×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Wednesday, 27 January 2021

တိုးတက်အောင်မြင်လိုတဲ့လူငယ်တိုင်း ဖတ်ကိုဖတ်ထားသင့်တဲ့ စာအုပ်ကောင်း (၅) အုပ်

တိုးတက်အောင်မြင်လိုတဲ့လူငယ်တိုင်း ဖတ်ကိုဖတ်ထားသင့်တဲ့ စာအုပ်ကောင်း (၅) အုပ်
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့စကားအတိုင်း အသိဉာဏ်ဗဟုသုတတိုးပွားဖို့ လူငယ်တိုင်း မဖြစ်မနေ စာဖတ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အတွက် တိုးတက်မှုတစ်စုံတစ်ရာကို ရှာဖွေပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ကို အမြဲ လက်ထဲစွဲကိုင်ထားဖို့လိုပါတယ်။ ဖတ်သည်ရှိ၊ မဖတ်သည်ရှိ အနည်းဆုံးတော့ ငါစာဖတ်ရမယ် ဆိုတဲ့ အသိရအောင် စာအုပ်တစ်အုပ်ကို အမြဲ လက်ထဲထားပါ။ ဒီလို လက်ထဲအမြဲစွဲကိုင်ထားဖို့သင့်တော်တဲ့ စာအုပ်ကောင်းလေး(၅) အုပ်ကို ဒီနေ့ ဖော်ပြပေးပါ့မယ်။


1. The 7 Habits of Highly Effective People – Stephen R. Covey

1.7habit.png

 

ဒီစာအုပ်လေးက ဆိုရင် Personal Development ဖြစ်ဖို့ အကောင်းဆုံးလမ်းပြနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် ရပ်တည်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကြာခဲ့ပါပြီ။ လူငယ်တိုင်း တစ်သက်မှာ အနည်းဆုံးတစ်ခေါက်ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို တစ်ကမ္ဘာလုံးမှာ အုပ်ရေပေါင်း သန်း ၃၀ ကျော် ရောင်းချထားရပြီးဖြစ်ပါတယ်။ Personal Development ဖြစ်ဖို့အတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး အကျင့် (၇) ခု အကြောင်းကို ရှင်းပြထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။

 

2. How to Win Friends and Influence People – Dale Camegie

2.how_to_win.png


ဒီစာအုပ်လေးကတော့ လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးစာအုပ်တစ်အုပ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့စာအုပ်လေးပါ။ လူတစ်ယောက် တိုးတက်အောင်မြင်ဖို့အတွက်ဆိုရင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြေပြစ်ဖို့လည်း တအားအရေးကြီးပါတယ်။ ဒါ့အပြင် ဒီစာအုပ်က စာဖတ်သူကို ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် သင်ပြပေးနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပေါင်းသင်းဆက်ဆံရေးလိုအပ်တယ်လို့ ထင်နေတဲ့ လူငယ်လေးတွေ ဖတ်ဖို့အတော်သင့်တော်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။

 

 

3. The Magic of Thinking Big – David J. Schwartz

3.magic_of.png

ဒီစာအုပ်လေးက စာဖတ်သူတွေကို ဘဝမှာ တိုးတက်အောင်မြင်ဖို့ ၊ ပိုက်ဆံများများရှာနိုင်ဖို့၊ ပျော်ရွှင်မှုပိုရအောင် နေတတ်ဖို့၊ စိတ်ချမ်းသာမှုကို ရှာဖွေတတ်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းကောင်းတွေကို အသေးစိတ်ဖော်ပြပေးထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာက ဒီစာအုပ်လေးကိုဖတ်ပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝလေးတွေကို ပိုင်ဆိုင်သွားတယ်ဆိုတဲ့ အထောက်အထားတွေအများကြီးရှိပါတယ်။

 

4. Think and Grow Rich – Napoleon Hill

4.think_and_grow.png


ဒီစာအုပ်ထဲမှာ သူ့ခေတ်သူ့အခါက နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ မီလျံနာသူဌေးကြီးအယောက် ၁၀၀ ကျော်ကို စာရေးဆရာကိုယ်တိုင် အင်တာဗျူးခဲ့ပြီး ဒီသူဌေးကြီးတွေရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်တွေကို ရှင်းပြထားတဲ့စာအုပ်လေးပါ။ အောင်မြင်ပြီးသူတွေရဲ့ လျှို့ဝှက်ချက်ကို လေ့လာချင်သူများ၊ ဘဝမှာ အောင်မြင်မှုရလိုသူများနဲ့ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် နည်းလမ်းရှာဖွေနေသူများအတွက် ဒီစာအုပ်လေးက ဖတ်ကိုဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။



5. As a Man Thinketh – James Allen

5._as_a_man.png


ကိုယ်ရည်ကိုယ်သွေးတိုးတက်ခြင်းနဲ့ပတ်သက်ပြီး ဂန္တဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ ဒီစာအုပ်ဟာ အခုတစ်လောမှာ နာမည်ကျော်နေတဲ့ the law of attraction အယူအဆကို စတင်မိတ်ဆက်ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ မိမိရဲ့ ကိုယ်ပိုင်အတွေးတွေက ကိုယ့်ရဲ့ဘဝကို ဘယ်လောက်အကျိုးသက်ရောက်မှု ရှိစေသလဲ၊ နောက်ပြီး မိမိရဲ့ဘဝမှာ ကောင်းမွန်ပြည့်စုံတဲ့ ရလာဒ်တွေရလာအောင် ဒီအတွေးတွေကို ဘယ်လိုထိန်းချုပ်ရမလဲ စတာတွေကို သေချာရှင်းပြထားပါတယ်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု စာအုပ်များကို စိတ်ဝင်စားသူတွေ၊ လက်ရှိဘဝထက် ပိုကောင်းအောင် ကြံဆောင်နေသူတွေနဲ့ ကမ္ဘာကျော်စာအုပ်များထဲမှ ဗဟုသုတများကို ရှာမှီးချင်သူတွေအဓိကဖတ်သင့်ပါတယ်။

 

Credit : 12min Notes Myanmar

 

 

တိုးတက္ေအာင္ျမင္လိုတဲ့လူငယ္တိုင္း ဖတ္ကိုဖတ္ထားသင့္တဲ့ စာအုပ္ေကာင္း (၅) အုပ္
“စာအုပ္စာေပ လူ႔မိတ္ေဆြ” ဆိုတဲ့စကားအတိုင္း အသိဉာဏ္ဗဟုသုတတိုးပြားဖို႔ လူငယ္တိုင္း မျဖစ္မေန စာဖတ္ဖို႔လိုအပ္ပါတယ္။ ကိုယ့္အတြက္ တိုးတက္မႈတစ္စုံတစ္ရာကို ရွာေဖြေပးႏိုင္တဲ့ စာအုပ္ေကာင္းတစ္အုပ္ကို အၿမဲ လက္ထဲစြဲကိုင္ထားဖို႔လိုပါတယ္။ ဖတ္သည္ရွိ၊ မဖတ္သည္ရွိ အနည္းဆုံးေတာ့ ငါစာဖတ္ရမယ္ ဆိုတဲ့ အသိရေအာင္ စာအုပ္တစ္အုပ္ကို အၿမဲ လက္ထဲထားပါ။ ဒီလို လက္ထဲအၿမဲစြဲကိုင္ထားဖို႔သင့္ေတာ္တဲ့ စာအုပ္ေကာင္းေလး(၅) အုပ္ကို ဒီေန႔ ေဖာ္ျပေပးပါ့မယ္။

 

1. The 7 Habits of Highly Effective People – Stephen R. Covey

1.7habit.png

 

ဒီစာအုပ္ေလးက ဆိုရင္ Personal Development ျဖစ္ဖို႔ အေကာင္းဆုံးလမ္းျပႏိုင္တဲ့ စာအုပ္ေကာင္းတစ္အုပ္အျဖစ္ ရပ္တည္ခဲ့တာ ႏွစ္ေပါင္း ၁၀၀ ၾကာခဲ့ပါၿပီ။ လူငယ္တိုင္း တစ္သက္မွာ အနည္းဆုံးတစ္ေခါက္ဖတ္သင့္တဲ့ စာအုပ္တစ္အုပ္ျဖစ္ပါတယ္။ ဒီစာအုပ္ကို တစ္ကမာၻလုံးမွာ အုပ္ေရေပါင္း သန္း ၃၀ ေက်ာ္ ေရာင္းခ်ထားရၿပီးျဖစ္ပါတယ္။ Personal Development ျဖစ္ဖို႔အတြက္ အေရးႀကီးဆုံးနဲ႔ အေျခခံအက်ဆုံး အက်င့္ (၇) ခု အေၾကာင္းကို ရွင္းျပထားတဲ့စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္ပါတယ္။

 

2. How to Win Friends and Influence People – Dale Camegie

2.how_to_win.png

 


ဒီစာအုပ္ေလးကေတာ့ လူမႈေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ကမာၻေပၚမွာ အေကာင္းဆုံးစာအုပ္တစ္အုပ္အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့စာအုပ္ေလးပါ။ လူတစ္ေယာက္ တိုးတက္ေအာင္ျမင္ဖို႔အတြက္ဆိုရင္ ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ေျပျပစ္ဖို႔လည္း တအားအေရးႀကီးပါတယ္။ ဒါ့အျပင္ ဒီစာအုပ္က စာဖတ္သူကို ေပါင္းသင္းဆက္ဆံေရး ပိုမိုေကာင္းမြန္လာေအာင္ သင္ျပေပးႏိုင္တဲ့စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို ေပါင္းသင္းဆက္ဆံေရးလိုအပ္တယ္လို႔ ထင္ေနတဲ့ လူငယ္ေလးေတြ ဖတ္ဖို႔အေတာ္သင့္ေတာ္တဲ့ စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္ပါတယ္။

 

3. The Magic of Thinking Big – David J. Schwartz

3.magic_of.png

 

ဒီစာအုပ္ေလးက စာဖတ္သူေတြကို ဘဝမွာ တိုးတက္ေအာင္ျမင္ဖို႔ ၊ ပိုက္ဆံမ်ားမ်ားရွာႏိုင္ဖို႔၊ ေပ်ာ္႐ႊင္မႈပိုရေအာင္ ေနတတ္ဖို႔၊ စိတ္ခ်မ္းသာမႈကို ရွာေဖြတတ္ဖို႔အတြက္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေကာင္းေတြကို အေသးစိတ္ေဖာ္ျပေပးထားတဲ့စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္ပါတယ္။ ဒါ့အျပင္ ကမာၻေပၚက လူသန္းေပါင္းမ်ားစြာက ဒီစာအုပ္ေလးကိုဖတ္ၿပီး ပိုမိုတိုးတက္ေကာင္းမြန္တဲ့ ဘဝေလးေတြကို ပိုင္ဆိုင္သြားတယ္ဆိုတဲ့ အေထာက္အထားေတြအမ်ားႀကီးရွိပါတယ္။

 

4. Think and Grow Rich – Napoleon Hill

4.think_and_grow.png

 

ဒီစာအုပ္ထဲမွာ သူ႔ေခတ္သူ႔အခါက နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနတဲ့ မီလ်ံနာသူေဌးႀကီးအေယာက္ ၁၀၀ ေက်ာ္ကို စာေရးဆရာကိုယ္တိုင္ အင္တာဗ်ဴးခဲ့ၿပီး ဒီသူေဌးႀကီးေတြရဲ႕ ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္ေတြကို ရွင္းျပထားတဲ့စာအုပ္ေလးပါ။ ေအာင္ျမင္ၿပီးသူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေလ့လာခ်င္သူမ်ား၊ ဘဝမွာ ေအာင္ျမင္မႈရလိုသူမ်ားနဲ႔ ကိုယ့္ကိုယ္ကို တိုးတက္လာေအာင္ နည္းလမ္းရွာေဖြေနသူမ်ားအတြက္ ဒီစာအုပ္ေလးက ဖတ္ကိုဖတ္သင့္တဲ့စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္ပါတယ္။

 


5. As a Man Thinketh – James Allen

5._as_a_man.png

ကိုယ္ရည္ကိုယ္ေသြးတိုးတက္ျခင္းနဲ႔ပတ္သက္ၿပီး ဂႏၲဝင္စာအုပ္တစ္အုပ္ျဖစ္တဲ့ ဒီစာအုပ္ဟာ အခုတစ္ေလာမွာ နာမည္ေက်ာ္ေနတဲ့ the law of attraction အယူအဆကို စတင္မိတ္ဆက္ေပးခဲ့တဲ့ စာအုပ္ျဖစ္ပါတယ္။

ဒီစာအုပ္ထဲမွာ မိမိရဲ႕ ကိုယ္ပိုင္အေတြးေတြက ကိုယ့္ရဲ႕ဘဝကို ဘယ္ေလာက္အက်ိဳးသက္ေရာက္မႈ ရွိေစသလဲ၊ ေနာက္ၿပီး မိမိရဲ႕ဘဝမွာ ေကာင္းမြန္ျပည့္စုံတဲ့ ရလာဒ္ေတြရလာေအာင္ ဒီအေတြးေတြကို ဘယ္လိုထိန္းခ်ဳပ္ရမလဲ စတာေတြကို ေသခ်ာရွင္းျပထားပါတယ္။

ကိုယ္ရည္ကိုယ္ေသြးတိုးတက္မႈ စာအုပ္မ်ားကို စိတ္ဝင္စားသူေတြ၊ လက္ရွိဘဝထက္ ပိုေကာင္းေအာင္ ႀကံေဆာင္ေနသူေတြနဲ႔ ကမာၻေက်ာ္စာအုပ္မ်ားထဲမွ ဗဟုသုတမ်ားကို ရွာမွီးခ်င္သူေတြအဓိကဖတ္သင့္ပါတယ္။

 

Credit : 12min Notes Myanmar

Read times
Rate this articles
(1 Vote)