×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 26 November 2018

သာမန်လူတစ်ယောက်က အောင်မြင်ရန် လုပ်သင့်သော (၉)ချက်

အောင်မြင်ကျော်ကြားနေသောသူဆိုတာဟာ ကံကောင်းလို့ သူဌေးဖြစ်နေသလို အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်ဖို့ ဖြစ်လာပါတယ်။

သူတို့တွေဟာ သူဌေးဖြစ်နည်း စာအုပ်တွေဖတ်ပြီး စာအုပ်ကြီးအတိုင်းလိုက်လုပ်လို့ အောင်မြင်လာတယ်လို့တော့ မရှိပါ။ များသောအားဖြင့် ကိုယ့်ရဲ့ကြိုးစားမှုကြောင့်သာလျှင် နာမည်ကြီး အောင်မြင်လာကြသူများသာဖြစ်ပါတယ်။

၁။ ရိုးရိုးလေးနေရင်လည်း ရပါတယ်

ဟန်ဆောင်ပြီး ပြုံးနေရင်လည်း စိတ်မပါသောကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ ရိုးရိုးသားသားနေတာဟာ မကောင်းစရာဘာမှမရှိ။ ရိုးသားသောကြောင့် ဒီလူကတော့ ယုံကြည်ရမယ်လို့ တဖက်သားက အခွင့်အရေးပေးမှာ အမှန်ပါ။

၂။ သူတပါးက အကြံပေးတာကို ဂရုတစိုက် လက်ခံနားထောင်ပါ

အကြံပေးခံရသောအခါမှာ အပြစ်လိုပြောသလို ရှိကောင်းရှိပါလိမ့်မယ်။ ဒါကို အကောင်းဘက်ကတွေးပြီး လက်ခံဆောင်ရွက်သင့်ပါတယ်။

၃။ အခြားသောသူကို မတုပါနဲ့

သူ့လို အောင်မြင်ချင်တယ်။ သူ့လိုဖြစ်ချင်တယ်။ သူ့လိုဖြစ်အောင် သူလုပ်သလိုလုပ်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ မထင်ပါ။ သူ့နဲ့အောင်မြင်သော အကြောင်းရင်းနဲ့ ကိုယ့်ရဲ့အခြေအနေက တူမယ်လို့ မထင်ပါ။ ဒီအတွက်ကြောင့် ကိုယ့်လုပ်ဆောင်နေကျအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားသင့်ပါတယ်။

၎။ ဘဝရဲ့ အဆိုးဆုံးအချိန်ကို သိနေသူ

အလိမ်ခံရသူ၊ သစ္စာဖောက်ခံရသူ၊ စီးပွားပျက်သွားသူ စသည်ဖြင့် ကိုယ့်ရဲ့ အရေးကြီးဆုံးသောအရာကို ဆုံးရှုံးဖူးသောသူဟာ ဘဝရဲ့အဆိုးဆုံးအချိန်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတွေကြောင့် သူတပါးအပေါ်မှာ စာနာထောက်ထားတတ်ပြီး ကိုယ်ချင်းစာတရားရှိပါတယ်။

၅။ ဝီရိယရှိရှိကြိုးစားရင် ကံကောင်းလာပါလိမ့်မယ်

မှန်မှန်သာ ကြိုးစားသွားရင်တော့ အောင်မြင်ပါလိမ့်မယ်။ ကိုယ့်ကကြိုးစာနေရင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်နဲ့စိတ်တူကိုယ်တူ သူငယ်ချင်းအပေါင်းအသင်းက ကိုယ့်နားကို ရောက်ကို ရောက်လာမှာပါ။

၆။ သူတစ်ပါးက မလုပ်ချင်သောအလုပ်ကို လုပ်နိုင်ရမယ်

သူတပါးက မလုပ်ချင်သောအလုပ်ကို ကိုယ်ကလုပ်နိုင်ရင် စီးပွားရေးအရတွေးရင် အောင်မြင်ရန် အခွင့်အရေး ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသောသူများက ဒီအလုပ် ဒီဈေးကွက်ကို နားမလည်လို့ပါ။

၇။ လက်ရှိလုပ်နေသောအလုပ်ကို အစွမ်းကုန် ကြိုးစားပြီးလုပ်ပါ

စိတ်ဝင်စားစရာ မကောင်းသောအလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာမကောင်းသောအလုပ်ကို လုပ်နေတာပဲဖြစ်ဖြစ် ကြိုးစားပြီးလုပ်စေချင်ပါတယ်။ လက်ရှိအလုပ်ကို ကြိုးစားပြီးလုပ်ရင် ကံကောင်းခြင်းတွေက ကိုယ့်ဆီကို အလိုလိုကို ရောက်လာပါလိမ့်မယ်။

၈။ ယုံကြည်ရသောသူ

သူတပါးအပေါ်မှာ ကောင်းလွန်းပြီး အလိမ်ခံရတာတွေ၊ စိတ်ညစ်စရာတွေ ကြုံကောင်း ကြုံရပါလိမ့်မယ်။ ဒါပေမဲ့လည်း လူတစ်ယောက်ကို ယုံကြည်ရန်အတွက် ဒီလူရဲ့စိတ်ဓာတ်၊ ကိုယ်ကျင့်တရားကိုသာလျှင် အဓိကထားပြီး ကြည့်ကြပါတယ်။ ရိုးသားပြီး ကိုယ့်ကျင့်တရားကောင်းသောသူကို မကောင်းသောသူရဲ့အသုံးချခံရတာထက် သူတော်ကောင်းတွေ့ရင်တော့ ပြောစရာပင်လိုတော့မည်မဟုတ်ပါ။

၉။ အောင်မြင်မယ်လို့ ယုံကြည်ထားသူ

အောင်မြင်မှုကို ခံနိုင်ရည်ရှိသူဖြစ်ရမလို၊ ဖြစ်ပေါ်လာမည့် ပြသာနာကိုလည်း ရဲရဲကြီး ရင်ဆိုင်ရမှာပါ။ ဘာပြသာနာနဲ့ပဲကြုံကြုံ စိတ်အေးအေးထားပြီး ဖြေရှင်းရပါလိမ့်မယ်။

Source: Chelmo Team

Read times Last modified on Wednesday, 29 January 2020 15:42
Rate this articles
(1 Vote)