×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 20 December 2018

စာမေးပွဲ နီးမှ စာကုန်းကျက်တော့မည့် ကျောင်းသားတွေ သိထားသင့်တဲ့ (၅) ချက်

တစ်နှစ်လုံး အပြင်သင်တန်းတွေ ၊ရုံးတွေတက်ပြီး စာမေးပွဲနီးမှ အသည်းအသန် စာထလုပ်ရတဲ့ သူတွေအတွက် ဒီအချက်တွေက အသုံးဝင်မှာ ပါ။

(၁) အချိန်ဇယားဆွဲရင်း အချိန်ကုန်မခံပါနဲ့ ။

အချိန်ဇယား ဆွဲတာက စာကျက်ရတာလွယ်ကူသက်သာ မယ်လို့ ကျွန်တော်တို့ အားလုံးထင်ကြပါတယ်။ သို့ပေမယ့် ဒီနည်းလမ်းကစာမေးပွဲနီးမှ အသည်းအသန် စာထ ကျက်ရသူတွေ အတွက်တော့ ထင်ထားသလောက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဘာကြောင့်ဆို အချိန်စာရင်း ဆွဲရင်းနဲ့ စာကျက်ရမှာပိုပျင်းသွားတတ်ပြီး အချိန်လည်း ပိုကုန်ပါတယ်။

(၂) အားဖြည့်အချိုရည်။

Energy Drink တွေက ဦးနှောက်ပျက်တယ်၊ အသည်းပျက် တယ်ဆိုတာတွေ ခဏခေါက်ထားလိုက်ပါ။ အိပ်ငိုက်လွယ်တဲ့ လူတွေအတွက်ညလုံးပေါက်စာကျက်မယ်ဆို ကော်ဖီ နဲ့ အားဖြည့်အချိုရည် တွေကသာ အဓိက အထောက်အကူပေးပါလိမ့်မယ်။ တစ်နေ့ ၂ ဗူးထက်ပိုမသောက်မိဖို့တော့ သတိပြုပါ။ Energy Drinkသောက်ပြီးရင် သောက်ရေကိုလည်း အမြဲမပြတ်သောက်ပေးပါ။

(၃) ဘာသာတစ်ခုတည်းဆက်တိုက်မကျက်ပါနဲ့။

ဘာသာအားလုံးကို အညီအမျှ ကျက်ပါ။တစ်ရက်တည်းနဲ့ ဒီတစ်ဘာသာ အပြတ်ဖြတ် မယ်ဆိုတဲ့အစား ဘာသာစုံ ၃ ပုံ / ၁ ပုံပြီးအောင်ကျက်မယ် ဆိုတာက ဦးနှောက် ပင်ပန်းမှုကို ပိုမိုလျော့ချပေးပါတယ်။

(၄) ဘော်ဒါတွေနဲ့ စာစုကျက်တာမျိုးရှောင်ကျဉ်ပါ။

စာမေးပွဲပြီးမှ အဝကဲပါ။ စာမေးပွဲမတိုင်ခင်ကာလ အတွင်းမှာတော့ စာစုကျက်မယ်ဆိုတဲ့စကား ယောင်လို့တောင် မဟမိပါစေနဲ့။ဘာကြောင့်ဆို လက်တွေ့မှာ ဘယ်တော့မှ အလုပ်မဖြစ်တဲ့ ကိစ္စရပ်ဖြစ်တာကြောင့်ပါ။

(၅) ကျက်စာ တွေကို ဖတ်ယုံဖတ်ပါ။

ကျွန်တော်က မြန်မာစာ မေဂျာ ယူထားတော့ကျက်စာ တွေများပါတယ်။ အချိန် ၂ ပတ်လောက်အလိုမှ စာစကျက်ဖြစ်တဲ့ နှစ်တွေဆိုဒီကျက်စာတွေကို ဘယ်လိုမှ အချိန်မပေးနိုင်တော့ပါဘူး။ အဲ့အတွက် ဇာတ်နိပါတ်တွေအကုန်လုံးကို အမြဲဖတ်ပါတယ်။ အိမ်သာတက်၊ ထမင်းစားရင်းတောင် ပုံပြင်တွေဖတ်သလိုဖတ်ပါတယ်။ ကျက်တာက မေ့လွယ်ပြီး သေချာဖတ်ထားတာက အကြောင်းအရာကို ပိုမိုမှတ်မိစေလို့ ပြန်ချရေးတတ်ဖို့သာ လိုပါတယ်။

အဓိက အရေးအကြီးဆုံးအချက်ကတော့ ခိုးချတာမျိုးကို လုံးဝစိတ်မကူးမိစေဖို့ပါပဲ။ မမိသွားရင်တော့ ကောင်းပါတယ်။ အခန်းစောင့် ဆရာမ မိသွားရင်တော့ ဒီကိစ္စတွေကရှင်းဖို့မလွယ်သလို ကျောင်းနားရနိုင်ချေ များပါတယ်။

source: lunge media

Read times Last modified on Thursday, 30 January 2020 14:18
Rate this articles
(1 Vote)