×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 09 January 2019

ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ လေ့လာဖို့အတွက် အချက်များ

စိတ်ဝင်စားတဲ့ ရုပ်ရှင်ကို ရွေးပါ


အင်္ဂလိပ်စာ လေ့လာဖို့အတွက် ရုပ်ရှင်ဇာတ်ကားရွေးတဲ့အခါ ကိုယ်ကြိုက်တဲ့ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားမျိုးကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။

အင်္ဂလိပ်စာလေ့လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ရှင်ကြည့်တဲ့အခါ သူတို့ဘာပြောလဲဆိုတာကို နားလည်အောင် နားထောင်ဖို့ကို သတိမထားဘဲ ဇာတ်လမ်းကိုပဲ အာရုံရောက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကိုယ်ကြည့်ချင်တဲ့ ကိုယ်ကြိုက်တဲ့ ဇာတ်ကားဆိုပေမယ့် အရေးကြီးတာက အင်္ဂလိပ်ဇာတ်ကား ကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။

အဘိဓါန်မကြည့်ပါနဲ့
ပြောနေတဲ့ အကြောင်းအရာတွေကို တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီးတော့ နားလည်အောင် ကြိုးစားပါ။ စကားလုံး အသစ် (သို့) မသိတဲ့ စကားလုံး ကြားတိုင် အဘိဓါန် လှန်နေရတာ အဆင်မပြေပါဘူး။

အဲလို လုပ်မယ့်အစား နားမလည်တဲ့ နေရာမှာ ခဏရပ်ပါ၊ ပြီးတော့ ရှေ့နောက် ပြောစကားတွေနဲ့ ဆက်စပ်ပြီး စဉ်းစားပါ။ ရှေ့က ဇတ်ဝင်ခန်းက ဘယ်လိုလဲ နောက်မှာ လာမယ့် ဇာတ်ဝင်ခန်းက ဘယ်လိုလဲ ဆိုတာ ဆက်စပ်တွေးပါ။

ကိုယ့်ရဲ့ အတွေးကို အင်္ဂလိပ်လို တွေးတတ်အောင် လေ့ကျင့်ပါ။

စကားစုအတိုတွေကို နောက်က လိုက်ဆိုပါ
စကားလုံး အသစ် (သို့မဟုတ်) စကားစု အသစ်တွေ့တဲ့အခါ အသံထွက်ပြီး လိုက်ဆိုပါ။ လိုက်ဆိုတဲ့ နေရာမှာ သူပြောသွားတဲ့အတိုင်း အသံထွက် လေယူ လေသိမ်း အတတ်နိုင်ဆုံး အတိအကျ ဖြစ်အောင် လိုက်ဆိုပါ။

အဲလို လိုက်ဆို/ လိုက်ပြောတာက အသံထွက်တွေ လေယူလေသိမ်းတွေ မှန်ကန်ပြီးတော့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်လာစေပါတယ်။

Subtitles မထိုးဘဲ ကြည့်ပါ
တကယ်လို့ ကိုယ်က နားမလည်လို့ Subtitle ထိုးကြည့်တယ်ဆိုရင် နားလည်တယ်ဆိုရင်တောင်မှ Reading က လာတဲ့ နားလည်မှု ဖြစ်ပြီးတော့ Listening က နားလည်တာ မဟုတ်တော့ပါဘူး။

မျက်လုံးက နားလည်တာ မဖြစ်ပါစေနဲ့၊ နားက နားလည်အောင် ကြိုးစားပါ၊ တကယ့်လက်တွေ့ဘဝမှာ Communicate လုပ်တဲ့အခါ ကိုယ်နားမလည်တိုင်း တဖက်က ပြောတဲ့သူကို စာနဲ့ ရေးပြခိုင်းလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

Read times Last modified on Wednesday, 29 January 2020 11:18
Rate this articles
(1 Vote)