×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 09 November 2018

အင်္ဂလိပ်စာလေ့လာဖို့ အကောင်းဆုံး Website များ

Native speaker တွေနဲ့ ဘာသာစကားလေ့ကျင့်ရတာ ထိရောက်ပေမယ့် ဒီလိုလုပ်ဖို့ အခွင့်အလမ်းနည်း ပါတယ်။ ဒါကြောင့် အားလပ်ချိန်မှာ လေ့လာနိုင်တဲ့ free website နဲ့ app တွေကို ဖော်ပြလိုက်ပါတယ်။

၁. BBC Learning English (www.bbc.co.uk/learningenglish)

website ဒါမှမဟုတ် app နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။ အင်္ဂလိပ်စာ အခြေခံ အတော်အသင့်ရှိသူတွေအတွက် ပိုသင့်တော်ပါတယ်။ အခုမှစလေ့လာသူတွေကတော့ ခက်ခဲနိုင်ပါတယ်။

သတင်းနဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက အသုံးအနှုန်းတွေကို video နဲ့ podcast(အသံဖိုင်) ကြိုက်ရာ ရွေးပြီး လေ့လာနိုင်ပါတယ်။ grammar နဲ့ပတ်သက်ပြီးလည်း လေ့လာနိုင်ပါတယ်။ listening skill တိုးတက်ချင်သူတွေဆိုရင် ပေးထားတဲ့လေ့ကျင့်ခန်းတွေကို များများ လုပ်နိုင်ပါတယ်။ သဘောကျရင်လည်း ကိုယ့်ဖုန်းထဲကို download ဆွဲလို့ရပါတယ်။

၂. British Council Learning English (learnenglish.britishcouncil.org)

website ဒါမှမဟုတ် app နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။ British council website မှာ Kids, adults နဲ့teens ဆိုပြီး သုံးပိုင်း ခွဲခြားထားပါတယ်။ အပိုင်းတိုင်းမှာ video၊ game နဲ့ podcast တွေနဲ့ပါဝင်ပါတယ်။ video တွေကြည့်ပြီးတိုင်း နားလည်နိုင်စွမ်း စစ်ဆေးတဲ့ လေ့ကျင့်ခန်းနဲ့ ဆွေးနွေးချက်တွေ ပါဝင်ပါသေးတယ်။

၃. Duolingo (www.duolingo.com/english)

website ဒါမှမဟုတ် app နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။ Duolingo မှာ Online quiz တွေပါဝင်ပါတယ်။ Quizz တွေ Game တွေကတဆင့် စကားလုံးအသစ်တွေ grammar တွေကိုလေ့လာနိုင်ပါတယ်။ သင်ခန်းစာတွေကိုလည်း “အစားအသောက်၊ မိသားစု” စသဖြင့် အမျိုးအစားခွဲခြားထားလို့ ထိရောက်လွယ်ကူစေပါတယ်။ နောက်အားသာချက်တစ်ခုကတော့ အသံထွက်အပိုင်းကို ဦးစားပေး လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

၎. Fluentu (www.fluentu.com/english)

website ဒါမှမဟုတ် app နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။ Fluentu မှာတော့ သီးသန့်ပြုလုပ်ထားတဲ့ videoတွေ မဟုတ်ပဲMusic video တွေ TV အစီအစဉ်တွေ၊ ကာတွန်းတွေနဲ့လေ့လာရမှာဖြစ်ပါတယ်။ အကြောင်းအရာမျိုးစုံကိုတစ်နေရာတည်းမှာလေ့လာနိုင်ပြီး စကားလုံး တစ်လုံးရဲ့အဓိပ္ပာယ်သာမက ဘယ်လိုအသုံးပြုတယ်ဆိုတာပါ ဥပမာမျိုးစုံနဲ့ဖော်ပြထားပေးပါတယ်။

၅. Livemocha (https://www.hellolingo.com/livemocha)

Online ကနေလေ့လာတဲ့အခါ လေ့ကျင့်ဖို့အခက်ခဲဆုံးကတော့ speaking နဲ့ reading ပဲဖြစ်ပါတယ်။ Livemocha website သုံးမယ်ဆိုရင် အင်္ဂလိပ်စာနဲ့ရင်းနှီးကျွမ်းဝင်စေရုံသာမက reading ပိုင်းကိုလည်း အလေ့အကျင့်ပြုလုပ်နိုင်ပြီး တကယ်အင်္ဂလိပ် စကားပြောဆိုသူတွေနဲ့လည်း လေ့ကျင့်နိုင်ပါတယ်။ အခုတော့ livemocha website အစား HelloLingo အမည်နဲ့ ရှာလို့ရပါတယ်။

၆. Many Things (www.manythings.org)

ဒီ website မှာကတော့ ဉာဏ်စမ်းပဟေဠိတွေ၊ စကားလုံးဆက်တဲ့ game တွေ၊ ဆိုရိုးစကားပုံတွေ၊ ဗန်းစကားတွေနဲ့ sentence construction လေ့ကျင့်ခန်းတွေပါဝင်ပြီး အသံထွက်လေ့ကျင့်ဖို့ pageလည်း ပါဝင်ပါသေးတယ်။ ဒီwebsite မှာ တခြား အင်္ဂလိပ်စာ လေ့ကျင့်တဲ့ websiteတွေကိုပါ ရှာတွေ့နိုင်ပါတယ်။

၇. a4esl (www.a4esl.org)

အင်္ဂလိပ်စာစတင်လေ့လာသူတွေအဖို့ ဘာသာစကားနှစ်မျိုးစီပါတဲ့ grammar နဲ့ vocabulary လေ့ကျင့်ခန်းတွေကို a4esl websiteမှာ ရယူနိုင်ပါတယ်။ အင်္ဂလိပ်စာဆရာတွေအတွက်လည်း သင်ကြာရေးမှာ အသုံးပြုနိုင်တဲ့ စကားပြော၊ မေးခွန်းနဲ့ game တွေရအောင် အကြံ ပေးထားတဲ့ linkလည်း ပါရှိပါတယ်။

၈. TV 411 ( Tv411.org)

စာတစ်ပုဒ်ကိုရှင်းအောင်ဖတ်နည်း၊ အတိုချုံးဖတ်နည်း၊ အဓိကအကြောင်း အရာကိုသိအောင် အကြမ်းဖျင်းဖတ်နည်းတွေကို native speaker ကိုယ်တိုင်ရှင်းပြတဲ့ videoတွေကို ပါဝင်ပါတယ်။ websiteမှာ reading၊ writing၊ vocabulary၊ Math၊ Science၊ နဲ့ Finance ကြိုက်နှစ်သက်ရာကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

source: point youth platform

Read times Last modified on Wednesday, 29 January 2020 15:27
Rate this articles
(1 Vote)