လူငယ်တွေဆီက ဘာစာအုပ်ဖတ်ရမလဲဆိုတဲ့ မေးခွန်းကို အကြိမ် ကြိမ် အမေးခံနေရပါတယ်။
ကျွန်တော့်အနေနဲ့ ဘာစာအုပ်ဖတ်သင့်တယ်လို့ မညွှန်းခဲ့ပါဘူး။ မညွှန်းရတဲ့ အကြောင်းက ပြည်ပမှာ အနေကြာလို့ မြန်မာပြည်က စာအုပ် တွေနဲ့ အထိအတွေ့နည်းတာရယ်၊ မေးသူရဲ့ ပညာအရည်အချင်း၊ စာဖတ် ၊ သက် ဘယ်လောက်ရှိပြီကို မသိဘဲ ရမ်းသန်းပြီး မဖြေချင်လို့ပါ။
နောက်တစ်ခုက သူ ဘာကြောင့် စာဖတ်ချင်တယ်ဆိုတာကို သိမှ လို့ကောင်းပါတယ်။
ခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်မှုပညာနဲ့ တသက်တဲ့စာအုပ်၊ စတော့ရှယ်ယာအကြောင်း သိချင်ရင် အဲဒါနဲ့ ပတ် မက်တဲ့ စာအုပ် စသဖြင့် ညွှန်းလို့ရပါတယ်။
အခု ကြီးပွားချမ်းသာချင်လို့ ဘာစာအုပ်တွေ ဖတ်ရမလဲလို့ မေးလာသူတွေအတွက် အမေရိကန်နိုင်ငံက မီလျံနာသူဌေးတွေ အများဆုံးဖတ်ကြ တဲ့ စာအုပ်အမျိုးအစားတွေကို ရေးပြပေးလိုက်ပါတယ်။
- Carrier related books (မိမိလုပ်ငန်းနဲ့ သက်ဆိုင်သော စာအုပ်များ)
- How-to books (ဘယ်လိုလုပ်ရမလဲဆိုတဲ့ စာအုပ်များ ဥပမာ - ဟင်းချက်နည်း၊ ကားပြင်နည်း စတာမျိုးပါ)
- History books (သမိုင်းစာအုပ်များ)
"အားလပ်ချိန်မှာ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ"
- Biographies of successful people (အောင်မြင်သူတွေ အကြောင်း ရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်များ)
- self-help books (ကိုယ်ရည်ကိုယ်သွေးမြင့်မားတိုးတက်ရေး စာအုပ်များ မြန်မာအခေါ် တက်ကျမ်းမျိုးပေါ့)
- Health-related books (ကျန်းမာရေးဆိုင်ရာစာအုပ်များ)
- Current events books (လတ်တလောအဖြစ်အပျက်တွေ အကြောင်း ရေးထားတဲ့စာအုပ်များ)
- Books on memory improvement and learning (မှတ်ဉာဏ်ထက်သန်စေဖို့ လေ့ကျင့်ရေးစာအုပ်များ)
- Psychology books (စိတ်ပညာဆိုင်ရာစာအုပ်များ)
- Leadership bools (ခေါင်းဆောင်မှုပညာစာအုပ်များ)
- Science books (သိပ္ပံဆိုင်ရာစာအုပ်များ)
- New age books that offer inspiration and create a positive mental outlook (Sesoonkopecord အကောင်းမြင်ဝါဒဆိုင်ရာ ခေတ်သစ်စာအုပ်များ)
တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ စာအုပ်ကို ဖတ်ဖြစ် အောင် ဖတ်ပါ။
အဲဒါကို မပျက်မကွက် လုပ်လို့ရှိရင် သင်ဟာ နှစ်အနည်းငယ်အကြာမှာ သင့်ပတ်ဝန်းကျင်က လူတွေထက် ခေါင်းတစ်လုံးသောလာပါ လိမ့်မယ်။
ဘာလို့လဲဆိုတော့ သူတို့ဟာ စာဖတ်သူတွေ မဟုတ်ကြလို့ပါ။ နောက်ပြီး သင်ဟာ ထိပ်ဆုံးကလူ ၅ ရာခိုင်နှုန်းထဲက တစ်ယောက်ဖြစ်လာပါလိမ့်မယ်။
#သင်အခုဖတ်နေတဲ့ စာအုပ်တွေထဲမှာ အဲဒီထဲက ဘယ်နှမျိုးပါနေပါသလဲ?
"တစ်နေ့တာသင်ယူမိသမျှ မှတ်မိနေဖို့ ဘယ်လိုလုပ်ကြမလဲ"
ဗန်းမော်သိန်းဖေ (မျှဝေလိုသော အတွေးများ-၂)