×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 27 November 2018

သင့်ကိုယ်သင် နေ့တိုင်း ပြန်မေးသင့်တဲ့ မေးခွန်းများ!

လူတော်တော်များများမှာ နေ့စဉ်ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့သူက မရှိသလောက်ကို ရှားပါတယ်။

အခု ကျွန်တော်ပြောပြချင်တာက ကိုယ့်ကိုယ်ကိုယ် နေ့တိုင်းပြန်မေးသင့်တဲ့ မေးခွန်းလေးတွေပါ။

ဒီမေးခွန်းလေးတွေကို သင့်ကိုယ်သင် နေ့တိုင်းမေးမယ်ဆိုရင် ကိုယ်ဟာအောင်မြင်မှုရဖို့ ဘယ်လောက်ထိလိုအပ်သေးလဲ...?

ဘယ်အခြေအနေတစ်ခုကို ရောက်နေပြီလဲ ဆိုတာ စမ်းစစ်ပြီးသားဖြစ်မှာပါ။

-ဒီနေ့အတွက် ရည်မှန်းချက်ပန်းတိုင်ကဘာလဲ?

- ဒီနေ့အတွက် အကျိုးအရှိဆုံးဖြစ်အောင် အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲထားလဲ?

- ဒီနေ့အတွက် အရေးအကြီးဆုံး လုပ်ရမယ့်အရာ ၃ ခုကဘာလဲ?

- ဒီနေ့ဘာတွေ သင်ယူလေ့လာဖို့ လုပ်ထားလဲ?

- ဒီနေ့ဘယ်အပိုင်းကို ပိုတိုးတက်အောင်လုပ်ဖို့ ရည်မှန်းထားလဲ?

- ဒီနေ့ ကိုယ်ခန္ဓာနဲ့ စိတ်ကို ဘယ်လိုကျန်းမာ၊ ပျော်ရွှင်အောင်နေထိုင်ဖို့ စီစဉ်ထားလဲ?

နေ့စဉ်နေ့တိုင်း ရည်မှန်းချက်ပန်းတိုင် အသေးလေးတွေထားပါ။

ရည်မှန်းချက်ပန်းတိုင် အသေးလေးတွေကို ပြီးမြောက်အောင်လုပ်ပြီး အိမ်မက်အကြီးကြီးတွေကို အကောင်အထည်ဖော်ပါ။

"တစ်နေ့တစ်လှမ်း ပုဂံဘယ်ရွေ့မလဲ" "တောင်ကြီးဖဝါးအောက်" စတာတွေက တစ်လှမ်းချင်းလှမ်းခဲ့ရတာပါ။

အိမ်မက် ကြီးကြီးမက်ပါ။ အသေးလေးတွေကို ပြီးမြောက်အောင်လုပ်ပြီး အောင်မြင်မှုရယူပါ။

Source; Socialmedia

Read times Last modified on Thursday, 30 January 2020 14:03
Rate this articles
(1 Vote)