×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 20 November 2018

အင်္ဂလိပ်စကားပြော မြန်မြန်တိုးတက်ဖို့ ရှောင်/ဆောင်ရန် အချက်များ

ဘာသာစကားတစ်ခုကို လေ့လာလိုက်စားတဲ့အခါမှာ အချိန်များစွာ ကုန်ခံခဲ့ရပြီးမှသာ တတ်မြောက်လေ့ရှိတတ်ပါတယ်။

အဲဒီလို အချိန်အကုန်ခံကြတဲ့သူတွေကလည်း ကျောင်းတက်နေကြတဲ့သူတွေ၊ အချိန်ပေးနိုင်ကြတဲ့ သူတွေ အတွက်ကတော့ အဆင်ပြေပေမယ့် အချိန်ပေးပြီး မလေ့လာနိုင်ကြတဲ့သူတွေ အတွက်ကြတော့ အဆင်မပြေပါဘူး။

ဒီလိုနဲ့ တတ်တဲ့အထိ မလေ့လာတော့ပဲ နောက်ဆုတ်လိုက်ကြတဲ့ သူတွေ များမှများပါပဲ။ ဒီတော့ အဲဒီလို မဖြစ်ရလေအောင် အင်္ဂလိပ်စာ စကားပြော လေ့လာတဲ့အခါ မြန်မြန်တတ်ကျွမ်းအောင် အထောက်အကူဖြစ်စေမယ့် နည်းလမ်း သို့မဟုတ် စည်းကမ်းလေးတွေကို ဖော်ပြပေးလိုက်ပါ။

၁။ အင်္ဂလိပ်သဒ္ဒါတွေကို အများကြီး အဓိကထား မလေ့လာပါနဲ့။

အင်္ဂလိပ်စကားပြောသင်ပါတယ်ပါဆို အင်္ဂလိပ်သဒ္ဒါတွေ မလေ့လာပါနဲ့လို့ ပြောလိုက်တာနဲ့ သင့်နားထဲ တစ်မျိုး တမည် ဖြစ်သွားမယ်ထင်ပါတယ်။ ဒါပေမယ့် သိပ်အရေးကြီးတဲ့ စည်းမျဉ်းတစ်ခု ဖြစ်ပါတယ်။

အမှတ်ကောင်းကောင်းလိုချင်ရင်တော့ သဒ္ဒါကို လေ့လာရပါလိမ့်မယ်။ သို့သော် အင်္ဂလိပ်စကားပြော မြန်မြန်တတ်ဖို့ အတွက်ကတော့ အင်္ဂလိပ်သဒ္ဒါကို အဓိကထားလေ့လာလို့ မရပါဘူး။

သဒ္ဒါတွေကို လေ့လာတာဟာ သင့်ကို စကားပြောတဲ့အခါ အပြောအဆို နေးသွားအောင် တားနေသလို ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ပြောထွက်ဖို့အရေး သဒ္ဒါမှန်မမှန်ကို သင်စဉ်းစားစိုးရိမ်နေတာနဲ့တင်အချိန်ကုန်သွားလို့ပါ။ Native English Speaker တွေတောင်မှပဲ သူတို့သဒ္ဒါကို သေသေချာချာ မလေ့လာကြပါဘူး။

၂။ အင်္ဂလိပ် စကားစုတွေကို များများသင်ယူလေ့လာပါ။

လေ့လာသူတွေက အင်္ဂလိပ်စကားလုံးတွေကို အများစုလေ့လာကြပြီး အဲဒီစကားလုံးတွေကို စုပေါင်းပြီး ထင်သလို ပြောထွက်ပစ်ကြပါတယ်။ မြန်မာပြည်မှာဆိုရင် အင်္ဂလိပ်မီးနင်းတွေကို အလွတ်ရထားတဲ့ သူတွေ တစ်ပုံတပင် ကြီးပါ။

ဒါမဲ့ အဲဒီစကားလုံးတွေနဲ့ ဝါကျ မတည်ဆောက်တတ်ကြပါဘူး။ အကြောင်းရင်းကတော့ စကားစုတွေကို မလေ့လာကြလို့ဖြစ်ပါတယ်။ ကလေးတွေ ဘာသာစကားတစ်ခုကို စတင်လေ့လာတဲ့အခါ စကားလုံးရောစကားစုကိုပါလေ့လာသင်ယူကြသလို သင်တို့လည်း နှစ်ခုစလုံးကို တစ်ခါတည်း လေ့လာသင့်ပါတယ်။

၃။ ဘာသာပြန်နေဖို့ မစဉ်းစားပါနဲ့။

အင်္ဂလိပ်စကားကို ပြောထွက်ဖို့ ကြိုးစားနေတဲ့အခါမှာဆိုရင် သင့်မိခင်ဘာသာစကားကနေ အင်္ဂလိပ်လို ဘာသာပြန်ဖို့ မတွေးပါနဲ့။ မိခင်ဘာသာစကားကနေ့ အင်္ဂလိပ်လို့ တစ်လုံးချင်းစီ ပြန်စဉ်းစားပြီ စကားပြောဖို့စီနေရတာနဲ့တင် ပြောမထွက်တော့ပါဘူး။

ပြီးတော့လည်း သဒ္ဒါနည်းလမ်းမှန်မမှန်တွေးပြီး စိတ်ထဲမှာ ဘာသာပြန်နေမိတာကြောင့်လည်း ပြောမယ့်အရေး တစ်ထစ်ထစ်နဲ့ ကိုယ့်ကိုယ်ကို အားမရဖြစ်ပြီး ဆက်မလေ့လာချင်တဲ့ စိတ်တွေ ဝင်လာရမှာ ကြောက်ရပါတယ်။ ဒါကြောင့် စကားပြောတဲ့နေရာမှာ ဘာသာပြန်စဉ်းစားတဲ့ အကျင့်ကို ရှောင်ဖို့ သိပ်လိုအပ်ပါတယ်။

၃။ အင်္ဂလိပ်စကားပြောကို များများ လေ့ကျင့်ပါ။

အင်္ဂလိပ်စာတွေ စကားလုံးတွေကို ဖတ်နေကျက်နေရုံနဲ့၊ အင်္ဂလိပ်သီချင်းတွေ၊အသံဖိုင်တွေကို နားထောင်နေရုံနဲ့ မလုံလောက်ပါဘူး။ အဓိကလိုအပ်တာက ကိုယ်ကြားတာမှန်သမျှ၊ သင်ယူထားတာမှန်သမျှ ပြောထွက်နိုင်ဖို့ လေ့ကျင့်ယူမှ ရပါလိမ့်မယ်။

သင် အင်္ဂလိပ်စာကို ဖတ်ရင် ကောင်းကောင်းမွန်မွန် နားလည်ချင်နားလည်နေပါလိမ့်မယ်။ အဲဒီလိုပဲ သူများပြောတာကိုလည်း ကောင်းကောင်း နားလည်ချင် လည်ပါလိမ့်မယ်။ ဒါပေမယ့် ပြောတဲ့ အခါမှာတော့ထစ်အအနဲ့ ဖြစ်တတ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ သင် လေ့ကျင့်ထားတာက စကားပြောတတ်ဖို့ထက် ဖတ်ဖို့နဲ့ နားထောင်ဖို့ကိုပဲ လေ့လာထားလို့ဖြစ်ပါတယ်။ ဒီတော့ ကောင်းကောင်းပြောတတ်ဖို့ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြောထွက်တဲ့ လေ့ကျင့်မှုကို ပြုလုပ်ပါ။ နေ့တိုင်းလုပ်ပါ။

၎။ အချိန်မှန်မှန်တော့ လေ့လာပါ။

သင်တန်းတက်လိုက်၊ ပျက်လိုက် မလုပ်ပါတယ်။ အချိန်မှန်မှန်ကလေး လေ့လာနေပါမှာ အဆက်မပြတ်လေ့လာဖြစ်နေတဲ့အတွက် တိုးတက်မှုက ဖြစ်နေတာပါ။

တစ်ခါလေ့လာ ဆယ်ခါလောက် နား ဆိုရင်တော့သင်စိတ်သာ ငြီးငွေ့သွားမယ် အင်္ဂလိပ်စကားပြောကတော့ တစ်သက်လုံးတတ်လာမှာ မဟုတ်ပါဘူး။ “Practice makes perfect” ဆိုတဲ့အတိုင်း အဆက်မပျက်လေ့လာသင်ယူ ကျင့်သုံးနေမှာ တိုးတတ်လာနိုင်မှာပါ။

source: mynews

 

Read times Last modified on Wednesday, 29 January 2020 15:35
Rate this articles
(1 Vote)