×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 06 April 2017

ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ

ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ Google.com

ကမ္ဘာပေါ်တွင် သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပြီး ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့် အထက်မှာ ရှိကြပါတယ်။

ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ ရှေ့ဆောင်လုပ်ပြခဲ့တဲ့ ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချ မယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီး သြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။

၁. ရည်မှန်းချက်ကို အလေးနက်ထားပါ။

ဘ၀အတွက် အမြင့်ဆုံးသော ရည်မှန်းချက်ကို ထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပြီး ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့ သူတစ်ဦးဖြစ်အောင် ကြိုးစားပါ။

၂. စာများများဖတ်ပါ။

တစ်ရက်မှာ စာဖတ်ခြင်းကို ၁၅မိနစ်ဖတ်မယ်ဆိုရင် တစ်နှစ်မှာ စာလုံးပေါင်း တစ်သန်းကျော်ဖတ်ရှုသူတစ်ဦး ဖြစ်လာမှာပါ။ စာဖတ်ခြင်းဟာ စိတ်ကိုတည်ငြိမ်စေပြီး မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. သိလို၊ လေ့လာလိုစိတ်ရှိပါ။

ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများ စွာရှိပြီး၊ ပတ်ဝန်းကျင်ရှိ အရာများကို လေးလေးနက်နက် တွေးခေါ်သူများ ဖြစ်သလို၊ အကောင်းဆုံးသော အရာဟာ ဘာလဲဆိုတာ ကောက်ချက်ချနိုင်သူများလည်း ဖြစ်ကြပါတယ်။

၎. မဆုတ်မနစ်ကြိုးစားပါ။

အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင် မီးသီးတစ်လုံး ထွန်းလင်းတောက်ပဖို့အတွက် ထောင်ပေါင်းများစွာသော မီးသီးများစွာကို စမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တာပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: kyonwan (ဗဟုသုတနှင့် နည်းပညာများ စုစည်းမှု)


Read times Last modified on Saturday, 28 December 2019 11:39
Rate this articles
(6 votes)