သွားပါ။ ပြီးတော့ ဝါသနာချင်းတူတဲ့ သူငယ်ချင်းတွေနဲ့ စကားဖောင်ဖွဲ့ပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၎. သင့်ကိုသင် စီမံပါ။

သင်ပြုလုပ်ရမယ့် တာဝန်တွေများလာတယ် ဆိုရင်တော့ ပြက္ခဒိန်မှာ အတိအကျ အချိန်နဲ့ လုပ်ရမယ့် အရာတွေကို မှတ်သားထားပါ။ အဲလိုလုပ်ခြင်းကနေ သင်မေ့လျော့သွားနိုင်တဲ့ အခြေအနေကို ထိန်း ချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

၅. နေ့တိုင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပါ။

ပုံမှန် နေ့စဉ် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်နှုန်း ကောင်းမွန်စေသလို သင့်ဦးနှောက်လည်းပဲ အကျိုးသက်ရောက်စေပြီး မှတ်ညဏ်ပိုမို ထက်မြတ်စေပါတယ်။

၆. ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ။

ကျန်းမာစွာ နေထိုင်ခြင်းဟာလည်းပဲ မှတ်ညဏ်ကောင်းလာစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအသောက်တွေ ဥပမာ- ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ အဆီနည်းတဲ့ အသားငါး တွေကို ပိုပြီး သုံးဆောင်သင့်ပါတယ်။

၇. ရောဂါဝေဒနာများကို ဂရုစိုက်ပါ။

ကိုယ့်ရဲ့ခံစားနေရတဲ့ ဝေဒနာရောဂါတွေကို ဆရာဝန်နဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးတိုင်ပင် သင့်ပါတယ်။ လူတွေဟာ ကျန်းမာရေးကောင်းမှပဲ ဖိအားတွေ လျော့နည်းလာမယ် ပြီးတော့ မှတ်ညဏ်တွေလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: lwanmapyay

Read times Last modified on Saturday, 28 December 2019 11:35
Rate this articles
(5 votes)