Sayar About Us

Sayar.com.mm

sayar.com.mm ၀က်ဆိုဒ်သည်မြန်မာနိုင်ငံ၏ပထမဆုံးအခမဲ့အသုံးပြုနိုင်သည့် အွန်လိုင်းတွင်ဆရာရှာဖွေသော ၀က်ဆိုဒ်တစ်ခုဖြစ်ပါသည်။

MMRD Publications Services မှ တည်ထောင်သည့် ၀က်ဆိုဒ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် လွှင့်တင် launch လုပ်မည်ဖြစ်ပါသည်။ ဤ ၀က်ဆိုဒ်တွင် သင်ယူလိုသည့်သူအများအနေဖြင့်ဂီတ၊ဘာသာစကား၊ ကွန်ပျူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းများ၊ အနုပညာ စသည့်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသည့် ဆရာများကို ရှာဖွေနိုင်ပါသည်။

ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ၏ ဖုန်းနံပါတ်များ၊ အီးမေးလ် လိပ်စာများ၊ သူသင်ကြားပေးသည့် ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေ အမျိုးမျိုးတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ လက်ရှိတွင်ဆရာ ၄၀၀ ကျော်ကို ၀က်ဆိုဒ်တွင် ဖော်ပြလျှက်ရှိပြီး ထိုဆရာများမှ ဘာသာရပ်ပေါင်း ၅၅ခု ကို သင်ကြားပို့ချလျှက်ရှိပါသည်။

MMRD သည် ၁၉၉၂ ခုနှစ်မှစ၍ မြန်မာပြည်၏ စီးပွားရေးဆက်သွယ်မှုများကိုဝန်ဆောင်မှုပေးခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ MMRD Publications Division သည် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်တို့ကိုထုတ်ဝေဖြန့်ချိလျက်ရှိသော MMRD လက်အောက်မှ အဖွဲ့တစ်ခုဖြစ်သည်။ အသေးစိတ်သတင်းအစုံအလင်ပါရှိခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးလမ်းညွှန်တို့မှာဈေးကွက်တွင်းရှိ သုံးစွဲသူများနှင့် ကြော်ငြာရှင်များကြားတွင်  ဂုဏ်သတင်းပျံ့နှံ့လျက် အခိုင်အမာ နေရာရရှိထားလေသည်။

MMRD မှ ထုတ်လုပ်သော  တခြားထုတ်လုပ်များနှင့် ၀န်ဆောင်မှုများကို www.mmrdrs.com တွင် တွေ့ရှိနိုင်ပါသည်။