×
Warning
JUser: :_load: Unable to load user with ID: 81428
Book Review
Thursday, 19 March 2020
ဘာကြောင့်စာများများဖတ်သင့်သလဲ
ဘာကြောင့်စာများများဖတ်သင့်သလဲ google
စာဖတ်တာဟာကောင်းတယ်လို့ ပြောနေပေမဲ့ စာမဖတ်တဲ့ သူတွေ အများကြီးရှိနေပါတယ်။
သင်ဟာ စာဖတ်ခြင်းကို မနှစ်သက်လျှင်ဘယ်တော့မှ ညဏ်ပညာ ရှိလာနိုင်မည်မဟုတ်ပါ။ စာဖတ်ခြင်းဖြင့်ပြည့်ဝသောလူ ဖြစ်စေသည်။ မှတ်သားခြင်းဖြင့် တိကျသောလူ ဖြစ်စေသည်။ တွေးစရာမလိုတဲ့ ပေါ့ပေါ့ပါးပါး စာအုပ်တွေချည်းပဲ ဖတ်နေရင် လေးနက်ကောင်းမွန်တဲ့ စာကိုဖတ်နိုင်တဲ့ အဆင့်ကိုမရောက်နိုင်ပါဘူး။
''ထင်းခြောက်သည် မီးစိုက်ဖို့အကောင်းဆုံး …
နှစ်ချို့ဝိုင္သည် သောက်ဖို့အကောင်းဆုံး …
ငယ်သူငယ်ချင်းများမှာ ယုံကြည်ဖို့အကောင်းဆုံး …
ရှေးစာဆိုတို့ရဲ့ စာဟာစာဖတ်ဖို့အကောင်းဆုံး'’ ...ဆိုတဲ့ဆိုရိုးစကားလေးရှိပါတယ်။
စာဖတ်သမားကောင်း ဖြစ်ချင်ရင်စာကောင်းပေကောင်းတွေကို သေချာပေါက်ရွေးချယ်ပြီး ဖတ်နိုင်ဖို့တော့လိုအပ်ပါတယ်။ ဂန္ထဝင် စာအုပ်တစ်အုပ်ကိုဖတ်ကြည့်လို့စိတ်မဝင်စားရင် အသာချထားပြီး စိတ်ပါတဲ့အချိန်ကျရင် ပြန်ဖတ်ကြည့်ပါ။ စာအုပ်ကောင်းတွေမှာတူညီတာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ စာဖတ်သူရဲ့စိတ်ထဲမှာ ဒီစာအုပ်ဟာ တစ်ကယ့်အဖြစ်အပျက်ကို ရေးထားတာလို့ ထင်စေမိတာပါပဲ။ ကိုလေ့လာလိုတဲ့ ကိုယ်အားသာတဲ့ စာပေအမျိုးအစား မျိုးကိုရှာဖတ်ပါ။
''စာဖတ်မထားလျှင် အသိအမြင်ဗဟုသုတမကြွယ်ဝနိုင် သလိုလူတောလဲတိုးနိုင်မည်မဟုတ်ပါ။ ညဏ်ရှိသူသည် သူတစ်ပါးအမှားမှ ပညာယူနိုင်ပြီး လူမိုက်တွေကတော့ ကိုယ်တိုင်အမှားလုပ် ပြီးမှပညာရတတ်ပါတယ်'’ ။
အမြင်ရှိဖို့တော့လိုအပ်ပါတယ်။ ဘယ်စာအုပ် ၊ ဘယ်နေရာ ဘယ်သူ့ဆီကမဆို မှတ်သားစရာနဲ့တွေးတောစရာတွေရနိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင်စာအုပ် တွေထဲမှာမှ မဟုတ်ပဲ online ပေါ်မှာလည်းဖတ်လိုရနိုင်ပါတယ်။
စာပေကျမ်းဂန်တွေကို နှံ့စပ်အောင် ဖတ်ထားတဲ့သူတွေဟာ တစ်ဖက်သတ်ကျလွန်းတဲ့အတွေးအခေါ်မျိုး လျော့ကျသွားပြီး အရာရာကိုစဉ်းစားဆင်ခြင် ညဏ်နဲ့ဆုံးဖြတ်တတ်လာပါမယ်။ ကိုယ်နှစ်သက်တဲ့စာအုပ်တွေကို စုဆောင်းပြီးဖတ်နေရတာဟာလဲ လူ့ဘဝရဲ့ အကောင်းဆုံးတွေမှာပါဝင်နေပါတယ်။ ဒါကြောင့် အသိညဏ်တိုးတက်စေရန် စာများများဖတ်သင့်ပါတယ်။ လူတိုင်းပညာဗဟုသုတ ရှိသင့်ပါတယ်။ယနေ့ခေတ်လူငယ်တော်တော်များက social media တွေ၊ online game တွေနဲ့အချိန်ကုန်တတ်ကြပါတယ်။ ဒါဟာမှန်ကန်တဲ့လုပ်ရပ်တွေမဟုတ်ပါဘူး။ ဒါကြောင့်အချိန်ရရင် ရသလိုစိတ်အပန်းဖြေဖို့ ၊ အသိတိုးဖို့ ၊ စိတ်ငြိမ်ချမ်းစေဖို့ စာဖတ်သင့်ပါတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ များလွန်းလို့ပြောလို့ကုန်နိုင်မှာ မဟုတ်ပါဘူး။
နှစ်ချို့ဝိုသည် သောက်ဖို့အကောင်းဆုံး …
 (Zaw Gyi)
sayar
နှစ်ချို့ဝိုင်သည် သောက်ဖို့အကောင်းဆုံး …
https://www.sayar.com.mm/
Read times Last modified on Thursday, 19 March 2020 16:10
Rate this articles
(1 Vote)