×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 06 November 2018

ထူးခြားတဲ့ဥာဏ်ရည်ဥာဏ်သွေး ပိုင်ရှင်များအဖြစ် ဖော်ပြနေတဲ့လက္ခဏာများ

လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ဖော်ထုတ်ဖို့အတွက် IQ test တွေနဲ့ အမြဲဖော်ထုတ်ဖို့ မလိုအပ်ပါဘူး။ သူတို့ရဲ့နေ့စဉ်ဘ၀လှုပ်ရှားမှုတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကနေ အဆိုပါဥာဏ်ကြီးရှင်များကို ခန့်မှန်းနိုင်ကြောင်း သုတေသီများက ဖော်ထုတ်ခဲ့ကြပါတယ်။

ဒါကြောင့် ပရိသတ်တွေလည်း ကိုယ်တိုင်ခွဲခြားစိတ်ဖြာကြည့်ပြီး ကိုယ်ဟာ ထူးခြားတဲ့ဥာဏ်ရည်ပိုင်ရှင်လားဆိုတာ ဆန်းစစ်ကြည့်ရအောင်လား။

၁။ သင့်ကိုလိမ်လည်ရင် စိတ်ကအလိုလိုသိနေတတ်တယ်။

တစ်စုံတစ်ယောက်က သင့်ကိုလှည့်စားဖို့ ကြိုးစားခဲ့ရင် စိတ်ကအလိုလိုရိပ်မိနေတတ်ပြီး သူတို့ကိုလှည့်စားခွင့်မပေးတတ်ပါဘူး။ သင်ဟာအမြဲတမ်း သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေ၊ လှုံ့ဆော်မှုတော်ကီတွေကို အမြဲတမ်းခြေတလှမ်းအသာကနေ နားလည်သဘောပေါက်နေတာကြောင့် သူတို့ပါးစပ်ဟလိုက်တာနဲ့ ဘာကိုရည်ရွယ်တာလဲဆိုတာ သင်ကသိနေတာဖြစ်ပါတယ်။

၂။ သင်ဟာ ပြည့်ဝတဲ့လူတစ်တစ်ယောက်ပါ။

သင်ဟာ သင့်ရဲ့ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် သင့်ဘ၀တစ်ခုလုံးကို သူ့ရဲ့ဘေးမှာပဲ လှည့်ပတ်နေခွင့်မပြုပါဘူး။ သင့်မှာကိုယ်ပိုင်ဘ၀တစ်ခုရှိတာကြောင့် သင့်ရဲ့အလုပ်၊ ဆွေမျိုးများ နဲ့ဝါသနာအပေါ်ကို ဘယ်တော့မှ လစ်ဟင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်မှာချစ်သူပဲရှိရှိ၊ အိမ်ထောင်ပြုဖို့ပဲ စီစဉ်စီစဉ် သင့်ကိုယ်သင်အရာရာပြည့်စုံပြီးသား လူတစ်ယောက်လို့ခေါ်ဆိုနိုင်ပါတယ်။

၃။ တစ်ခါတစ်ရံတွေမှာ သင်ဟာရှုပ်ထွေးနေအောင် နေတယ်။

သင့်ရဲ့တိုက်ခန်းဟာ အမြဲတမ်း သန့်ရှင်းပြီးသပ်ယပ်နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ခါတစ်လေ ပွစာကြဲနေတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သန့်ရှင်းရေးလုပ်တာထက် ပိုပြီးအရေးကြီးတဲ့အရာတွေကိုပဲ လုပ်တတ်တာကြောင့် ရှုပ်ပွနေလည်း ဂရုမစိုက်တတ်တာပါ။

၎။ သင့်ကိုယ်သင် မညာတတ်ဘူး။

လူအတော်များများဟာ မရှိတာကိုအရှိလုပ်တတ်ကြသလို ကိုယ့်ကိုကိုယ်ညာဖို့အတွက် ၀န်မလေးတတ်ကြပေမယ့် intelligent person တွေကတော့ အရာရာကို အမှန်အတိုင်းလက်ခံတတ်ကြပါတယ်။ ဒီလိုအမူအကျင့်တွေက သူတို့ဘ၀အောင်မြင်မှုအတွက် ကောင်းမွန်တဲ့အားစိုက်မှုတွေဆီ တွန်းအားပေးတတ်ပါတယ်။

၅။သင်လိုအပ်တဲ့အချိန်တိုင်း သင့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တတ်တယ်။

ဥာဏ်ရည်ထက်မြက်တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့စိတ်ရင်းအတိုင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ချိုးနှိမ်ချင်မှာ မဟုတ်သော်လည်း ခံစားချက်ကို အကောင်းဆုံးထိန်းချုပ်တတ်ကြပါတယ်။ ဒါကြောင့် အရှုံးတွေ၊ မကျေနပ်မှုတွေကိုကြုံလာတဲ့အခါ ထူးထူးခြားဖြစ်လောက်အောင် အမူအယာမပျက်ကြပဲ ဖြစ်သမျှအကြောင်း အကောင်းကြီးပဲဆိုတဲ့ ပုံစံမျိုးနဲ့ နေတတ်ကြပါတယ်။

၆။ အမြဲတမ်း အစီအစဉ်တွေကို ချမှတ်တတ်တယ်။

သူတို့ဟာ အရေးကြီးတဲ့အချိန်တိုင်းမှာ ချက်ချင်းလက်ငင်းဆိုသလို စိတ်ကူးတွေကို အကောင်အထည်ဖော်ရတကို နှစ်သက်ကြပါတယ်။ ဒါကြောင့် အခြေအနေအရပ်ရပ်ကို မြန်ဆန်စွာသုံးသပ်တတ်ပြီး အဖြစ်နိုင်ဆုံး ရွေးချယ်ရာတစ်ခုခုကို လက်ငင်းဆုံးဖြတ်တတ်ကြပါတယ်။

၇။ တခါတလေမှာ အပျင်းတစ်ယောက်နဲ့ တူနေတယ်။

သုတေသန အသစ်တစ်ခုကတော့ ဥာဏ်ရည်ထက်မြက်တဲ့လူတွေဟာ ကာယအားထက်ဥာဏအားကို ပိုအားကိုးတတ်တာကြောင့် ပတ်ဝန်းကျင်မှာ နည်းနည်းအပျင်းကြီးသလို ထင်ရစေပါတယ်လို့ ဆိုပါတယ်။ လေ့လာမှုအနေအနေနဲ့ အတွေးသမားအုပ်စုရယ် တက်ကြွတဲ့သူတွေရယ်ဆိုပြီး အုပ်စုနှစ်စုကို အခြေခံပြီး လေ့လာခဲ့ပါတယ်။

ဒုတိယအုပ်စုကတော့ သူ့တို့ရဲ့အလုပ်ကိုတက်ကြွစွာလုပ်ဆောင်ဖို့ စိတ်ကိုပိုပြီး လှုံ့ဆော်နိုင်ပါတယ်။ အတွေးသမားအုပ်စုကတော့ လှုပ်ရှားမှုနည်းပါးစွာနဲ့ အခြားသူတွေကနေတဆင့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို နှစ်သက်ကြပါတယ်။ ဒါကြောင့် တက်ကြွတဲ့သူတွေဟာ စိတ်ရှုပ်ဖို့ပိုမိုလွယ်ကူတတ်ပြီး ခံစားချက်တွေကို ပြန်လည်ဖြည့်တင်းဖို့ သူတို့အားလပ်ချိန်ရဲ့အခြားလှုပ်ရှားမှုတွေကို အသုံးချရပါတယ်။

၈။ သင်ဟာအတိတ်မှာပဲ ရပ်မနေတတ်ဖူး။

သင်ဟာသင့်ရဲ့အတိတ်ကအတွေ့အကြုံတွေနဲ့ မှတ်ဥာဏ်တွေကို တန်ဖိုးထားတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြောခဲ့တဲ့စကားတွေ၊ လုပ်ခဲ့တဲ့အရာတွေအပေါ်မှာ ပြန်လည်နေထိုင်ခြင်းကို မနှစ်သက်တတ်ပါဘူး။ ဒါကြောင့် လက်ရှိပစ္စုပ္ပန်မှာသာ နေထိုင်တတ်ပြီး အနာဂတ်အတွက် စိတ်ကူးတွေ အစီအစဉ်တွေကို ချမှတ်နေတတ်ပါတယ်။ ဒီအတွက်လည်း သင်ပျော်နေပါလိမ့်မယ်။

၉။ အမှားတွေကို လုပ်တတ်တယ်။

အရူးတွေသာ သင်အမှားလုပ်မိတဲ့အခါ အရှက်ရလိမ့်မယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် အမှားလုပ်တယ်ဆိုတာဟာ ဘ၀ကိုရှေ့ဆက်ဖို့အတွက် အစိတ်အပိုင်းတွေ ဖြစ်ကြောင်း သင်ကနားလည်ပြီး အမှားတွေကို ထပ်ခါမပြုလုပ်မိအောင် ရှောင်ကျဉ်ပါလိမ့်မယ်။

၁၀။ အခြားသူတွေကို သက်သေပြဖို့ မကြိုးစားတတ်ဖူး။

သင်ဟာ သင့်ရဲ့ထူးချွန်မှုတွေကို အခြားသူတွေအားမကြွားဝါတတ်သလို သင်ဘယ်လောက်စမတ်ကျကြောင်းကို ဘယ်တော့မှမသိစေပါဘူး။ လူတွေကသာ သင့်လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်ခြင်းကို နှစ်သက်ပါတယ်။ အရှုးတွေကသာ အခြားသူတွေကို သူဘယ်လောက်တော်ကြောင်း တမင်ထုတ်ဖော်ပြတတ်ပြီး ကိုယ်ရည်သွေးတတ်ကြပါတယ်။

၁၁။ သင့်ရဲ့လက်ချောင်းတွေကလည်း ပြောပြနေတယ်။

ဦးနှောက်နှင့်အပြုအမူသုတေသနရဲ့ ပုံနှိပ်ထုတ်ဝေမှု အဆိုအရ သင့်ရဲ့လက်ညှိုးနဲ့ လက်သူကြွယ်ကလည်း သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ဖော်ပြနေတယ်လို့ ဆိုထားပါတယ်။

source: lifestyle-myanmar

Read times Last modified on Wednesday, 29 January 2020 15:02
Rate this articles
(0 votes)