×

Warning

JUser: :_load: Unable to load user with ID: 723


Language

Thursday, 15 December 2016

အင်္ဂလိပ်စာကို ကျောင်းသား ၊ ကျောင်းသူများ ဘယ်လိုလေ့လာကြမလဲ

ကိုယ့်ကိုယ်ကို ကလေးလို သဘောထားပါ။

- ကလေးဆို စကားသင်ရင် ဖြည်းဖြည်းသင်ပေးရပါတယ်။ ပထမဦးဆုံး သူတို့နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့အရေးကို လုပ်ကြတယ်။

အင်္ဂလိပ်စာကို နေ့စဉ်နားထောင်ပါ။

- ရေဒီယိုမှလာသော အင်္ဂလိပ်ပိုင်း အစီအစဉ်များကို အမြဲနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေ ၊ ရုပ်ရှင်တွေ ကြည့်ရင်လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ အွန်လိုင်းသုံးတက်ရင်လည်း အင်္ဂလိပ်သင်ခန်းစာ site တွေ လျှောက်လေ့လာကြည့်ပါ။

အင်္ဂလိပ်ပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ။

- အင်္ဂလိပ်စကားဆိုတာက ပြောမှတတ်ပါတယ်။ ထို့ကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများပြောနိုင်အောင် အခွင့်အလမ်းယူပါ။ လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။

အင်္ဂလိပ်ဇာတ်လမ်း ၊ ပုံပြင်တွေ များများဖတ်ပါ။

- ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ ၊ ဆိုင်းဘုတ်တွေ ၊ အညွှန်းတွေကို လိုက်ဖတ်ကြည့်ပါ။

ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ။

- new words ဆိုပြီး မှတ်စုလေး တစ်အုပ်လောက်ထားပါ။ အက္ခရာစဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A,B,C…စသဖြင့် ရေးထားပါ။ ကြိုက်နှစ်သက်တဲ့ စာလုံးများကို မှတ်ထားပေးပါ။ အဘိဓာန်သုံးရင်လည်း English-English အဘိဓာတ်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ။

- စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စရေးကြည့်ပါ။ ကိုယ်ခံစားရတာကို အရင်စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန် ဘယ်သူတွေနဲ့တွေ့မယ် ၊ ဘာတွေလုပ်မယ်ဆိုတာ ရေးကြည့်ပါ။

အင်္ဂလိပ်စာဘာသာကို လေ့လာမှုမှန်ကန်အောင် သင်ကြားလိုသော ကျောင်းသား ၊ ကျောင်းသူများသည် sayar.com.mm တွင် အင်္ဂလိပ်စာ ဆရာ ၊ ဆရာမများနဲ့ ဆက်သွယ်နိုင်ပါတယ်။

Source: maukkha

Read times Last modified on Friday, 27 December 2019 15:19
Rate this articles
(0 votes)