×

Warning

JUser: :_load: Unable to load user with ID: 723


Success

Wednesday, 05 April 2017

ဘ၀မှာ အောင်မြင်သူတို့ရဲ့ အလေ့အကျင့် (၇) မျိုး

ဘ၀မှာ အောင်မြင်သူတို့ရဲ့ အလေ့အကျင့် (၇) မျိုး Google.com

ဘ၀အတွက် အောင်မြင်ချင်တယ်ဆိုရင်တော့ အမူအကျင့်(၇)မျိုးကို ပိုင်ပိုင်နိုင်နိုင် လေ့ကျင့်နိုင်တာနဲ့ အောင်မြင်မှုကို အလွယ်တကူ ရရှိမှာဖြစ်ပါတယ်။

၁. အချိန်ကို စီမံခန့်ခွဲခြင်း

လူတစ်ယောက်ဘ၀မှာ အခက်ခဲဆုံးအလုပ်က အချိန်ကို စီမံခန့်ခွဲခြင်းပဲ ဖြစ်ပါတယ်။ အချိန်ကို နိုင်နင်းအောင် စီမံခန့်ခွဲခြင်း မပြုနိုင်သေးရွေ့တော့ အောင်မြင်သင့်သလောက် အောင်မြင်မှု မရနိုင်သေးပါဘူး။

ငါ ဘယ်အတွက် အချိန်တွေ ဖြုန်းမိနေသလဲ၊ ဘယ်အတွက် အချိန်တွေ ရင်းနီးရမလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သူတွေဟာ အောင်မြင်ဖို့ သေချာနေသူတွေ ဖြစ်ပါတယ်။

၂. မျှဝေခံစားမှု အနုပညာ

လူ့လောကကြီးထဲမှာ နေထိုင်ရှင်သန်နေရတာမို့ မိမိရဲ့ အတ္တတွေချည်း သူများတွေက စာနာ နားလည် သဘောပေါက်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒါဟာ နည်းလမ်းမမှန်သေးဘူးဆိုတာကို သိထားလိုက်ပါ။ တကယ်ဆိုရင် အားလုံးရဲ့ လိုအင်ဆန္ဒနဲ့ ခံစားချက်တွေကို နားလည်သဘောပေါက်တဲ့ အကင်းပါးတဲ့ အသိဉာဏ်ရှိမှသာ ပတ်ဝန်းကျင်တစ်ခုမှာ ၀င်ဆန့်ပါလိမ့်မယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ဆောင်ရန်ရှောင်ရန် အမူအကျင့်များ

လူ့လောကကြီးမှာ ဆောင်ရန်ရှောင်ရန် ကျင့်ဝတ်တွေ နိတိတွေ ရှိပါတယ်။ တစ်ချို့ ကျင့်ဝတ်တွေ နိတိတွေဟာ စာအုပ်ထဲက ပြဋ္ဌာန်းထားခြင်းကြောင့် မဟုတ်ဘဲ မိမိဘာသာ အလိုက်တသိ ပြုမူဆောင်ရွက်ရတာတွေလည်း ရှိပါတယ်။

၎. အကူအညီကို တောင်းသင့်မှတောင်းပါ။

အကူအညီတစ်ခု တောင်းတော့မယ်ဆိုရင် ကိုယ်တိုင်တကယ်မလုပ်နိုင်ဘူးဆိုတာ သေချာသလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးဖို့ လိုပါတယ်။

လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ သူများ အကူအညီတောင်းလိုက်တော့ ကိုယ်သက်သာတာပေါ့ဆိုတဲ့ သဘောထားမျိုးကို ဖယ်ရှားရပါ့မယ်။ အောင်မြင်ချင်ရင် ကိုယ့်အား ကိုယ်ကိုးဖို့ လိုအပ်ပါတယ်။

၅. စိတ်ရင်းနဲ့ကူညီပါ။

တစ်စုံတစ်ယောက်က အခက်အခဲတစ်ခုအတွက် အကူအညီတောင်းလာတဲ့ အခါမျိုးမှာ ကိုယ်က ကူညီနိုင်တယ်ဆိုရင် စိတ်ရင်းနဲ့ ကူညီလိုက်ပါ။

ကိုယ်က မကူညီနိုင်ပေမယ့် တစ်ခြားတစ်ယောက်က ကူညီနိုင်တယ်ဆိုရင်လည်း စေတနာပါပါနဲ့ တစ်ဆင့် အကူအညီတောင်းပေးပါ။

၆. ပစ္စပ္ပန်တည့်တည့်မှာ နေထိုင်ခြင်း

သူများထက် ထူးချွန်အောင်မြင်သူတွေအများစုဟာ လွန်ခဲ့တဲ့အတိတ်ကိုလည်း ပြန်လည်တမ်းတ ပူဆွေးနေတာမျိုး မရှိသလို၊ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်နေတာမျိုး မရှိပါဘူး။

ပစ္စုပ္ပန်တည့်တည့်မှာ ဘယ်လို ပိုကောင်းအောင် လုပ်ဆောင်နေထိုင်ရမလဲဆိုတာကိုပဲ လက်တွေ့ကျကျ စဉ်းစားပါတယ်။

၇. အဆိုးမြင်ဝါဒကို စွန့်လွှတ်ခြင်း

လူတစ်ယောက်ရဲ့ ဘ၀မှာ အောင်မြင်မှုကို ပိတ်ပင်ထားတဲ့အရာကတော့ အဆိုးမြင်ဝါဒပါဘဲ။ အဆိုးမြင်ဝါဒဟာ အမှန်တရားတွေကို ပိတ်ပင်တားဆီးထားတဲ့ အရာဖြစ်ပြီး အမှန်တရားကို လက်မခံသူတွေဟာ ဘယ်တုန်းက ကြီးကျယ်တဲ့ အောင်မြင်မှုကို ရမှာ မဟုတ်ပါဘူး။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:36
Rate this articles
(8 votes)