×

Warning

JUser: :_load: Unable to load user with ID: 723


Success

Tuesday, 09 May 2017

အောင်မြင်ကျော်ကြားသူတို့ရဲ့ လျှို့ဝှက်ချက် (၅) မျိုး

အောင်မြင်ကျော်ကြားသူတို့ရဲ့ လျှို့ဝှက်ချက် (၅) မျိုး Google.com

၁. ပြဿနာတိုင်းကို မတူညီတဲ့ လမ်းကြောင်းအမျိုးမျိုးသုံးပြီး စဉ်းစားတယ်။

ပြဿနာတစ်ရပ် ဖြစ်ပြီဆိုတာနဲ့ အဖြေအများကြီးကို ရှုထောင့်အမျိုးမျိုးကနေ ၀င်ပြီး စဉ်းစားပါ
တယ်။ အိပ်စက်ချိန်မှာတောင် ဦးနှောက်ကို အနားမပေးဘဲ စဉ်းစားတွက်ချက်မှုတွေ လုပ်ပါတယ်။

အောင်မြင်ကျော်ကြားသူတို့ဟာ သာမာန်လူတွေထက် အိပ်ချိန်လည်း နည်းပါးလွန်းပါတယ်။ သောမတ်အက်ဒီဆင်ဟာ တစ်ရက်ကို သုံးနာရီသာ အိပ်ချိန်ရှိတယ်လို့ ဆိုပါတယ်။

၂. အမြဲတမ်း အကောင်းမြင်တယ်။

အဆိုးမြင်တတ်တဲ့သူနဲ့ အကောင်းမြင်တတ်သူတွေရဲ့ ကွာခြားချက်ကတော့ အဆိုးမြင်သူတွေဟာ
အရာရာကို အပြုသဘောမတွေးနိုင်တဲ့အတွက် ဖိအား ပိုများပြီး ဒေါသလည်း ပိုကြီးတတ်ပါတယ်။

အကောင်းမြင်သူတွေအတွက်ကတော့ အရာရာ စိတ်ချမ်းသာစရာတွေ ရှိပြီး လွတ်လပ်စွာ တွေး
ခေါ်နိုင်ကြပြီး စိတ်ရှည်လက်ရှည် ရှိပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. သူတို့ကိုယ် သူတို့ ယုံကြည်ချက် အပြည့်ရှိတယ်။

အောင်မြင်သူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်တတ်ကြပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကို ကိုယ်က လေးစားနိုင်မှာ ဖြစ်ပြီး အရာရာအတွက် ရင်ဆိုင်ဖို့ သတ္တိတွေ၊ ရဲရင့်မှုတွေ ဉာဏ်ပညာတွေ ရမှာဖြစ်ပါတယ်။

၎. ဝေဖန်မှုတွေကို လက်ခံတယ်။

ဝေဖန်မှုတိုင်းဟာ သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတာဖြစ်လို့ သူတို့ကို ဝေဖန်ရင် ပျော်နေ
တတ်တဲ့ သဘာဝ အောင်မြင်သူတိုင်းမှာ ရှိပါတယ်။ ဝေဖန်ခံရတာ ကြောက်တဲ့သူဟာ အောင်မြင်
မှုကို ကြောက်တဲ့သူလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

၅. အောင်မြင်ရမယ်လို့ စိတ်မှာ စွဲမြဲစွာ မှတ်ယူထားတယ်။

အောင်မြင်သူတိုင်းဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်ကို အောင်မြင်ရမယ်လို့ စိတ်ထဲမှာ
စွဲစွဲမြဲမြဲ မှတ်ယူထားတတ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:42
Rate this articles
(3 votes)