×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 03 January 2019

ငယ်ရွယ်စဉ် အောင်မြင်နိုင်မယ့် အချက် ၆ ချက်

အချိန်ကို စီမံခန့်ခွဲတတ်ခြင်း

အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။

သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကို စိုက်ထုတ်တတ်ခြင်းအားဖြင့် အလုပ်မှန်သမျှကို နောက်ဆုံးချိန်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ရည်မှန်းချက်ကြီးကြီးထားခြင်း

သင့်ရဲ့ရည်မှန်းချက်အိပ်မက်အတိုင်း ဖြစ်လာအောင် အမြဲကြိုစားနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် လိုအပ်တဲ့ အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


စိတ်ဝင်စားတက်ကြွမှုရှိခြင်း

အောင်မြင်ခဲ့သူတွေအများစုရဲ့ အခြေခံတူညီမှုတစ်ခုက စိတ်ဝင်စား တက်ကြွမှုရှိခြင်းပဲ ဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှု အပြည့်ရှိတဲ့ အရာကို လုပ်ဆောင်နေမယ်ဆိုရင် အောင်မြင်မှုက သိပ်ဝေးမှာ မဟုတ်ပါဘူး။ သင့်ဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

အောင်မြင်သူတွေဆီက ပညာယူခြင်း

တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ အောင်မြင်သူများရဲ့ ကောင်းကွက်တွေ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်းက သင့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေကို လေ့လာခြင်းအားဖြင့် အောင်မြင်မှုကို ရယူဖို့ လိုအပ်ချက်တွေကို သင်နားလည် လာပါလိမ့်မယ်။

သင့်ရဲ့တိုးတက်မှုကို ဆန်းစစ်ခြင်း

သင့်ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း တွေးတောဖို့ လိုအပ်ပါတယ်။

အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖို့အတွက် အထောက်အကူ ဖြစ်ပါသလား။

သင်လုပ်သမျှအရာအားလုံးအတွက် သတိရှိပါ။ ဒါမှသာ သင့်ရဲ့ရည်မှန်းချက်ဆီကို မျက်ခြေမပြတ် သွားနိုင်မှာ ဖြစ်ပါတယ်။

စနစ်တကျအလုပ်လုပ်ခြင်း

အလုပ်ကို ကြိုးစားလုပ်တိုင်း အောင်မြင်မယ်ဆိုရင် လူတိုင်းအလုပ်ချည်းပဲ လုပ်နေကြမှာဖြစ်ပါတယ်။

တကယ်တော့ အလုပ်ကို အနားတမ်း ကြိုးစားလုပ်ဆောင်နေတာထက် စနစ်တကျမှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။

Source: lwin pyin

Read times Last modified on Thursday, 30 January 2020 14:26
Rate this articles
(3 votes)