×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 05 April 2017

ယခင်ကထက် သင့်မှတ်ဥာဏ်တော်ချင်တယ်ဆိုရင် ဒီအချက် (၇) ချက် ပြုလုပ်ကြည့်ပါ

ယခင်ကထက် သင့်မှတ်ဥာဏ်တော်ချင်တယ်ဆိုရင် ဒီအချက် (၇) ချက် ပြုလုပ်ကြည့်ပါ Google.com

၁. ဘယ်စာတွေ့တွေ့ ဖတ်ပါ။

စာဖတ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ့်ဘဝကို ပိုကျေနပ်နှစ်သိမ့်စေနိုင်ပြီး ဥာဏ်ရည်ဥာဏ်သွေးကိုလည်း တဖြည်းဖြည်း မြင့်တက်စေပါတယ်။

ဥာဏ်ရည်ဆိုတာဟာ ပြဿနာဖြေရှင်းနိုင်စွမ်းစတဲ့ အိုင်ကျူအပြင် လူတစ်ယောက်ကို စာနာနားလည်နိုင်တဲ့ အီးကျူပါ မြင့်တက်စေတာပါ။

၂. ဂီတတူရိယာတစ်ခုကို တီးပါ။

တူရိယာကို ဂီတသံဖြစ်အောင် တီးခတ်တဲ့အခါ တီထွင်နိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းနဲ့ တခြားအရာတွေကို တိုးတက်စေပါ။ တူရိယာတီးခတ်သူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ဦးနှောက် မပျက်စီးဘူးလို့ ဆိုပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း လုပ်တစ်လှည့်၊ မလုပ်တစ်လှည့် လုပ်တာဟာ ဦးနှောက်အတွက် ဘာမှမထူးပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်၊ နားထားလိုက်ထက် မှန်မှန်လေး လေ့ကျင့်ခန်းလုပ်တာဟာ BDNF ခေါ်တဲ့ ပရိုတိန်းတစ်ခုကို ထွက်လာစေပြီး မှတ်ဥာဏ်၊ လေ့လာသင်ယူမှု၊ စူးစိုက်မှုနဲ့ နားလည်မှုတို့ကို တိုးတက်စေပါတယ်။

၎. ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ။

ဘာသာစကားအသစ်တစ်ခုကို လေ့လာတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ခပ်မြန်မြန်မြင့်တက်စေပါတယ်။ ပိုတော်တဲ့သူတွေဟာ ဘာသာစကားတစ်မျိုးထက် ပိုပြောတတ်တာကို ကြည့်ရင် လက်ခံနိုင်မှာပါ။

၅. တတ်မြောက်ထားတဲ့ ပညာကို စစ်ဆေးပါ။

ကိုယ်သိထားတဲ့အသိပညာတစ်ခုကို လက်တွေ့လုပ်ငန်းမှာ အသုံးချရင်တော့ အရင်ထက် ပိုပြီး ကျွမ်းကျင်လာတယ်။ အခက်အခဲတွေ့လာတဲ့အခါမှာလည်း ကိုယ်သိထားတဲ့နယ်ပယ်က ဖြစ်လို့ စိတ်ပါလက်ပါ ဖြေရှင်းချင်စိတ်ရှိတယ်။

၆. ဦးနှောက်ကို အလုပ်ပေးပါ။

ဆူဒိုခုတွေ၊ ပဟေဠိတွေ၊ စကားထာတွေက ဦးနှောက်ကို ဖြန့်ကျက်စဉ်းစားအောင် အလုပ်ပေးပါတယ်။ နာ့ဗ်ဆဲလ်တွေက နည်းသစ်တွေနဲ့ တုံ့ပြန်တဲ့အခါ အရင်ကြည့်နေကျ အမြင်၊ တွေးနေကျအတွေးနဲ့ မတူတာတွေကို တွေးခေါ်ကြည့်မြင်ရပါတယ်။

၇. တရားထိုင်ပါ။

တရားထိုင်ခြင်းဟာ စိတ်ရဲ့ငြိမ်သက်ခြင်းကို ဖြစ်စေပြီး အတွေးတွေနဲ့ ယောက်ယက်ခတ်မနေဘဲ တည်ငြိမ်အေးဆေးနေတဲ့အခါ မှတ်လိုရာကို ပြတ်ပြတ်ထင်ထင် မှတ်မိတယ်။

အဆင့်အတန်းမြင့်တဲ့၊ အောင်မြင်တဲ့၊ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဦးနှောက်ထက်မြက်ဖို့က အဓိကကျပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: lwin pyin

Read times Last modified on Saturday, 28 December 2019 11:38
Rate this articles
(10 votes)