×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 07 January 2019

"တစ်ယောက်တည်း ကိုယ့်နိုင်ငံက ထွက်လာတာ မကြောက်ဖူးလား''

"တစ်ယောက်တည်း ကိုယ့်နိုင်ငံက ထွက်လာတာ မကြောက်ဖူးလား''ဆိုတဲ့ မေးခွန်းကို လူတွေ ခဏ ခဏမေးလေ့ရှိပါတယ်။

မကြောက်ဘူးလားဆိုတော့ ကြောက်တတ်ပါတယ်လေ။ ဒါပေမယ့် ဘဝမှာ ဒီထက်ကြောက်စရာကောင်းတာတွေ ရှိသေးတယ်လေ။

■ Comfort Zone ထဲမှာ အချိန်အကြာကြီး နေမိလို့ သင်ယူစရာတွေ နောက်ကျသွားမှာ ကြောက်တယ်။

■ ကိုယ့်ကမ္ဘာသေးသေးလေးထဲ ကိုယ့်ကိုကိုယ် အထင်ကြီးရင်း နောက်ဆုံး ဘာမှ မသိတဲ့သူတစ်ယောက်လို့ ရှင်သန်သွားရမှာ ကြောက်တယ်။

■ ကိုယ်ပျော်ရာမှာနေရင်း Community ကို ဘာမှ လုပ်မပေးနိုင်မှာ ကြောက်ပါတယ်။

တကယ်ကြောက်ရမှာတွေ များနေလို့ Comfort Zone ထဲက ထွက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။

ကိုယ်တကယ် လိုချင်တဲ့ အောင်မြင်မှုတွေ ဆိုတာ Comfort Zone ရဲ့ တခြားတစ်ဖက်မှာ ရှိနေပါတယ်။

ဘာလို့ Comfort Zone ထဲက ထွက်လာသင့်သလဲ?

(၁) Comfort Zone ထဲက ထွက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်တာ မသိသေး မကျွမ်းကျင်သေးတာတွေကို လေ့လာတာလောက် ကောင်းတဲ့ ကိုယ့်ကို တိုးတက်စေမယ့် အရာ မရှိပါဘူး။

(၂) ကိုယ် မသိသေးတဲ့ နယ်ပယ်ကနေ ကိုယ့်ရဲ့ Passion က ဘာလဲ ဆိုတာ သိလာနိုင်ပါတယ်။

(၃) ကိုယ် မကျွမ်းကျင်တဲ့ နယ်ပယ်မှာ လေ့လာသင်ယူရင် ရလာတဲ့ အောင်မြင်မှုက ဘာနဲ့ မှ မလဲနိုင်ပါဘူး။

(၄) ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုများလာနိုင်ပါတယ်။

(၅) ဘယ်လိုပဲခက်ခဲပါစေ တဖြည်းဖြည်းနဲ့ ဘာကိုမှ မကြောက်ပဲ ရှေ့ဆက်ကြိုးစားဖို့ သတ္တိတွေ ရလာနိုင်မယ်။

(၆) ဘယ်တုန်းက မမျှော်လင့်ထားမိတဲ့ အခွင့်အရေးတွေ တွေ့ရနိုင်ပါတယ်။

(၇) ကိုယ့်ရဲ့ ထိုက်တန်မှု(လစာငွေကြေး/အခွင့်အလမ်း) တွေ ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်လာမှာလည်း ဖြစ်ပါတယ်။

Photo & Credit: Inspiration by Crystal

Read times Last modified on Wednesday, 29 January 2020 10:56
Rate this articles
(4 votes)