Wednesday, 13 February 2019 10:50

ကိုယ့်မှာ ပါရမီ မရှိရင် မအောင်မြင်တော့ဘူးလား ???

တစ်ချို့ပြောတာ ကြားဖူးပါလိမ့်မယ် “ဒါမျိုးက ပါရမီပါမှ ရတာ” “ငါ့မှာ ပါရမီမှ မရှိတာ သူ့လို ဘယ်အောင်မြင်ပါ့မလဲ” ဆိုတာမျိုးပေါ့။

Monday, 11 February 2019 10:45

သာမန်ထက်ပိုတော်ကြောင်း သိသာတဲ့ အချက်များ

ငယ်​စဉ်​ကတည်းက စာဖတ်​တာ ၀ါသနာပါသူ

လူ​တွေဟာ စာ​စော​စောဖတ်​​လေ​လေ ပိုပြီးဥာဏ်​​ကောင်း​လေ​လေပဲလို့ ​လေ့လာစမ်းသပ်​မှု​တွေအရသိရပါတယ်​။ သင့်​ဘေးက လူ​တွေထက်​သင်​​တော်​​နေပြီဆိုရင်​​တော့ သင်​ဟာ သူတို့ထက်​ ​စာဖတ်​တာ ​စောခဲ့လို့ပါပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်တာ ၀ါသနာပါသူများဟာ ဥာဏ်ကောင်းသူတွေ ဖြစ်လာကြပါတယ်။

ငယ်​စဉ်​က ဂီတဆိုင်​ရာ ​လေ့ကျင့်​ခန်း သင်​ယူဖူးသူပါ

လေ့လာ​တွေ့ရှိမှု​တွေအရ ဂီတဆိုင်​ရာ ​လေ့ကျင့်​ခန်း​တွေဟာ ဥာဏ်​​ရည်​တိုး​စေပြီး ကိုယ့်​ကိုကိုယ်​ထိန်းချုပ်​နိုင်​စွမ်း တိုး​စေတာပါတယ်​။ ငယ်​ငယ်​ကတည်းက ဂီတဆိုင်​ရာ ​လေ့ကျင့်​ခန်း​တွေကို သင်​ယူဖူးသူ​တွေက​တော့ သာမန်​ထက်​ပိုပြီး ထူးချွန်​ကြပါတယ်​။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ရယ်​စရာ​ကောင်းသူတစ်​​ယောက်​ပါ

သင်​ဟာ ဟာသဥာဏ်​ကြွယ်​သူတစ်​​ယောက်​ဆိုရင်​​ ကိုယ့်​ကိုကိုယ်​ဂုဏ်​ယူလိုက်​ပါ​တော့။ ဟယသဥာဏ်​ကြွယ်​သူ​တွေက အရမ်းဥာဏ်​​ကောင်းတယ်​လို့ ​လေ့လာစမ်းသပ်​မှု​တွေအရ သိရပါတယ်။

သင်​ဟာ ပူပန်​တတ်​သူတစ်​​ယောက်

ဘယ်​သူမှ​တော့ စိုးရိမ်​​ကြောင့်​ကြ​နေရတာ မကြိုက်​​ပေမယ့်​ ​လေ့လာစမ်းသပ်​ချက်​​တွေအရ ပို​တော်​တဲ့သူ​တွေဟာ စိုးရိမ်​မှုပို​များ​ကြောင်း​ တွေ့ရှိရပါတယ်​။ စိုးရိမ်​ပူပန်တတ်​သူ​တွေဟာ ပိုပြီး အာရုံစိုက်​နိုင်​ကြပြီး အလုပ်​တစ်​ခုပြီးတစ်​ခု ပြီး​အောင်​ လုပ်​​ဆောင်​နိုင်​စွမ်း ရှိကြပါတယ်​။

သင်​ဟာ ဘယ်​သန်​တစ်​​ယောက်​ပါ

ဘယ်​သန်​​တွေဟာ ငယ်​စဉ်​တည်းက အ​ဆော့မက်​ပြီး ကြီးပြင်းလာကြတာပါ။ အခုလို နည်းပညာ​ခေတ်​ကြီးမှာ​တောင်​ ဘယ်​တန်​​တွေ ဘာ​ကြောင့်​ဥာဏ်​​ကောင်းတယ်​ဆိုတာ ​မရှင်းပြနိုင်​​ပေမယ့်​ ​ယောက်ျား​လေး ဘယ်​တန်​​တွေဟာ ဥာဏ်​​ကောင်းမှန်း အရမ်းသိသာပါတယ်​။


Source: shweinnlay

Monday, 11 February 2019 10:31

သင်ပိုင်ဆိုင်ထားသင့်တဲ့ စွမ်းဆောင်ရည်များ

အချိန်မှန်ဖို့ ကြိုးစားပါ

နောက်ကျတတ်တဲ့သူကို ဘယ်သူမှမနှစ်သက် ကြပါဘူး။ ကိုယ့်အပေါ်ယုံကြည်စွာ အပ်နှံထားတဲ့ အလုပ်တစ်ခုကို သတ်မှတ်တဲ့ နေရက်နဲ့ အချိန်မှာ အဆုံးမသတ်ပေးနိုင်ခြင်းက သင့်အပေါ် လူတွေ အထင်အမြင်သေးစေမှာပါ။ ဒီတော့ အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

အချိန်ကို ကောင်းကောင်းအသုံးချ တတ်ပါစေ

ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ ဘာကိစ္စတွေ ပြီးရမယ်ဆိုတာကို ပုံမှန်အစီအစဉ်ဆွဲထားဖို့ လိုအပ်ပါတယ်။ ဒီတော့မလိုအပ်ပဲ စောင့်ဆိုင်းရတာ၊ အချိန်မီမပြီးတာ၊ မေ့လျော့ပြီး မလုပ်ဖြစ်တာတွေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပါစေ

ကိုယ့်တာဝန်ကို ကိုယ်ကိုတိုင် ရှင်းရှင်းသိမှ ကျေပွန်စွာ ထမ်းဆောင်လို့ရမယ်ဆိုတာ သင်နားလည်ထားရမှာ ဖြစ်ပါတယ်။ ပန်းတိုင်ကိုသိမှ၊ လမ်းစကို ရှာလို့ရမှာ ဖြစ်ပါတယ်။


ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း

လုပ်ငန်းခွင်ဆိုတဲ့ နေရာဟာလည်း လူအမျိုးမျိုးနဲ့ စိတ်အထွေထွေ ကြုံတွေ့ရတာကြောင့် လူတိုင်းနဲ့ လိုက်လျော ညီထွေနေတတ်တဲ့ သင့်ရဲ့စွမ်းဆောင်ရည်ဟာ သင့်လုပ်ငန်းအတွက်ရော၊ သင့်ဘ၀ကိုပါ တိုးတက်စေနိုင်ပါတယ်။

နာခံတတ်ပါစေ

သင့်လုပ်ငန်းရှင်၊ အထက်လူကြီးက ပေးအပ်တဲ့တာဝန်ကို ပြီးဆုံးအောင်ထမ်းဆောင်ရမှာက သင့်တာဝန်ပါ။ ဆင်ခြေ၊ ဆင်လက်ပေးလို့ မရပါဘူး။ သင့်အထက်လူကြီး အများစုက ရေပါတာပဲလိုချင်တယ်၊ ရေဘူးပေါက်တာ မလိုချင်ဘူး လို့ဆိုကြမယ့် လူတွေ များပါတယ်။ သူ့တို့အတွက် အကောင်းမွန်ဆုံး စွမ်းဆောင်ပြခြင်းက သင့်အတွက် တိုးတက်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

လူအများနှင့် ပူးပေါင်းဆောင်ရွက်တတ်ပါစေ

သင်ဟာ အလုပ်ခွင်မှာ လူအများနဲ့ မဖြစ်မနေ ထိတွေ့ ဆက်ဆံရတာကြောင့် လူတွေနဲ့ ပူပေါင်း လုပ်ဆောင်တတ်ခြင်းဟာလည်း လိုအပ်တဲ့ အရည်အချင်းတစ်ခုပါပဲ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ညီညီညွတ်ညွတ် ဆောင်ရွက်ကြခြင်းက လုပ်ငန်းရဲ့ ထုတ်ကုန်ကို နှစ်ဆတိုးမြှင့်စေမှာ ဖြစ်ပါတယ်။

အလုပ်လုပ်ချင်စိတ်မွေးပါ

ပျင်းရိလာတဲ့အခါ၊ ဖိစီးမှုများလာတဲ့အခါ လူတွေဟာ အလုပ်လုပ်ချင်စိတ် ကုန်ခန်းလာ တတ်ပါတယ်။ ဒါကို အဖြစ်မခံပါနဲ့။ အမြဲအလုပ်လုပ်ချင်စိတ်မွေးမြူပါ။ ဒါဆို သင်ဟာလုပ်ငန်းခွင်မှာ အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ သူလို့ နာမည်ကောင်းရလာမှာ ဖြစ်ပါတယ်။

မိမိ ပြောလိုက်တဲ့စကားကို အမြဲတည်အောင်ကြိုးစားပါ

ယုံကြည်မှုဆိုတာ အချိန်ကြာကြာ ဆောက်တည်ရတာမျိုးဖြစ်ပြီး၊ တစ်ခါပျက်ပြားသွားရင်လည်း ဘယ်တော့မှ ပြန်မရနိုင်တော့တာမျိုးပါ။ ဒီတော့ ကတိတည်သူတစ်ယောက်၊ စကားတည်သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။


Source: momolay

Friday, 08 February 2019 15:16

စာညံ့သူတွေက ဘ၀မှာ ပိုအောင်မြင်တဲ့ အကြောင်းအရင်း

အလုပ်ကို ပိုအားစိုက်ကြိုးစားကြတယ်။

တက္ကသိုလ်ကနေ အဆင့်ကောင်းကောင်း ထွက်လာကြတဲ့ သူတွေမှာ ရွေးချယ်စရာလမ်းတွေ များစွာ ရှိကြပါတယ်။

ဒါပေမယ့် အဆင့်ကောင်းကောင်း မရခဲ့ သူတွေကတော့ သူတို့နဲ့ယှဉ်ရင် ရွေးစရာ လမ်းနည်းပါးတဲ့ အတွက် လုပ်ငန်းခွင် အင်တာဗျူးတွေ ပြင်ဆင်ရာမှာ ပိုကြိုးစားပြင်ဆင်တတ်ကြသလို၊ လုပ်ငန်းခွင် ထဲ ရောက်လာရင် ပိုအားစိုက် ကြိုးစားကြတာကို တွေ့ရပါတယ်။

ပေါင်းသင်းဆက်ဆံရေး ပိုကောင်းကြတယ်။

အတန်းထဲမှာ ထိပ်ဆုံးရောက်နေတဲ့ သူတွေနဲ့ယှဉ်ရင် နောက်ဆုံးမှာရှိနေသူတွေက လူမှုပေါင်းသင်း ဆက်ဆံရေး ပိုကောင်းကြပါတယ်။

ထိပ်ဆုံးမှာ ရှိခဲ့သူတွေက သူတို့ကိုယ်တိုင် လူတော်ဖြစ်တာကြောင့် လူတော်တွေနဲ့ပေါင်းသင်းဆက်ဆံ ဖို့ဆိုတာ သူတို့အတွက် ခဲယဉ်းကြပြီး လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းသူတွေဟာ အလုပ်အကိုင်ကောင်းကောင်း ပိုရဖို့ အခွင့်အရေး များပါတယ်။

သင်ယူလိုစိတ် အပြည့်အ၀ရှိတယ်။

စာညံ့သူတွေဟာ သင်ယူလိုစိတ် ပြင်းပြသူတွေ ဖြစ်ပါတယ်။ ပြင်ပအရာများကို စူးစမ်းလေ့လာလို စိတ်အပြည့် ရှိနေတာကြောင့် အားနည်းချက်၊ အားသာချက်နဲ့အောင်မြင်မှု ရဲ့ သော့ချက်တွေကို မြင်နိုင်ကြလို့ပါ။

ငယ်စဉ်က အတန်းပညာ မထူးချွန်ကြသူတော်တော်များများဟာ အောင်မြင်မှုရနေကြတာပါ။

အရှုံးထဲကို သင်ခန်းစာယူတယ်။

သူတို့အတွက်ကတော့ လုံးဝပြီးပြည့်စုံတဲ့ Perfect ကို ရှာနေတာ မဟုတ်ပါဘူး။ အလုပ်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ချက်ချင်းအကောင်အထည်ဖော်တတ်ပြီး မအောင်မြင်ခဲ့ရင် အရှုံးထဲက သင်ခန်းစာကို ယူတတ်ကြပါတယ်။

Source: shwemom

Friday, 08 February 2019 13:27

ထိပ်ဆုံးကို ရောက်ရှိဖို့ ဖြတ်သန်းရမယ့် အဆင့်(၅)ခု

အောင်မြင်မှုဆိုတာ သာမန်ကြည့်မယ်ဆိုရင်တော့ နီးစပ်တဲ့ ပစ်မှတ်တစ်ခု၊ လမ်းထောင့်က နေရာတစ်ခု၊ အထင်ကြီးလောက်စရာ ရပ်တည်မှုတစ်ခုလို့ ထင်မှတ်စရာရှိပါတယ်။

Friday, 08 February 2019 13:17

စိတ်ဖိစီးမှုကနေ အောင်မြင်မှုအဖြစ်ပြောင်းလဲဖို့ လက်တွေ့နည်းလမ်း(၃)ခု

စိတ်ဖိစီးမှုကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုတိုင်းက မကောင်းတာတော့ မဟုတ်ပါဘူး။

Wednesday, 06 February 2019 10:38

စီးပွားရေးတစ်ခု လုပ်တော့မယ်ဆို အရင်ဆုံး သုတေသနလုပ်ပါ

ကိုယ်လုပ်မည့် စီးပွားရေးအကြောင်း သေချာလေ့လာလိုက်စားပါ။

Tuesday, 05 February 2019 10:03

လုပ်ငန်းခွင်အတွင်း ပဋိပက္ခတွေ ပြေလည်စေဖို့ နည်းလမ်း (၆)ခု

နေ့စဉ်လူတွေနဲ့ တွေ့ဆုံဆက်ဆံနေသ၍ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေက ရှောင်လွှဲလို့ မရနိုင်ပါဘူး။ လုပ်ငန်းခွင်အတွင်းမှာလည်း ၀န်ထမ်းအချင်းချင်းကြား၊ ၀န်ထမ်းနဲ့လူကြီးအကြား၊ ဌာနတစ်ခုနဲ့တစ်ခုကြား စသဖြင့် ပဋိပက္ခတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလို ပဋိပက္ခတွေ ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို နည်းလမ်းတစ်ချို့ဖော်ပြလိုက်ပါတယ်။

၁။ ပဋိပက္ခကို လက်ခံပါ။

အငြင်းပွားစရာ ပဋိပက္ခတစ်ခုခုဖြစ်လာပြီဆိုရင် ဘာမှမဖြစ်သလို ဟန်ဆောင်မနေပါနဲ့။ ရှောင်ထွက်ဖို့လည်း မကြိုးစားပါနဲ့။ ဒီလို ရှောင်နေတာက အချိန်ကြာလာတာနဲ့အမျှ တင်းမာမှုတွေပိုများလာပြီး အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ မပြေလည်မှုတွေကနေ ပြဿနာကြီးတွေ၊ နာကျည်းမှုတွေဖြစ်မသွားခင် တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းပါ။ ၀န်ထမ်းအချင်းချင်းကြားမှာ ပဋိပက္ခဖြစ်တာကို သိရင် ဘယ်လိုအဖြေရှာပေးရမလဲဆိုတာကို လမ်းညွှန်ပေးပါ။ ဌာနတစ်ခုနဲ့တစ်ခုကြားမှာ အဆင်မပြေဖြစ်နေရင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုတိုးပွားလာအောင် လုပ်ဆောင်ပေးပါ။

၂။ အချင်းချင်းစကားပြောပါ။

အဆင်မပြေဖြစ်နေရတဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ အသင်းအဖွဲ့အချင်း ပြင်ပအနှောင့်အယှက်မရှိပဲ စကားပြောနိုင်အောင် အချိန်သတ်မှတ်စီစဉ်ပါ။ တွေ့ဆုံကြတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် သဘောထားတွေ အပြန်အလှန်တင်ပြချိန်ပေးပါ။ စကားဝိုင်းကို တစ်ဦးတစ်ယောက်၊ တစ်ဖက်ထဲကပဲ ကြီးစိုးနေတာမျိုး မဖြစ်ပါစေနဲ့။ တွေ့ဆုံစကားပြောချင်းဟာ ရန်ဖြစ်ဖို့ မဟုတ်ဘူးဆိုတာ သတိထားပါ။

၃။ ဂရုတစိုက် နားထောင်ပါ။

တစ်ယောက်ယောက်က စကားပြောနေချိန်မှာ သေချာနားထောင်ဖို့ လိုပါတယ်။ တဖက်သူရဲ့စကားကို ဖြတ်ပြီး မပြောပါနဲ့။ တဖက်ကပေးချင်တဲ့ အချက်အလက်၊ ပြောချင်တဲ့အဓိပ္ပါယ်ကို သေချာနားလည်တဲ့အထိ နားထောင်ပါ။ နားမလည်ရင် ပြန်မေးပါ။ တဖက်ကသူ ဘာကို စိတ်ပျက်နေတာလဲ။ စိတ်အလိုမကျဖြစ်နေတာလဲဆိုတာ သေချာသိအောင် ကြိုးစားပါ။ ဒီလို နားထောင်တာဟာ နားလည်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ တစ်ဖက်သူပြောတာကိုသေချာနားမလည်ပဲ တုံ့ပြန်ဖို့မကြိုးစားပါနဲ့။

၎။ သဘောတူညီမှုကို ရှာဖွေပါ။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ငြင်းခုံဖို့ပဲ ဦးတည်နေမယ်ဆိုရင် ဘယ်တော့မှအဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေနိုင်မယ့် သဘောတူညီမှုတစ်ခုကို ရှာဖွေပါ။ အဆိုးမြင်စိတ်တွေ၊ မကောင်းတဲ့အချက်တွေထဲက ကောင်းတာတွေကို ရှာဖွေပါ။

၅။ လမ်းညွှန်မှုပေးပါ။

သင့်အနေနဲ့ ဦးဆောင်သူနေရာက ရှိမယ်ဆိုရင် ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ နာကျည်းချက်တွေ မဖြစ်စေဖို့ တကယ်ပြဿနာကိုပဲ ဖြေရှင်းနိုင်အောင် နည်းပေးလမ်းပြလုပ်ပေးပါ။ အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေပေးပါ။ အချင်းချင်းပြေလည်စေနိုင်မယ့် အချက်တွေကို ဆွဲထုတ်ပြပေးပါ။

၆။ ခွင့်လွှတ်နားလည်နိုင်အောင် ကြိုးစားပါ။

ပဋိပက္ခတိုင်းဟာ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်မှုတွေကို အသိအမှတ်ပြုပြီး ရှင်းလင်းတဲ့ဆုံးဖြတ်ချက် ရရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခု ရအောင်ရှာပါ။ အရင်ဆုံးတောင်းပန်လိုက်ပါ။ သင့်အနေနဲ့ ပြောမှားဆိုမှားတာတွေ လုပ်မှားကိုင်မှားတာတွေအတွက် အမှန်တကယ် စိတ်မကောင်းကြောင်း တောင်းပန်ပါ။ သင့်ဖက်က အရင်ခွင့်လွှတ်နိုင်ဖို့ လိုပါတယ်။ အပေါ်ယံ အလျှော့ပေးတာက အချိန်ကြာလာရင် အငြိုးတွေဖြစ်လာနိုင်ပါတယ်။ တကယ်ခွင့်လွှတ်ပြီး နားလည်ပေးနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။


Source: Gentleman Magazine

Tuesday, 05 February 2019 09:32

ငွေကြေးရည်မှန်းချက်တွေ အောင်မြင်စေဖို့ နည်းလမ်း (၄)ခု

ငွေကြေးချမ်းသာရေးနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေ အကြံပေးစကားတွေ အများကြီး ကြားဖူးကြပါလိမ့်မယ်။ ငွေကို ပိုပြီးစုဆောင်းဖို့၊ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုလုပ်ဖို့၊ အကြွေးတွေ

Monday, 04 February 2019 10:46

အလုပ်နဲ့ ဘဝကိုပြောင်းလဲစေနိုင်တဲ့ အကြိုက်ဆုံး ဆိုရိုးစကား (၅)ခု

ကျွန်တော်တို့ရဲ့အသိဉာဏ်တွေကို ကြီးထွားကွန့်မြူးမှုဖြစ်ပေါ်စေနိုင်တဲ့ ဆိုရိုးစကားပေါင်း များစွာရှိပါတယ်။ တချို့ဟာတွေဆို ရင်းရင်းနှီးနှီးဖြစ်ပြီးသားတောင် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

အခုဖော်ပြထားတဲ့ ဆိုရိုးစကားတွေဟာဆိုရင် သင့်ရဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ကို ကူညီတွန်းတင် ပေးနိုင်ပါလိမ့်မယ်။

၁။ ကောင်းတာတွေလုပ်ဆောင်နိုင်ဖို့အတွက် မကောင်းတာတွေကို မြင်အောင်ကြည့်ပါ

ဒီဆိုရိုးစကားလေးမှာဆိုရင် ကောင်းမွန်မြင့်မြတ်တဲ့ ပညာဉာဏ်အမြှော်အမြင်တချို့ ပါဝင်နေတယ်။ မကောင်းတဲ့အရာတွေကို ဆန်းစစ်ပါ။ ပြီးရင် သင့်ရဲ့ ပင်ကိုယ်စရိုက်တွေကို ပိုကောင်းလာအောင် ပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင် အဲဒီအရာတွေကို အသုံးချရမယ်။

၂။ လုပ်မလား၊ သေမလား

အသိဉာဏ်တွေကို ကွန့်မြူးသွားစေနိုင်တဲ့ ဆိုရိုးစကားအများစုဟာ သင့်ကို ဘာလုပ်ရမယ်ဆိုတာ ပြောပြကြတယ်။ ဒီဆိုရိုးစကားလေးမှာဆိုရင်လည်း သင့်ကို ရွေးချယ်ခိုင်းလိုက်တာပဲ။ ဒါမျိုးလေးတွေက မှတ်လည်း မှတ်ထားသင့်တယ်။

၃။ နေဝင်ချိန်ကို ကျော်ကြားခြင်းနဲ့ ထိန်းချုပ်ပါ

တွေးကြည့်မယ်ဆိုရင် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တိုင်းအတွက် နေဝင်ချိန်ရောက်ဖို့ သိပ်ကိုခက်ခဲတယ်။ ဥပမာပြရရင် ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ခေတ်ဦးပိုင်းမှာဆိုရင် အနော်ရထာ။ ဒီဘက်ခေတ်မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း။ အမေရိကန်မှာဆိုရင် အေဗရာဟန်လင်ကွင်း တို့လိုပေါ့။

၎။ အရာအားလုံးကို နားလည်နိုင်တယ်

ဆိုလိုတာက ပြဿနာတိုင်းမှာ အဖြေရှိတယ်ပေါ့။ အားလုံးကို သဘာဝရဲ့ အောက်မှာ ရှာဖွေကုစားလို့ ရနိုင်တယ်။

၅။ ပုစ္ဆာတိုင်းမှာ အဖြေပါခဲ့ပြီးသား

ကျွန်တော်တို့ နေ့စဉ်ဘဝမှာဆိုရင် ပြဿနာတစ်ခုပေါ်လာတိုင်း အဖြေကို လွဲမှားစွာကြည့်နေကြတယ်။ တကယ်တော့ ပြဿနာတစ်ခုရဲ့အဖြေဟာ အဲဒီပြဿနာထဲမှာပဲရှိနေတယ်ဆိုတာကို မြင်အောင်မကြည့်ကြဘူး။ ကျောင်းတုန်းက သင်္ချာပုစ္ဆာတွေလိုပေါ့။ ပြဿနာကို နားလည်သွားရင် အဖြေရဖို့အတွက် ပုံသေနည်းတွေ၊ သီအိုရီတွေ မလိုအပ်ပါဘူး။

Ref: http://inc-asean.com

Page 6 of 13