×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Saturday, 22 December 2018

ကမ္ဘာ့အကြီးဆုံးစာအုပ်ပွဲတော် ရန်ကုန်တွင် ပထမဆုံး ကျင်းပမည်

စာအုပ်ပေါင်း တစ်သန်းကျော်ပါဝင်မည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ပွဲတော်ကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း Big Bad Wolf Book Sale ထံမှ သိရသည်။

အဆိုပါပွဲတော်ကို လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၁၁ တိုင် Myanmar Event Park (MEP) တွင် ပြုလုပ်သွားမည်ဖြစ်သည်။

စာအုပ်ဈေးရောင်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်နိုင်ပြီး ဂန္ထဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထု၊ သုတရသစာပေများ၊ ဟာသသရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ခြင်း ဆိုင်ရာစာအုပ်များ၊ ကလေးသူယ်များအတွက် စိတ်ဝင်စားဖွယ်ရာ ဆေးရောင်ချယ်စာအပ်များ၊ သင်ထောက်ကူစာအုပ်များ၊ ရုပ်ပြစာအုပ်များ စသည့် အသစ်စက်စက် အင်္ဂလိပ်စာအုပ်ပေါင်း တစ်သန်းကျော်ကို ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ချကာ ၂၄ နာရီ ရောင်းချသွားမည်ဖြစ်သည်ဟု Big Bad Wolf Book Sale တည်တောင်သူ Mr. Andrew Yap က ဆိုသည်။

ယခု အစီအစဉ်သည် မြန်မာတို့၏ စာဖတ်စွမ်းရည်ကို မြှင့်တင်လိုခြင်းလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အကြိုစာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့တွင် ရန်ကုန်မြို့၊ Shangri-la Hotel တွင် ပြုလုပ်သည်။

"မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့နေရပြီး လူနေမှုအဆင့်အတန်း ပြောင်းလဲလာမှုနဲ့အတူ အင်္ဂလိပ်စာကို လေ့လာ လိုက်စားပြီး အင်္ဂလိပ်ဘာသာ စာအုပ်စာပေများကို ဖတ်ရှုလေ့လာလိုသူများ အလွန်များပြားလာနေပါတယ်” ဟု အဆိုပါပွဲဖြစ်မြောက်ရေးအတွက် စီစဉ်လျက်ရှိသူ Read 2 Read Myanmar ၏ ဒါရိုက်တာ ဦးမျိုးအောင်က ဆိုသည်။

Big Bad Wolf Book Sale ကို ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး မလေးရှားနိုင်ငံတွင် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သလို အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်ဝမ်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့တွင် နှစ်စဉ် စာအုပ်ပွဲတော်များကို ကျင်းပလျက်ရှိသည်။

source: thevoice

Read times Last modified on Thursday, 30 January 2020 14:21
Rate this articles
(1 Vote)