×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 11 December 2018

သူဌေးဖြစ်မဲ့သူနှင့် သာမန်သူဟာ ဘာကွာခြားသလဲ

သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ  နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပေမယ့် သာမန်လူကတော့နောင်ရေးကို  တွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။

သူဌေးဖြစ်မယ့်သူကတော့ ကိုယ်အပေါ်ကျေးဇူးရှိတဲ့သူအတွက်ပိုက်ဆံကိုသုံးဖို့ မနှမြောပေမယ့် သာမန်သူကတော့ စုထားတဲ့ပိုက်ဆံလေးကုန်သွားမှာကို စိုးရိမ်ပြီး နည်းနည်းပဲ သုံးလေ့ရှိတယ်။


သူဌေးဖြစ်မယ့်သူကတော့ဆုံးရှုံးသွားတဲ့ပိုက်ဆံကိုနောင်ပြန်ရှာရင်ရတာပဲလို့တွေးပြီးသာမန်သူကတော့ဆုံးရှုံးသွားတဲ့ပိုက်ဆံကိုတွေးပြီးရင်းတွေးလေ့ရှိတယ်။


သူဌေးဖြစ်မယ့်သူကတော့ပိုက်ဆံမရှိလဲဘဝကိုဘယ်လိုပျော်အောင်နေရမလဲဆိုတာကို နားလည်တယ်။ သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင်နေလို့မရဘူးလို့ ထင်နေတတ်တယ်။


သူဌေးဖြစ်မယ့်သူကတော့အနာဂတ်မှာဝင်ငွေကိုပိုများအောင်ဘယ်လိုလုပ်မလဲကိုတာကို စဉ်းစားပြီး၊ သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင် ဘယ်လိုလုပ်မလဲဆိုတာကိုတွေးနေတတ်တယ်။


သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ်လို့ စဉ်းစားပြီးသာမန်သူကတော့ ဘဏ်မှာထည့်ထားရင်စိတ်ချမ်းသာနေတတ်တယ်။


သူဌေးဖြစ်မယ့်သူကတော့ခရီးသွားရင်ခရီးမှာတွေ့ခဲ့တဲ့အတွေ့အကြုံအသစ်တွေကိုရှာတတ်ပေမယ့် သာမန်သူကတော့ခရီးမှာနေစဉ် ဘဝကိုမေ့ပစ်ဖို့ကြိုးစားပါတယ်။


သူဌေးဖြစ်မယ့်သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ်လုပ်ပင်မဲ့ သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေ အပေါ်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။


သူဌေးဖြစ်မယ့်သူကတော့ကျန်းမာရေးအတွက်စဉ်းစားပြီးသေသေချာချာ စားသောက်တတ်ပေမယ့် သာမန်သူကတော့ ပိုက်ဆံကိုချွေတာပြီး ဖြစ်သလို စားတတ်သည်။


သူဌေးဖြစ်မယ့်သူကတော့လူတွေအတွက်ဘာအကျိုးရှိအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားပြီးသာမန်သူကတော့သူတပါးဆီကဘာကိုရမလဲဆိုတာကိုပဲ စဉ်စားလေ့ရှိ၏။

Read times Last modified on Wednesday, 29 January 2020 10:09
Rate this articles
(2 votes)