×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Friday, 22 May 2020

ရေဗက္ကာ ဝတ္ထု ကောက်နုတ်သုံးသပ်ချက်

"အမှတ်တရတွေကို ရေမွှေးလိုမျိုးပုလင်းလေးထဲ ထည့်သိမ်းထားလို့ရတာမျိုးဆိုသိပ်ကောင်းမယ်။ အဲ့ဒါဆို မပျောက်ပြယ် မလွင့်ပြယ်တော့ဘူးလေ။ လိုချင်တဲ့အချိန် ပုလင်းလေးဖွင့်ပြီး အဲ့အမှတ်တရတွေကို ပြန်ခံစားရုံပဲ"......

 

ဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရတာကြာပြီးနောက် Monte Carlo ကိုခရီးထွက်လာတဲ့ ဂုဏ်သရေရှိအထက်တန်းလွှာသူဌေးကြီး Maxim de Winter တဲ့။

 

သူ့ရဲ့ဆုံးပါးသွားတဲ့အမျိုးသမီးဟာလဲ Rebecca Hildreth ဆိုတဲ့အရမ်းလှပတဲ့အမျိုးတစ်ဦး သူကလဲသူ့အမျိုးသမီးကိုအရမ်းချစ်ခဲ့တာတဲ့။

 

ခန့်ညားချောမောလှတဲ့ဒီအမျိုးသားကို သူမ,စတွေ့ကတည်းကရင်ခုန်ခဲ့တာတော့အမှန်ပါ။ သူမရဲ့အလုပ်ရှင်ကိုအကြောင်းပြုလို့ Maxim နဲ့သူမ,နီးစပ်ခဲ့ကြတယ်။

 

ခုမှစတွေ့ကြပေမဲ့ Maxim ဟာ သူမ,အပေါ်မှာဂရုစိုက်လွန်းတယ် ကြင်နာလွန်းတယ်။ မိဘတွေဆုံးရှုံးလိုက်ရပြီး တစ်ကောင်ကြွက် သူများရဲ့ကူဖော်လောင်ဖက်အလုပ်လုပ်နေရတဲ့ သူမအတွက်ကတော့ Maxim ဟာ အရမ်းတန်ဖိုးကြီးမားလွန်းတယ်။

 

သေချာတာကတော့ Maxim နဲ့ အတူတူဖြတ်သန်းခဲ့တဲ့ဒီနေ့ရက်လေးတွေကို မဆုံးရှုံးချင်ဘူး။Maxim ကိုမခွဲနိုင်ဘူး။ Maxim ကိုချစ်မိနေပြီ။

 

"မင်းကိုယ်နဲ့ Manderley ကိုလိုက်ခဲ့မလား ဒါမှမဟုတ် ဒီအဖွားကြီးနဲ့ အမေရိကားကိုပြန်လိုက်သွားမှာလား" တဲ့ Maxim နောက်နေတယ်လို့သူမ,ထင်ခဲ့တာ။ အဖြစ်အပျက်တွေဟာအိပ်မက်လိုပဲ မြန်ဆန်လွန်းတယ်။ အဲ့မြို့လေးမှာပဲ နှစ်ယောက်သားလက်ထပ်ခဲ့တယ်။

 

ကြီးကျယ်ခမ်းနားပြီး romantic ဆန်တဲ့လက်ထပ်ပွဲမဟုတ် လက်မှတ်ထိုး အကျဉ်းချုံးပြီးအမြန်လက်ထပ်ခဲ့ပေမဲ့ သူမ,ပျော်တယ်။ ကိုယ်ချစ်ရတဲ့သူ သူနဲ့အတူရှိရဖို့၊ သူနဲ့အတူဘဝကိုဖြတ်သန်းဖို့ အရာအားလုံးကိုကျောခိုင်းပြီး Maxim နောက်ကိုသူမ,လိုက်ခဲ့တယ်။

 

သာမန်လူတန်းစား ရိုးရိုးအေးအေးမိန်းကလေးဘဝကနေ ခုတော့ Mrs. de Winter ဖြစ်ခဲ့ပြီ။ အရာအားလုံးကိုရင်ဆိုင်မယ်ဆုံးဖြတ်ထားပေမဲ့ သူမလိုသာမန်မိန်းကလေးတစ်ယောက်ဟာ ဒီအသိုင်းအဝိုင်းကြီးမှာ ဝင်ဆန့်နိုင်ပါ့မလား?

 

နာမည်သာကြားဖူးရုံ ဓာတ်ပုံထဲသာမြင်ဖူးရုံရှိတဲ့ ဒီကြီးကျယ်ခမ်းနားလှတဲ့ Manderley စံအိမ်ကြီးရဲ့ အိမ်ကြီးရှင်မအဖြစ်နေနိုင်ပါ့မလားဆိုတဲ့အတွေးတွေက သူမ,ကိုအစကတည်းကထိတ်လန့်စေနှင့်နေပြီ။

 

အိမ်ကြီးကိုပဲရောက်ရောက်ချင်း များပြားလှတဲ့ဝန်ထမ်းတွေနဲ့ အိမ်တော်ထိန်းကြီး Mrs. Danvers ရဲ့စူးရှခက်ထန်တဲ့ အကြည့်တွေကသူမရဲ့အကြောက်တရားကို ပိုလို့သာတိုးပွားစေခဲ့တယ်။ အထူးသဖြင့် ဒီအိမ်ကြီးမှာ Maxim ရဲ့ဇနီးဟောင်း Rebecca ရဲ့ အငွေ့အသက်တွေက လွှမ်းမိုးထားနိုင်နေတုန်းပဲ။

 

အဆိုးရွားဆုံးကတော့ အိမ်တော်ထိန်းကြီး Mrs. Danvers ရဲ့ သူ့ကို Rebacca နဲ့လိုက်နှိုင်းယှဉ်ပြီး အရင် Mrs. de Winter(Rebecca) တုန်းကတော့ဘယ်ကိစ္စတွေကိုဘယ်လိုစီစဉ်ခဲ့တာ၊ breakfast မှာတာကအစ ဘယ်လို စနစ်ကျတာ၊ သူကဘယ်လိုတွေလှခဲ့တာ၊ Maxim က Rebecca ကိုဘယ်လိုချစ်ခဲ့တာ စတာတွေ၊ တခြားလူတွေရဲ့ပါးစပ်ဖျားမှာလဲ ခုချိန်ထိ Rebecca ဆိုတာရှိနေတုန်း။

 

တစ်နေ့တော့ Maxim ရဲ့ အခင်ရဆုံးသူငယ်ချင်းလဲဖြစ် Estate Manager တစ်ဦးလဲဖြစ်တဲ့ Frank ကိုသူမ,မေးဖြစ်တယ် Rebecca ဟာ ဘယ်လိုမိန်းကလေးမျိုးလဲလို့ဆိုပြီး။ Frank ရဲ့အဖြေကတော့တစ်ခွန်းတည်းပဲ။ Rebecca ဟာ သူတွေ့ဖူးသမျှမိန်းမတွေထဲအလှဆုံးပဲတဲ့.......

 

စဉ်းစားကြည့်ဖူးလား? ခံစားကြည့်ဖူးလား? သူမ,လိုမျိုး ကိုယ်ချစ်ရတဲ့လူရဲ့အရင်လူ ဒါမဟုတ် သူသိပ်ချစ်ခဲ့ရတဲ့လူနဲ့နှိုင်းယှဉ်ခံရတဲ့ခံစားချက်မျိုး၊ အထူးသဖြင့် အဲ့ဒီလူဟာ ကိုယ့်ထက် အစစအရာရာသာလွန်နေတဲ့အခါ၊ ပြီးတော့အဲ့လိုလိုက်နှိုင်းယှဉ်နေမိတာကလဲ ကိုယ်ကိုယ်တိုင်ပါ ဖြစ်လာတဲ့အခါ၊ ခံပြင်းပြီးဒေါသထွက်ဖို့ကောင်းလွန်းတယ်။

 

သူမ,အပေါ်ကြီးစိုးလာတဲ့ဒီဝမ်းနည်းသိမ်ငယ်မှုကြောင့်ပဲ ဒီကွာခြားလွန်းတဲ့ လူမှုအသိုင်းအဝိုင်းမှာဝင်ဆန့်ဖို့ သူမရဲ့အချစ်ရူးရူးစွာကြိုးစားမှုတွေက ထင်သလိုဖြစ်မလာတဲ့အခါ Maxim နဲ့သူမ,ကြား ပျော်ရွှင်မှုလေးတွေကပါ မှေးမှိန်စပြုလာတယ်။

 

ဒါဖြင့် Maxim ကရောသူမကိုတစ်ကယ်ချစ်တာဟုတ်ရဲ့လား။ Rebecca ကိုမမေ့နိုင်သေးလို့ Rebecca နေရာအစားထိုးစိတ်ဖြေရုံသက်သက်လက်ထပ်ခဲ့တာလား။ Maxim ရဲ့အချစ်တစ်ခုတည်းကြောင့်ပဲသူမဒီအထိလိုက်လာခဲ့တာ။ Maxim ကသာသူ့ကိုမချစ်တော့ရင်သူမ,ဟာ ဒီအိမ်ကြီးထဲရှင်ရက်နဲ့သေလူတစ်ယောက်။

 

ဒါပေမဲ့ တစ်ရက်မှာတော့ Rebecca သေဆုံးခဲ့ရခြင်းနဲ့ပက်သက်တဲ့ကိစ္စတစ်ခုပေါ်လာပြီး Maxim ဟာလဲ သူ့ရဲ့ခံစားချက်တွေ သူမ,ကိုဖွင့်ချပြီးနောက်မှာတော့....

 

ဇာတ်လမ်းဟာလဲ အဲ့ဒီကစပြီး ဦးတည်ချက်ပြောင်းသွားခဲ့တယ်။ Tennis ကစားသမားများ ဘောလုံးကိုလေပေါ်မြှောက်ပြီးမှရိုက်လိုက်သလိုပဲ ဇာတ်လမ်းဟာလဲအရှေ့ ပထမပိုင်း နဲ့ ဒုတိယပိုင်း မှာတောက်လျောက်တင်လာခဲ့တဲ့ intensity ကို တတိယပိုင်း အကူးမှာ direction လွှဲပစ်လိုက်တဲ့ ဒီ လှည့်ကွက် ကြီးဟာပါးစပ်အဟောင်းသားဖြစ်လောက်အောင်ကိုကောင်းလွန်းတယ်။

 

ဒီနေရာဟာ ဇာတ်လမ်းရဲ့အဓိက လှည့်ကွက် ဖြစ်သလို ဇာတ်လမ်းရဲ့တကယ့်အနှစ်သာရလို့လဲပြောလို့ရတယ်။ နှစ်တွေကြာပြီဆိုပေမဲ့ မဖတ်ရသေးတဲ့သူအတွက်ကတော့အသစ်ပါပဲ။

 

ဝတ္ထုတစ်ခုလုံးမှာ ထိုအမျိုးသမီးလေးရဲ့ နာမည်ကို ထည့်သွင်းရေးသားတာ မတွေ့ရဘူး "သူမ" လို့ပဲတောက်လျောက်သုံးခဲ့တာ။ ထိုဝတ္ထုက ရုပ်ရှင်ရှိတယ် ရုပ်ရှင်ထဲမှာလဲ သူမကို darling, my wife, Mrs. de Winter စတဲ့အသုံးအနှုန်းတွေနဲ့ပဲခေါ်ခဲ့ပြီး သူမကို နာမည်တပ်ခေါ်တာမျိုးမရှိခဲ့ဘူး။

 

Rebecca ဝတ္ထုက ၁၉၃၈ မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်ကတော့ 1940 ကထွက်ရှိခဲ့တာပါ အင်္ဂလိပ် Director ကြီး Sir Alfred Hitchcock ရဲ့ Hollywood ပွဲဦးထွက်လက်ရာပါ။ Sir Alfred ဆိုတာကလဲ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ကရအရှိဆုံး Legendary Directors တွေထဲကတစ်ဦးပါ။

 

သူရဲ့ Psycho, Vertigo စတဲ့ရုံရှင်တွေကလဲ ယခုချိန်ထိစံနမူနာထားရတဲ့ masterpiece တွေပါပဲ။ သူ့အကြောင်းကတော့နောက်ထပ် post တစ်ခုထပ်ရေးပြီးပြောမှလုံလောက်ပါလိမ့်မယ်။ Daphne du Maurier ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ ဒီ Rebecca ရုပ်ရှင်ဟာလဲ သူ့ရဲ့ master piece တွေထဲကတစ်ခုပါ။

 

ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်နိုင်မှုအရှိဆုံးကတော့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်တွေပါပဲ။ Romance နဲ့ Psychological Triller ကိုပေါင်းထားတဲ့ဒီဇာတ်လမ်းဟာ အစပိုင်းမှာ သာမန်ရိုးရိုးဇာတ်လမ်းတစ်ခုလို့ထင်ရစရာရှိပေမဲ့ မထင်မှတ်ထားတဲ့ plot twist လေးနဲ့ ကြည့်နေတဲ့လူရဲ့စိတ်ထဲ မေးခွန်းလေးတွေမသိမသာတွေးမိလာစေပြီး ဇာတ်လမ်းကိုစလယ်ဆုံး စိတ်ဝင်စားမှုမြင့်တက်အောင် ဆွဲဆောင်ထားနိုင်ခဲ့တယ်။

 

လူဇာတ်ကောင်မပါ၊ ဓာတ်ပုံတောင်မပါတဲ့ Rebecca ဆိုတဲ့ ဒီနာမည်ဟာ ဝတ္ထုထဲကလူတွေကိုရော၊ ဖတ်နေတဲ့ပရိတ်သတ်တွေကိုပါလွှမ်းမိုးထားနိုင်ခဲ့တယ်။

 

ပြောရရင် Rebecca ဟာ လှပတဲ့ romance တစ်ခု၊ တစ္ဆေမပါတဲ့ သရဲဝတ္ထုတစ်ခု၊ တစ်ဦးနဲ့တစ်ဦးလျှို့ဝှက်ချက်ကင်းစွာ နားလည်မှုနဲ့ယုံကြည်မှုကပဲ ပျော်ရွှင်မှုကိုသယ်ဆောင်ပေးနိုင်သလို ကိုယ့်ရဲ့အတွေးတွေ၊ တစ်ခါတလေ အတိတ်ကနေရုန်းမထွက်နိုင်တဲ့ကိုယ့်ရဲ့စိတ်တွေကပဲ ကိုယ့်ကို ခြောက်လှန့်နေတဲ့ ကြောက်စရာအကောင်းဆုံးတစ္ဆေတွေဆိုတာမျိုးကို ပြသွားခဲ့တယ်။

 

<<< Zawgyi >>>

 

ေရဗကၠာ ၀တၳု ေကာက္နုတ္သံုးသပ္ခ်က္

------------------------------------------

 

"အမွတ္တရေတြကို ေရေမႊးလိုမ်ိဳးပုလင္းေလးထဲ ထည့္သိမ္းထားလို႔ရတာမ်ိဳးဆိုသိပ္ေကာင္းမယ္။ အဲ့ဒါဆို မေပ်ာက္ျပယ္ မလြင့္ျပယ္ေတာ့ဘူးေလ။ လိုခ်င္တဲ့အခ်ိန္ ပုလင္းေလးဖြင့္ၿပီး အဲ့အမွတ္တရေတြကို ျပန္ခံစား႐ုံပဲ"......

 

ဇနီးျဖစ္သူကိုဆုံးရႈံးလိုက္ရတာၾကာၿပီးေနာက္ Monte Carlo ကိုခရီးထြက္လာတဲ့ ဂုဏ္သေရရွိအထက္တန္းလႊာသူေဌးႀကီး Maxim de Winter တဲ့။

 

သူ႔ရဲ႕ဆုံးပါးသြားတဲ့အမ်ိဳးသမီးဟာလဲ Rebecca Hildreth ဆိုတဲ့အရမ္းလွပတဲ့အမ်ိဳးတစ္ဦး သူကလဲသူ႔အမ်ိဳးသမီးကိုအရမ္းခ်စ္ခဲ့တာတဲ့။

 

ခန႔္ညားေခ်ာေမာလွတဲ့ဒီအမ်ိဳးသားကို သူမ,စေတြ႕ကတည္းကရင္ခုန္ခဲ့တာေတာ့အမွန္ပါ။ သူမရဲ႕အလုပ္ရွင္ကိုအေၾကာင္းျပဳလို႔ Maxim နဲ႔သူမ,နီးစပ္ခဲ့ၾကတယ္။

 

ခုမွစေတြ႕ၾကေပမဲ့ Maxim ဟာ သူမ,အေပၚမွာဂ႐ုစိုက္လြန္းတယ္ ၾကင္နာလြန္းတယ္။ မိဘေတြဆုံးရႈံးလိုက္ရၿပီး တစ္ေကာင္ႂကြက္ သူမ်ားရဲ႕ကူေဖာ္ေလာင္ဖက္အလုပ္လုပ္ေနရတဲ့ သူမအတြက္ကေတာ့ Maxim ဟာ အရမ္းတန္ဖိုးႀကီးမားလြန္းတယ္။

 

ေသခ်ာတာကေတာ့ Maxim နဲ႔ အတူတူျဖတ္သန္းခဲ့တဲ့ဒီေန႔ရက္ေလးေတြကို မဆုံးရႈံးခ်င္ဘူး။Maxim ကိုမခြဲႏိုင္ဘူး။ Maxim ကိုခ်စ္မိေနၿပီ။

 

"မင္းကိုယ္နဲ႔ Manderley ကိုလိုက္ခဲ့မလား ဒါမွမဟုတ္ ဒီအဖြားႀကီးနဲ႔ အေမရိကားကိုျပန္လိုက္သြားမွာလား" တဲ့ Maxim ေနာက္ေနတယ္လို႔သူမ,ထင္ခဲ့တာ။ အျဖစ္အပ်က္ေတြဟာအိပ္မက္လိုပဲ ျမန္ဆန္လြန္းတယ္။ အဲ့ၿမိဳ႕ေလးမွာပဲ ႏွစ္ေယာက္သားလက္ထပ္ခဲ့တယ္။

 

ႀကီးက်ယ္ခမ္းနားၿပီး romantic ဆန္တဲ့လက္ထပ္ပြဲမဟုတ္ လက္မွတ္ထိုး အက်ဥ္းခ်ဳံးၿပီးအျမန္လက္ထပ္ခဲ့ေပမဲ့ သူမ,ေပ်ာ္တယ္။ ကိုယ္ခ်စ္ရတဲ့သူ သူနဲ႔အတူရွိရဖို႔၊ သူနဲ႔အတူဘဝကိုျဖတ္သန္းဖို႔ အရာအားလုံးကိုေက်ာခိုင္းၿပီး Maxim ေနာက္ကိုသူမ,လိုက္ခဲ့တယ္။

 

သာမန္လူတန္းစား ႐ိုး႐ိုးေအးေအးမိန္းကေလးဘဝကေန ခုေတာ့ Mrs. de Winter ျဖစ္ခဲ့ၿပီ။ အရာအားလုံးကိုရင္ဆိုင္မယ္ဆုံးျဖတ္ထားေပမဲ့ သူမလိုသာမန္မိန္းကေလးတစ္ေယာက္ဟာ ဒီအသိုင္းအဝိုင္းႀကီးမွာ ဝင္ဆန႔္ႏိုင္ပါ့မလား?

 

နာမည္သာၾကားဖူး႐ုံ ဓာတ္ပုံထဲသာျမင္ဖူး႐ုံရွိတဲ့ ဒီႀကီးက်ယ္ခမ္းနားလွတဲ့ Manderley စံအိမ္ႀကီးရဲ႕ အိမ္ႀကီးရွင္မအျဖစ္ေနႏိုင္ပါ့မလားဆိုတဲ့အေတြးေတြက သူမ,ကိုအစကတည္းကထိတ္လန႔္ေစႏွင့္ေနၿပီ။

 

အိမ္ႀကီးကိုပဲေရာက္ေရာက္ခ်င္း မ်ားျပားလွတဲ့ဝန္ထမ္းေတြနဲ႔ အိမ္ေတာ္ထိန္းႀကီး Mrs. Danvers ရဲ႕စူးရွခက္ထန္တဲ့ အၾကည့္ေတြကသူမရဲ႕အေၾကာက္တရားကို ပိုလို႔သာတိုးပြားေစခဲ့တယ္။ အထူးသျဖင့္ ဒီအိမ္ႀကီးမွာ Maxim ရဲ႕ဇနီးေဟာင္း Rebecca ရဲ႕ အေငြ႕အသက္ေတြက လႊမ္းမိုးထားႏိုင္ေနတုန္းပဲ။

 

အဆိုး႐ြားဆုံးကေတာ့ အိမ္ေတာ္ထိန္းႀကီး Mrs. Danvers ရဲ႕ သူ႔ကို Rebacca နဲ႔လိုက္ႏႈိင္းယွဥ္ၿပီး အရင္ Mrs. de Winter(Rebecca) တုန္းကေတာ့ဘယ္ကိစၥေတြကိုဘယ္လိုစီစဥ္ခဲ့တာ၊ breakfast မွာတာကအစ ဘယ္လို စနစ္က်တာ၊ သူကဘယ္လိုေတြလွခဲ့တာ၊ Maxim က Rebecca ကိုဘယ္လိုခ်စ္ခဲ့တာ စတာေတြ၊ တျခားလူေတြရဲ႕ပါးစပ္ဖ်ားမွာလဲ ခုခ်ိန္ထိ Rebecca ဆိုတာရွိေနတုန္း။

 

တစ္ေန႔ေတာ့ Maxim ရဲ႕ အခင္ရဆုံးသူငယ္ခ်င္းလဲျဖစ္ Estate Manager တစ္ဦးလဲျဖစ္တဲ့ Frank ကိုသူမ,ေမးျဖစ္တယ္ Rebecca ဟာ ဘယ္လိုမိန္းကေလးမ်ိဳးလဲလို႔ဆိုၿပီး။ Frank ရဲ႕အေျဖကေတာ့တစ္ခြန္းတည္းပဲ။ Rebecca ဟာ သူေတြ႕ဖူးသမွ်မိန္းမေတြထဲအလွဆုံးပဲတဲ့.......

 

စဥ္းစားၾကည့္ဖူးလား? ခံစားၾကည့္ဖူးလား? သူမ,လိုမ်ိဳး ကိုယ္ခ်စ္ရတဲ့လူရဲ႕အရင္လူ ဒါမဟုတ္ သူသိပ္ခ်စ္ခဲ့ရတဲ့လူနဲ႔ႏႈိင္းယွဥ္ခံရတဲ့ခံစားခ်က္မ်ိဳး၊ အထူးသျဖင့္ အဲ့ဒီလူဟာ ကိုယ့္ထက္ အစစအရာရာသာလြန္ေနတဲ့အခါ၊ ၿပီးေတာ့အဲ့လိုလိုက္ႏႈိင္းယွဥ္ေနမိတာကလဲ ကိုယ္ကိုယ္တိုင္ပါ ျဖစ္လာတဲ့အခါ၊ ခံျပင္းၿပီးေဒါသထြက္ဖို႔ေကာင္းလြန္းတယ္။

 

သူမ,အေပၚႀကီးစိုးလာတဲ့ဒီဝမ္းနည္းသိမ္ငယ္မႈေၾကာင့္ပဲ ဒီကြာျခားလြန္းတဲ့ လူမႈအသိုင္းအဝိုင္းမွာဝင္ဆန႔္ဖို႔ သူမရဲ႕အခ်စ္႐ူး႐ူးစြာႀကိဳးစားမႈေတြက ထင္သလိုျဖစ္မလာတဲ့အခါ Maxim နဲ႔သူမ,ၾကား ေပ်ာ္႐ႊင္မႈေလးေတြကပါ ေမွးမွိန္စျပဳလာတယ္။

 

ဒါျဖင့္ Maxim ကေရာသူမကိုတစ္ကယ္ခ်စ္တာဟုတ္ရဲ႕လား။ Rebecca ကိုမေမ့ႏိုင္ေသးလို႔ Rebecca ေနရာအစားထိုးစိတ္ေျဖ႐ုံသက္သက္လက္ထပ္ခဲ့တာလား။ Maxim ရဲ႕အခ်စ္တစ္ခုတည္းေၾကာင့္ပဲသူမဒီအထိလိုက္လာခဲ့တာ။ Maxim ကသာသူ႔ကိုမခ်စ္ေတာ့ရင္သူမ,ဟာ ဒီအိမ္ႀကီးထဲရွင္ရက္နဲ႔ေသလူတစ္ေယာက္။

 

ဒါေပမဲ့ တစ္ရက္မွာေတာ့ Rebecca ေသဆုံးခဲ့ရျခင္းနဲ႔ပက္သက္တဲ့ကိစၥတစ္ခုေပၚလာၿပီး Maxim ဟာလဲ သူ႔ရဲ႕ခံစားခ်က္ေတြ သူမ,ကိုဖြင့္ခ်ၿပီးေနာက္မွာေတာ့....

 

ဇာတ္လမ္းဟာလဲ အဲ့ဒီကစၿပီး ဦးတည္ခ်က္ေျပာင္းသြားခဲ့တယ္။ Tennis ကစားသမားမ်ား ေဘာလုံးကိုေလေပၚေျမႇာက္ၿပီးမွ႐ိုက္လိုက္သလိုပဲ ဇာတ္လမ္းဟာလဲအေရွ႕ ပထမပိုင္း နဲ႔ ဒုတိယပိုင္း မွာေတာက္ေလ်ာက္တင္လာခဲ့တဲ့ intensity ကို တတိယပိုင္း အကူးမွာ direction လႊဲပစ္လိုက္တဲ့ ဒီ လွည့္ကြက္ ႀကီးဟာပါးစပ္အေဟာင္းသားျဖစ္ေလာက္ေအာင္ကိုေကာင္းလြန္းတယ္။

 

ဒီေနရာဟာ ဇာတ္လမ္းရဲ႕အဓိက လွည့္ကြက္ ျဖစ္သလို ဇာတ္လမ္းရဲ႕တကယ့္အႏွစ္သာရလို႔လဲေျပာလို႔ရတယ္။ ႏွစ္ေတြၾကာၿပီဆိုေပမဲ့ မဖတ္ရေသးတဲ့သူအတြက္ကေတာ့အသစ္ပါပဲ။

 

ဝတၳဳတစ္ခုလုံးမွာ ထိုအမ်ိဳးသမီးေလးရဲ႕ နာမည္ကို ထည့္သြင္းေရးသားတာ မေတြ႕ရဘူး "သူမ" လို႔ပဲေတာက္ေလ်ာက္သုံးခဲ့တာ။ ထိုဝတၳဳက ႐ုပ္ရွင္ရွိတယ္ ႐ုပ္ရွင္ထဲမွာလဲ သူမကို darling, my wife, Mrs. de Winter စတဲ့အသုံးအႏႈန္းေတြနဲ႔ပဲေခၚခဲ့ၿပီး သူမကို နာမည္တပ္ေခၚတာမ်ိဳးမရွိခဲ့ဘူး။

 

Rebecca ဝတၳဳက ၁၉၃၈ မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး ႐ုပ္ရွင္ကေတာ့ 1940 ကထြက္ရွိခဲ့တာပါ အဂၤလိပ္ Director ႀကီး Sir Alfred Hitchcock ရဲ႕ Hollywood ပြဲဦးထြက္လက္ရာပါ။ Sir Alfred ဆိုတာကလဲ ႐ုပ္ရွင္သမိုင္းေၾကာင္းမွာ အထင္ကရအရွိဆုံး Legendary Directors ေတြထဲကတစ္ဦးပါ။

 

သူရဲ႕ Psycho, Vertigo စတဲ့႐ုံရွင္ေတြကလဲ ယခုခ်ိန္ထိစံနမူနာထားရတဲ့ masterpiece ေတြပါပဲ။ သူ႔အေၾကာင္းကေတာ့ေနာက္ထပ္ post တစ္ခုထပ္ေရးၿပီးေျပာမွလုံေလာက္ပါလိမ့္မယ္။ Daphne du Maurier ရဲ႕ ဝတၳဳကို႐ိုက္ကူးထားတဲ့ ဒီ Rebecca ႐ုပ္ရွင္ဟာလဲ သူ႔ရဲ႕ master piece ေတြထဲကတစ္ခုပါ။

 

႐ုပ္ရွင္ရဲ႕ အဓိကဆြဲေဆာင္ႏိုင္မႈအရွိဆုံးကေတာ့ ဇာတ္လမ္းနဲ႔ သ႐ုပ္ေဆာင္ေတြပါပဲ။ Romance နဲ႔ Psychological Triller ကိုေပါင္းထားတဲ့ဒီဇာတ္လမ္းဟာ အစပိုင္းမွာ သာမန္႐ိုး႐ိုးဇာတ္လမ္းတစ္ခုလို႔ထင္ရစရာရွိေပမဲ့ မထင္မွတ္ထားတဲ့ plot twist ေလးနဲ႔ ၾကည့္ေနတဲ့လူရဲ႕စိတ္ထဲ ေမးခြန္းေလးေတြမသိမသာေတြးမိလာေစၿပီး ဇာတ္လမ္းကိုစလယ္ဆုံး စိတ္ဝင္စားမႈျမင့္တက္ေအာင္ ဆြဲေဆာင္ထားႏိုင္ခဲ့တယ္။

 

လူဇာတ္ေကာင္မပါ၊ ဓာတ္ပုံေတာင္မပါတဲ့ Rebecca ဆိုတဲ့ ဒီနာမည္ဟာ ဝတၳဳထဲကလူေတြကိုေရာ၊ ဖတ္ေနတဲ့ပရိတ္သတ္ေတြကိုပါလႊမ္းမိုးထားႏိုင္ခဲ့တယ္။

 

ေျပာရရင္ Rebecca ဟာ လွပတဲ့ romance တစ္ခု၊ တေစၦမပါတဲ့ သရဲဝတၳဳတစ္ခု၊ တစ္ဦးနဲ႔တစ္ဦးလွ်ိဳ႕ဝွက္ခ်က္ကင္းစြာ နားလည္မႈနဲ႔ယုံၾကည္မႈကပဲ ေပ်ာ္႐ႊင္မႈကိုသယ္ေဆာင္ေပးႏိုင္သလို ကိုယ့္ရဲ႕အေတြးေတြ၊ တစ္ခါတေလ အတိတ္ကေန႐ုန္းမထြက္ႏိုင္တဲ့ကိုယ့္ရဲ႕စိတ္ေတြကပဲ ကိုယ့္ကို ေျခာက္လွန႔္ေနတဲ့ ေၾကာက္စရာအေကာင္းဆုံးတေစၦေတြဆိုတာမ်ိဳးကို ျပသြားခဲ့တယ္။

 

Book's Review 

Read times
Rate this articles
(0 votes)