×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 02 January 2019

Facebook အသုံးပြုတဲ့အခါမှာမလုပ်သင့်တဲ့အရာ (၇) ခု

လူ့လောကမှာ လူ့ကျင့်ဝတ်ရှိသလို social media တွေသုံးရာမှာလည်း ကျင့်ဝတ်တွေရှိပါတယ်။

(၁) ပုံမှန်မဟုတ်တဲ့ နာမည်များပေးခြင်း

သင့်ရဲ့ Facebook နာမည်ကို ပုံမှန်မဟုတ်တဲ့ ခပ်ဆန်းဆန်း ခပ်ကြောင်ကြောင်နာမည်တွေ မပေးသင့်ပါဘူး။ အဲဒီလို ပုံမှန်မဟုတ်တဲ့ နာမည်တွေပေးခြင်းဟာ လူတွေသင့်ကို အထင်အမြင်သေးပြီး တခြားမဟုတ်တဲ့ ထင်မြင်ချက်တွေပါ သင်အပေးခံရနိုင်ပါတယ်။

(၂) Tag တွဲခြင်း

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်နေစိတ်ထားချင်း မတူကြပါဘူး။ ဒါကြောင့် Facebook ပေါ်မှာ Post တခြားသူတစ်ယောက်နဲ့ Tag တွဲပြီး Post တင်ချင်တဲ့အခါ သင့်အနေနဲ့ ထိုသူရဲ့ ခွင့်ပြုချက်ကို ရယူသင့်ပါတယ်။ အဲဒီလို မဟုတ်ဘဲ သင့်သဘောနဲ့သင် ထိုလူရဲ့ ခွင့်ပြုချက် မပါဘဲ Post တင်လိုက်ပါက Tag တွဲခံရတဲ့သူမှာ စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်တွေ ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။ အခန့်မသင့်ရင် သင့်ကိုသူ မျက်မုန်းကျိုးသွားနိုင်ပါတယ်။

(၃) ကိုယ်ရေးအချက်လက်များ ဖော်ပြလွန်းခြင်း

သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သင့်ချစ်သူကလွဲရင် တခြားဘယ်သူမှ ဂဃနဏ မသိချင်ကြပါဘူး။ ဒါကြောင့် သင့်ကိုသင် Facebook ပေါ်မှာ တစ်ချိန်လုံး ဖော်ပြမနေပါနဲ့။ ကိုယ်ရေးအချက်လက်တွေကို လိုတာထက်ပိုပြီး ဖော်ပြခြင်းဟာ သင့်အတွက် အန္တရာယ် ရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။

(၄) ပေါက်ကွဲလွဲစေတဲ့ Post များတင်ခြင်း

အခုနောက်ပိုင်းမှာ လူတွေဟာ ထိရှပေါက်ကွဲလွယ်လာကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေအားလုံး နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဘာသာရေးတွေနဲ့ ပတ်သက်ပြီး စိတ်တိုဒေါသဖြစ်စရာ ပေါက်ကွဲလွယ်စရာကောင်းတဲ့ အကြောင်းအရာတွေကို ရေးသားပြီး Post တင်ခြင်း Share ခြင်းတွေ မပြုလုပ်သင့်ပါဘူး။

(၅) Facebook Password

Facebook အသုံးပြုတဲ့အခါမှာ သတိထားသင့်တဲ့ အချက်တစ်ချက် ကျန်ပါသေးတယ်။ ဒါကတော့ Facebook Password ပါပဲ။ သင့်အနေနဲ့ Facebook Password ကို သင့်ရဲ့ နာမည်ပြောင်၊ သင့်ချစ်သူမွေးနေ့၊ အိမ်ကခွေးလေးရဲ့နာမည်၊ သင်မွေးတဲ့မြို့ ....စတဲ့ ခန့်မှန်းရအလွန်လွယ်ကူတဲ့ အကြောင်းအရာတွေကို Password နံပါတ်အဖြစ် မထားသင့်ပါဘူး။ ဒါဟာ သင့်အကောင့်ကို အလွယ်တကူ Hacking လုပ်ခြင်းခံရနိုင်ပါတယ်။

(၆) ကြွားဝါခြင်း

လူတိုင်းလူတိုင်းဟာ အကြွားခံရတာကို မနှစ်သက်ကြပါဘူး။ အပြင်လောကမှာဆိုရင်တောင် ကျွန်တော်တို့တွေဟာ အကြွားသန်တဲ့သူကို ဘေးမဲ့ပေးထားတတ်ကြတာမဟုတ်ပါလား။ ဒါကြောင့် သင်ကိုယ်တိုင်လည်း Facebook ပေါ်မှာ စားသမျှ အစားအသောက်တိုင်းကို ဓာတ်ပုံရိုက်တင်၊ အသစ်ဝယ်သမျှအရာတိုင်းကို ထုတ်ကြွားပြီး ရောက်သမျှနေရာတိုင်းကို Check In မတင်သင့်ပါဘူး။ ဒါတွေဟာ အတိုင်းအတာ တစ်ခုအထိပဲ ကောင်းပါတယ်။

(၇) ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်စော်ကားခြင်း

Facebook ဟာ လူတွေအချင်းချင်း အသိပညာဗဟုသုတတွေ(သို့) ပျော်ရွှင်စရာတွေ မျှဝေဖို့ တီထွင်ထားတာဖြစ်ပါတယ်။ လူသား အချင်းချင်း အမုန်းပွားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ တိုက်ခိုက် ပုတ်ခတ်စော်ကားဖို့ တည်ရှိနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ပုဂ္ဂိုလ်ရေး ဆိုင်ရာ တိုက်ခိုက်တာဟာ တကယ်ကို အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Facebook ပေါ်မှာ သင်ဘယ်တော့မှ Personal Attack မလုပ်မိပါစေနဲ့။

source: lunge.media

Read times Last modified on Wednesday, 29 January 2020 10:34
Rate this articles
(1 Vote)