×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 12 January 2019

ကိုယ်ဝါသနာပါတဲ့အရာကို ကိုယ်ကိုယ်တိုင် ရှာဖွေဖို့ နည်းလမ်းများ

သင်ဝါသနာပါရာကို မတွေ့မချင်း ရှာဖွေပါ။ မတွေ့မချင်း မရပ်တန့်လိုက်ပါနဲ့။ တွေ့ပြီးတဲ့အခါမှာလည်း မဆုတ်မနစ် ကြိုးစားပြီး အောင်မြင်မှု ပန်းတိုင်ဆီသို့ အရောက်သွားပါ။

ကျွန်တော်တို့ လူငယ်တွေမှာ အဓိက ဖြစ်လေ့ရှိတဲ့ပြဿနာ  တစ်ခုရှိပါတယ်။ ဒါကတော့ "ကိုယ်ဘယ်အရာကို တကယ်ဝါသနာပါသလဲ?" ဆိုတာပါပဲ။ သင်ရော သင်တကယ်ဝါသနာပြီး သင့်ဘဝတစ်လျှောက်လုံးမှာလုပ်ကိုင်သွားမယ့် အရာကို တွေ့ရှိပြီးပါပြီလား?

(၁) သင် တက္ကသိုလ်မှာသင်ယူရတဲ့ ဘာသာရပ်

သင်က အခု တက္ကသိုလ်တက်နေတာ မဟုတ်ပါလား? ဒါဆိုရင်သင်အခု သင်ယူနေတဲ့ ဘာသာရပ်အပေါ်မှာ စိတ်ပါဝင်စားမှု ရှိသလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ သင်ကျောင်းပြီးလို့ ဘွဲ့ရတဲ့ အခါမှာ ၎င်းဘာသာရပ်နဲ့ ပြန်ပြီး အသက်မွေးဝမ်းကြောင်း ပြုချင်သလားဆိုတာကိုလည်းသေချာ စဉ်းစားပါ။ တကယ်လို့ ၎င်းဘာသာကို သင်ယူလေ့လာရတာ စိတ်ဝင်စားပြီး ၎င်းဘွဲ့နဲ့ အလုပ်ပြန်လုပ်မှာ သေချာရင်တော့ သေချာနေပါပြီ။ ၎င်းဟာ သင်ဝါသနာပါတဲ့အရာတစ်ခု ဖြစ်နေတာပါ။   

(၂) သင့်ရဲ့Personality

လူတစ်ယောက်နဲ့ တစ်ယောက်က Personality ချင်းမတူညီကြပါဘူး။ လူတွေဟာ လူတစ်ယောက်ကို Personality ကောင်းတယ်...မကောင်းဘူး စသည်ဖြင့် ဝေဖန်ပြောဆိုလေ့ ရှိတာကို သင်တွေ့ဖူးမှာပါ။ ကျွန်တော့် အမြင်အရ ပြောရရင်တော့ လူတိုင်းလူတိုင်းဟာ ချို့ယွင်းချက်တွေ အားသာချက်တွေ ကိုယ်စီ ရှိကြတဲ့အတွက် ဒီလောကPersonality လုံးဝ မကောင်းတဲ့သူဆိုရယ်လို့် ရှိမယ် မထင်ပါဘူး။ သင်ဟာလည်း သင့်ရဲ့Personality ကို သေချာသိထားသင့်ပါတယ်။ သင်ဝါသနာပါတဲ့အရာကို ရှာဖွေတဲ့အခါမှာ သင့်ရဲ့Personality နဲ့ ချိန်ထိုးဖို့ မမေ့ပါနဲ့။

(၃) ငွေဟာသင့်ဘဝမှာ ဘယ်လောက်အရေးပါပါသလဲ?

ဒါဟာလည်း စဉ်းစားစရာ အချက်တစ်ခုပါ။ လူတိုင်းဟာရှင်သန်နေထိုင်ဖို့အတွက် ငွေလိုအပ်တယ် ဆိုပေမယ့်လည်း လူတစ်ယောက်ချင်းစီရဲ့ ငွေမက်ပုံချင်းကတော့ မတူညီကြပါဘူး။ လူတစ်ချို့ဟာ ကိုယ်တိုင် ပိုပိုလျှံလျှံ သုံးစွဲချင်လို့ ငွေကို သဲကြီးမဲကြီးရှာကြတာဖြစ်ပြီး တစ်ချို့ကတော့ သူတို့ရဲ့နောက်မှာ မှီခိုနေထိုင်တဲ့ မိသားစု ရှိနေတဲ့အတွက်ငွေကို မဖြစ်မနေ ရှာဖွေကြရတာဖြစ်ပါတယ်။

သင်ကရော ငွေကို ဘယ်လိုနည်းနဲ့ လိုအပ်နေတာပါလဲ ငွေမရှိဘဲ ရောင့်ရဲတင်းတိမ်ပြီး နေထိုင်နိုင်ပါသလား? သင့်အနေနဲ့ ဝါသနာနောက်ချည်း လောက်လို့မရပါဘူး။ သင်ဝါသနာပါတဲ့အရာကို ရှာဖွေတဲ့အခါမှာ သင့်နဲ့ ငွေရဲ့ ပတ်သက်ဆက်နွယ်နေမှုကို လုံးဝမမေ့ထားသင့်ဘူးလို့အကြံပေးချင်ပါတယ်။

(၄) သင့်ရဲ့လုပ်နိုင်စွမ်းအား

သင်ဟာ ဘယ်လို လူစားဖြစ်ပါသလဲ? အမြဲတမ်း တခြားသူတွေတိုက်ခိုက်ပြီးရုန်းကန်ရှင်သန်နိုင်တဲ့သူလား ဒါမှမဟုတ် အေးဆေးတည်ငြိမ်စွာဖြင့်သာ အသက်မွေးချင်သူ တစ်ယောက်လား?ကျွန်တော်ကတော့ တိုက်ခိုက်ရတာ ရုန်းကန်ရတာတွေကို ဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် အမြဲတမ်းComfort Zone ထဲမှာ မနေပါဘူး။

ရုန်းကန်ရပြီး တခြားသူတွေနဲ့ အမြဲယှဉ်ပြိုင်နေရတဲ့ အလုပ်မျိုးကိုသာရွေးချယ်ပါတယ်။ သင်ဘယ်လိုလူစား ဖြစ်သလဲ ဆိုတာဟာ သင့်ရဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းကိုများစွာ အကျိုးသက်ရောက်တာကြောင့် သင့်အနေနဲ့ သင့်ရဲ့ စိတ်ဓာတ်တွေ အမူအကျင့်တွေနဲ့ ကိုက်ညီမယ့်ဝါသနာပါရာကို ရှာဖွေသင့်ပါတယ်။

(၅) မတွေ့မချင်းရှာဖွေပါ။

လူအများစုဟာ လက်တလောဖြစ်နေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုသာ ဦးစားပေးဖြေရှင်းကြပါတယ်။ သူတို့ ဝါသနာပါတဲ့အရာကို ရှာဖွေချင်စိတ်မရှိကြသလို ဝါသနာပါရာ တွေ့ပြီးသူတွေကလည်း သူတို့ဝါသနာပါရာ ကို အကောင်အထည်ဖော်ရဲတဲ့သတ္တိမရှိကြပါဘူး။ ဒါကြောင့် ကျွန်တော်သင့်ကို အကြံပေးချင်တာကတော့ သင်ဝါသနာပါရာကိုမတွေ့မချင်း ရှာဖွေပါ ။ တွေ့ပြီးတဲ့အခါမှာလည်း မဆုတ်မနစ် ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ လူ့ဘဝဟာခဏလေးပါ ။ သင်ဝါသနာပါရာကို လုပ်ကိုင်ဖို့ တွေဝေမနေပါနဲ့။

source:lunge.media

Read times Last modified on Thursday, 30 January 2020 14:29
Rate this articles
(1 Vote)