×

Warning

JUser: :_load: Unable to load user with ID: 723


Success

Monday, 15 May 2017

အောင်မြင်သူတို့ရဲ့ အမူအကျင့်ကောင်းဟာ ဘာလဲ?

အောင်မြင်သူတို့ရဲ့ အမူအကျင့်ကောင်းဟာ ဘာလဲ? Google.com

ဘ၀မှာ အောင်မြင်မှုရရှိစေဖို့ အောက်ပါအရည်အချင်းတွေကို သင်မဖြစ်မနေ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

၁ . ရည်မှန်းချက်ထားပါ။

ငါဘယ်အရွယ်မှာ၊ ဘယ်နေရာကို ရောက်နေရမယ်၊ ဘာတွေလုပ်နေရမယ်ဆိုတဲ့ ပန်းတိုင်တစ်ခုဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ပန်းတိုင်မရှိပဲ ပြေးပွဲဝင်နေရင်တော့ ထာဝရမောပန်း နေရပါလိမ့်မယ်။

၂. ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ့် နည်းလမ်းကို သတ်မှတ်ပါ။

ပန်းတိုင်တော့ရှိပြီ၊ ထိုပန်းတိုင်ကို ဘယ်လိုသွားမလဲဆိုတဲ့ နည်းလမ်းကလည်း အရေးကြီးပါတယ်။ အောင်မြင်မှု့ထံကို ရောက်ရှိစေမယ့် နည်းဗျူဟာတွေကို စာအုပ်စာပေတွေ၊ အတွေ့အကြုံရင့်ကျက်သူတွေ၊ အပေါင်းအသင်း မိတ်ဆွေကောင်းတွေ၊ အောင်မြင်ပြီးသားလူတွေထံက သင်ယူနိုင်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ပညာတတ်အောင်လုပ်ပါ။

အတန်းပညာ၊ ဘွဲ့လက်မှတ်ဆိုတာတွေထက် သင်လျှောက်မယ့် လမ်းကြောင်းနဲ့ သက်ဆိုင်သော ပညာရပ်တွေကို လေ့လာပါ။

သင်ဟာအောင်မြင်သော စီးပွားရေးသမားတစ်ဦး ဖြစ်ချင်တယ်ဆိုရင်၊ စီးပွားရေးနဲ့ဆိုင်တဲ့ အသိုငင်းအ၀ိုင်းထဲဝင်ပါ၊ စီးပွားရေးပညာရပ်တွေ လေ့လာပါ၊ ခေတ်ကို မျက်ခြေမပျက်ပါစေနဲ့။

၎. ငွေစုပါ။

မသုံးရက်၊ မစွဲရက် ခြစ်ကုပ်ခြိုးခြံတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ၀င်ငွေနဲ့ လိုက်လျောညီထွေစွာ သုံးစွဲရင်း၊ လစဉ်ပိုငွေတွေ ရှိအောင်နေပါ။

ထိုပိုငွေတွေကို ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဆောင်ချိန်မှာ အသုံးပြုရန် စုဆောင်းသိမ်းဆည်း ထားပါ။

၅. အချိန်မဖြုန်းပါနဲ့။

ဘ၀မှာအောင်မြင်လိုသူ ရည်မှန်းချက်ကြီးမားသူ တစ်ယောက်အတွက် အချိန်တွေဟာ လွန်စွာ အဖိုးတန်ပါတယ်။ အချိန်တိကျခြင်းက သင့်ကို လူအများလေးစားစေမယ့် အရည်အချင်းတစ်ခုဆိုလည်း မမှားပါဘူး။

၆. ကျန်းမာရေးလိုက်စားပါ။

ကျန်းမာရေးဟာ သင့်အောင်မြင်မှု၊ အချိန်တွေနဲ့ ငွေတွေကို ဖျက်စီးပစ်နိုင်ပါတယ်။ ထို့ကြောင့် ကျန်းမာရေးလိုက်စားပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၇. အပေါင်းအသင်းဝင်ဆံ့ပါစေ။

တစ်ခါတစ်ရံမှာ အပေါင်းအသင်း မိတ်ဆွေကောင်းဆိုတာလည်း အောင်မြင်မှုတို့ သွားရာလမ်းအတွက် အထောက်အကူဖြစ်စေပါတယ်။

လိုအပ်သော အဆက်အသွယ်၊ အသိအကျွမ်း၊ ပတ်ဝန်းကျင်၊ ပညာရပ်တွေဟာ မိတ်ဆွေကောင်းတွေစီကလည်း ရတတ်ပါတယ်။ အပေါင်းအသင်းများလေ၊ အဆက်အသွယ်အသိအကျွမ်းများလေ၊ အောင်မြင်မှု လမ်းကြောင်း မှန်လေ ဖြစ်ပါတယ်။

၈. ကြိုးစားပါ။

မကြိုးစားပဲ၊ အလကားနေ အောင်မြင်နေတဲ့သူဆိုတာ မရှိပါဘူး။ ရောက်ချင်သော ပန်းတိုင်ကို ရှေးရှုလို့ ကြိုးကြိုးစားစား ခရီးဆက်ရမှာ ဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ လူတိုင်းမရောက်နိုင်သော နေရာမို့ အခက်အခဲ အတားအဆီးများလည်း မလွဲမသွေရှိမှာကို သိထားပြီး ဖြစ်ရပါမယ်။ လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ပါနဲ့။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: momolay

Read times Last modified on Saturday, 28 December 2019 11:47
Rate this articles
(7 votes)