×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 05 April 2017

ဥာဏ်ကောင်းသူများဟာ အချစ်ရေးမှာ ခက်ခဲတဲ့ အကြောင်းအရင်း (၄) ချက်

ဥာဏ်ကောင်းသူများဟာ အချစ်ရေးမှာ ခက်ခဲတဲ့ အကြောင်းအရင်း (၄) ချက် Google.com

၁. လွတ်လပ်မှုကို တန်ဖိုးထားတယ်။

ဉာဏ်ကောင်းတဲ့သူတွေဟာ လွတ်လပ်မှုကို အရမ်းမြတ်နိုးကြပါတယ်။ မလွတ်တဲ့ ပတ်ဝန်းကျင်ကနေ ရအောင် ရုန်းထွက်ကြပါတယ်။ ကိုယ့်မှာရှိနေတဲ့ လွတ်လပ်မှုကိုလည်း တန်းဖိုးထား ထိန်းသိမ်းတတ်ပြီး၊ အဲဒီ လွတ်လပ်မှုကို ဖျက်စီးမယ့် မည်သူ့ကိုမဆို လက်မခံပါဘူး။ ဒါက အချစ်ရေးမှာ နှောင့်နှေးရခြင်းရဲ့ အကြောင်းတစ်ချက် ဖြစ်ပါတယ်။

၂. အချစ်အတွက် ဘယ်တော့မှ အလျှင်စလိုမဖြစ်ဘူး။

ဉာဏ်ကောင်းသူတွေဟာ အချစ်ကို ဘယ်တော့မှာ အလျှင်စလို မရှာဖွေပါဘူး။ နောက်ပြီး သူတို့
လွတ်လပ်မှု မူဘောင်ကနေ ကျော်ပြီး၊ ပြင်ပမှာ ရှိနေတဲ့ အချစ်မျိုးဆိုရင်လည်း ပိုပြီးတော့ မစဉ်းစားပါဘူး။ ဉာဏ်အလွန်ကောင်းလွန်တဲ့ သူတွေဟာ အချစ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုထဲမှာ ထည့်မထားတဲ့ သူမျိုးတွေတောင် ရှိတတ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ထပ်ခါထပ်ခါ တွေးတောဆင်ခြင်ခြင်းကို ရပ်တန့်မထားဘူး။

အချစ်ကို သူတို့တွေ့ပြီဆိုတာနဲ့ သူတို့မှာ တွက်ချက်မှုတွေ စပါပြီ၊ အပေးအယူဆန်တဲ့ တွက်ချက်မှုတွေဆိုပေမယ့် များသောအားဖြင့်တော့ သူတို့အတွက် ပိုပိုသာသာ စဉ်းစားကြပါတယ်။ ဒီလူကို ချစ်လိုက်ရင် သူတန်ဖိုးထားတဲ့ လွတ်လပ်မှုပျောက်သွားမလား၊ ကိုယ့်ဆီက ဘာတွေ ဖဲ့ပေးလိုက်ရမလဲ၊ ကိုယ်မလိုချင်တဲ့ ဘယ်လိုအရာတွေ သူက ပေးလာနိုင်သလဲ ဆိုတာတွေကို စဉ်းစားလေ အချစ်ကို လက်ခံဖို့ ခက်ခဲလေ ဖြစ်သွားပါတော့တယ်။

၎. သတိ အမြဲကပ်တယ်

ပညာဉာဏ်ကောင်းသူတွေဟာ သတိကို တတ်နိုင်သမျှ မပျက်စေရပါဘူး။ လက်လွတ်စပယ်
ဆောင်ရွက်တဲ့ ကိစ္စရပ်ကို များသောအားဖြင့် ရှောင်ပါတယ်။ အချစ်ကို သူတို့တစ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ထည့်မထားပေမယ့် အသုံးမချတတ်ရင် အရေးကြီးတဲ့ အရာတွေအားလုံးကို ပြန်ယူသွားနိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ဒါကလည်း ပညာဉာဏ် အလွန်ကောင်းသူတွေရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:33
Rate this articles
(3 votes)