×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 05 November 2018

စာသင်နေစဉ်အတွင်း ကျောင်းသားတွေ ဂနာမငြိမ် ဖြစ်နေပြီလား

သင်ဆရာတစ်ယောက်ဆိုရင်တော့ ဒီ post ကို ဖတ်ဖြစ်အောင်ဖတ်ပါ။

မျောက်ရှုံးအောင် ကစားတဲ့ ကလေးတွေနဲ့ ကြုံဖူးမယ်ထင်ပါတယ်၊ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ ဆူဆူ၊ ဘယ်လောက်ရိုက်ရိုက် ကစားမြဲ ကစားတဲ့ ကလေးတွေကို စာသင်ခန်းထဲမှာ စိတ်ပါအောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေ ကို ဖော်ပြပေး လိုက်ပါတယ်နော်....။

သင်က စာသင်ရတာကို စိတ်မ၀င်စားရင် သင်ရဲ့ ကျောင်းသားတွေကလည်း စာသင်ကြားရေးကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒီတော့ သင်ကိုယ်တိုင်စိတ်ဝင်စားမှုရှိအောင် သင်ဖို့တော့ လိုအပ်မယ်နော်....။

၁. ကျောင်းသားတွေကို ပူးပေါင်းပါဝင်ခွင့်ပေးပါ။

ဥပမာ - စာသင်နေတဲ့အခါ ဆရာကပဲ တတွတ်တွတ်သင်နေတဲ့အခါ ကလေးတွေက စိတ်ပါဝင်စားမှု လုံးဝမရှိတော့ဘူး။ ဒါလေး လိုက်မှတ် ဒါက အရေးကြီးတယ် ဒါကျက်ဆိုတာ လုံးဝ (လုံးဝ) မပြုလုပ်ပါနဲ့၊ သင့်အနေနဲ့ ဒီလိုသင်နေတယ်ဆိုရင် သင် စာသင်နေတဲ့အခန်းက  ငြီးငွေ့စရာ ဖြစ်နေပါလိမ့်မယ်။ ကလေးတွေကလည်း အဲလိုသင်တာ မကြိုက်ပါဘူးနော်...။ ကျောင်းသားနဲ့ ဆရာ အပြန်အလှန်ဆွေးနွေးမယ်၊ ဗဟုသုတတွေ ပြောပြမယ်၊ ဟာသလေးတွေ ထည့်ပြောမယ်ဆိုရင်တော့ ကလေးတွေကို စိတ်ဝင်စားအောင် ဆွဲခေါ်သင်ယူနိုင်မှာပါ။

ဒီတော့ စာသင်ခန်းအတွင်းမှာ ကျောင်းသားကို ဗဟိုပြု သင်ကြားခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၂. စာသင်ခန်းမှာ ပျော်စရာကောင်းအောင် ဖန်တီးပါ။

သင့်အတန်းကို အမှတ်ရစရာတွေ၊ ကစားပွဲတွေ၊ ပြိုင်ပွဲတွေ ပြုလုပ်ပေးပါ။ လူတိုင်းဟာ ပြိုင်ပွဲတွေကို နှစ်သက် ပျော်ရွှင်ဖွယ်ဖြစ်ပြီး သင်ယူခြင်းကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေစေအောင် အခွင့်အရေးတွေ ဖန်တီးပေးပါတယ်။ ဥပမာ - ဂိမ်းကစားတာမျိုးဆို သူတို့လေးတွေက အရမ်းကို တက်ကြွနေတတ်ပါတယ်။

၃. အချို့အရာတွေကို ဘာကြောင့် လုပ်ရသလဲဆိုတာကို ရှင်းပြပါ။

ကျောင်းသားများကို ဖတ်စာအုပ်ဖွင့်ပြီး စာမျက်နှာ တစ်ခုမှ လေ့ကျင့်ခန်းကို လုပ်ပါလို့ ခိုင်းတာလောက် ပျင်းစရာကောင်းတာမရှိပါဘူး။ စာလုပ်ခိုင်းပြီဆိုရင်တော့ ကျောင်းသားအများစုက ဟင် ဟာနဲ့ အလိုလို ငြီးတွားတတ်ကြတယ်၊။

အဲလို လုပ်ခိုင်းတော့မယ်ဆိုရင် အဲဒီလေ့ကျင့်ခန်းက ဘာကြောင့် အရေးကြီးကြောင်းနဲ့ ဘယ်လို အကျိုးကျေးဇူးတွေရမလဲ ဆိုတာကိုပါ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။

၎. မတူညီတဲ့ သင်ကြားရေးပစ္စည်းများကို အသုံးပြုပါ။

ကျောင်းသားများဟာ စာအုပ်ကို ကြည့်ရတာထက် မြင်ကွင်းကျယ် screen ကို ကြည့်ရတာကို ပိုမို နှစ်သက်ကြပါတယ်။

ဆရာတစ်ယောက်အနေနဲ့ စာသင်ခန်းထဲကို အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးမယ့် သင်ကြားရေး အထောက်အကူအသစ်တွေကို ရှာဖွေယူဆောင်လာဖို့ လိုအပ်ပါတယ်။

စာသင်ခန်းထဲကိုလည်း နည်းပညာအသစ်တွေကို ယူဆောင်လာခြင်းကလည်း ကျောင်းသားများကို စိတ်အားထက်သန်အောင် ပြုလုပ်ပေးခြင်း တစ်မျိးလည်း ဖြစ်ပါတယ်။

၅. ကျောင်းသားများကို ချီးမွမ်းပေးပါ။

ကျောင်းသားတွေရဲ့ လုပ်ဆောင်မှုတစ်ခုပြီးတိုင်း သူတို့ရဲ့ အဖြေတွေက မမှန်ဘူးဆိုရင်တောင် အထူးသဖြင့် အားနည်းတဲ့ ကျောင်းသားများအတွက် တော်လိုက်တာ တို့၊ ဖြေပေးတာ ကျေးဇူးပဲ ဆိုတဲ့ စကားတွေနဲ့ မှတ်ချက်ပေးပြီး ချီးမွမ်းပေးတာဟာ သူတို့ရဲ့ ယုံကြည်မှုကို တိုးပွားစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ ချီးမွမ်းတာဆို သိပ်ကြိုက်တယ်လေ...အဲတော့ သင့်တပည့်လေးတွေကိုလည်း မကြာခဏ ချီးမွမ်းစကား ပြောပေးပါနော်...။

Read times Last modified on Wednesday, 29 January 2020 14:59
Rate this articles
(1 Vote)