×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 06 November 2018

အောင်မြင်သူနဲ့ မအောင်မြင်သူကြား ဘာတွေကွာခြားလဲ သိနိုင်ဖို့

အောင်မြင်မှုဆိုတာ လူတွေ လက်လှမ်း မမှီနိုင်လောက်အောင် အရမ်းကို ထူးခြားဆန်းပြား နေတာတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အတွေးအခေါ်ယူဆချက်၊ လုပ်ဆောင်ချက်၊ လုပ်ပုံလုပ်နည်းတွေ အပေါ်မှာသာ မူတည်ပြီး အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့ သူဆိုတာ ကွဲပြားသွားကြတာပါ။

ဒီတော့ အောင်မြင်မှုရဲ့ သော့ချက်တွေက ဘာလဲ။ မအောင်မြင်တဲ့သူတွေနဲ့ အောင်မြင်တဲ့ သူတွေကြား ဘယ်လို လုပ်ဆောင်မှုတွေ ကွာခြားလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ မအောင်မြင်တဲ့ သူတွေက သူများအကြောင်း ပြောကြတယ်။

အောင်မြင်နေတဲ့ သူတွေက အကြံကောင်းတွေအကြောင်း ဆွေးနွေးကြတယ်။

၂။ မအောင်မြင်တဲ့ သူတွေက ပန်းတိုင်တွေ ထားရှိကြတယ်။

အောင်မြင်နေတဲ့ သူတွေက သူတို့လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အသေးစိတ် အစီအစဉ်တွေ ဆွဲပြီး အလေ့အကျင့်ကောင်းတွေ မွေးမြူကာ လုပ်ဆောင်တတ်ကြတယ်။

၃။ မအောင်မြင်တဲ့ သူတွေက ကိုယ့်ဘဝကိုကိုယ် စိတ်ပျက်ပြီး ညည်းညူနေကြတယ်။

အောင်မြင်နေတဲ့ သူတွေက ဘဝရဲ့ ဆူကြုံနိမ့်မြင့် မှန်သမျှကို ရင်ဆိုင်ဖြေရှင်းပြီး ကိုယ့်တာဝန်ကိုယ် သိတတ်ကြတယ်။

၎။ မအောင်မြင်တဲ့ သူတွေက လူ့ဘောင်ရဲ့ အရိုးစွဲနေတဲ့ စံသတ်မှတ်ချက်တွေကိုပဲ ဆုပ်ကိုင်ထားကြတယ်။

အောင်မြင်နေတဲ့ သူတွေက သူတို့ဘဝရဲ့ ကိုယ်ပိုင် စံသတ်မှတ်တွေကို ဖန်တီးတယ်။

၅။ မအောင်မြင်တဲ့ သူတွေက ခုရေတွင်းတူး ခုရေကြည်သောက် ဆိုသလို လုပ်ရတာကို နှစ်သက်ကြတယ်။

အောင်မြင်တဲ့ သူတွေကတော့ အချိန်တစ်ခုပေးဆပ်ပြီးမှ ရလာမယ့် အောက်ခြေခိုင်တဲ့ အောင်မြင်မှုကို နှစ်သက်ကြတယ်။

၆။ မအောင်မြင်တဲ့ သူတွေက ဘဝမှာ ပစ္စည်းဥစ္စာတွေ ပြည့်လျှံနေတာကို ဂုဏ်ယူတတ်ကြတယ်။

အောင်မြင်တဲ့ သူတွေက ဘဝမှာ တစ်ကယ် အရေးကြီးလား၊ အရေးမကြီးဘူးလား ဆိုတာတွေ အပေါ်မူတည်ပြီး ကန့်သတ်လုပ်ဆောင်တာကို ဂုဏ်ယူတတ်ကြတယ်။

၇။ မအောင်မြင်တဲ့ သူတွေက တစ်ခုခုကို တွေးရင် အပျက်ဘက်ကနေ စပြီး တွေးတတ်ကြတယ်။

အောင်မြင်တဲ့ သူတွေက တစ်ခုခုကို တွေးရင် ကောင်းတဲ့ဘက်ကနေစပြီး တွေးတတ်တယ်။

၈။ မအောင်မြင်တဲ့ သူတွေက သူများတွေကို ဝေဖန်တယ်။

အောင်မြင်တဲ့ သူတွေက ကိုယ့်ကိုယ်ကို ဝေဖန်တယ်။

၉။ မအောင်မြင်တဲ့ သူတွေက ဘဝတန်ဖိုးမြင့်လာဖို့ ဘာမှ အထောက်အပံ့မဖြစ်တဲ့ TV ဇာတ်လမ်းတွေပဲ အမြဲ ကြည့်ကြတယ်။

အောင်မြင်တဲ့ သူတွေက သူတို့ အသိဥာဏ်တွေ ရင့်သန်လာစေမယ့်၊ သူတို့ ဘဝတန်ဖိုး မြင့်တက်လာဖို့ သင်ကြားပေးနိုင်တဲ့ စာကောင်းပေကောင်းတွေနဲ့ပဲ မွေ့လျော်ကြတယ်။

၁ဝ။ မအောင်မြင်တဲ့ သူတွေက တစ်နပ်စားဥာဏ်နဲ့ ကြံတတ်ကြတယ်။

အောင်မြင်တဲ့ သူတွေက အတွေ့အကြုံတွေ၊ အခွင့်အလမ်းအသစ်တွေ၊ ရေရှည် အကျိုးခံစားလို့ ရမယ့်အရာတွေ စုဆောင်းပြီး ဘဝနောင်ရေး စိတ်အေးရအောင် လုပ်တတ်ကြတယ်။

၁၁။ မအောင်မြင်တဲ့ သူတွေက သူများထက်သာတာကို နှစ်သက်ကြတယ်။

အောင်မြင်တဲ့ သူတွေက မနေ့ကထက် ဒီနေ့ ကိုယ် ဘာတွေ တိုးတက်လာလဲ ဆိုတာပဲ ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်ကြတယ်။

၁၂။ မအောင်မြင်တဲ့ သူတွေက ဘာမှ မငြင်းဆန်ပဲ ပြီးစလွယ် လုပ်တတ်ကြတယ်။

အောင်မြင်တဲ့ သူတွေက ငြင်းသင့်တာ ငြင်းတယ်၊ လက်ခံပြီးသား အလုပ်တစ်ခုကိုတော့ အကောင်းဆုံး တာဝန်ယူလုပ်ဆောင် တတ်ကြတယ်။

Ref : GandaWin Magazine

Read times Last modified on Wednesday, 29 January 2020 15:14
Rate this articles
(0 votes)