×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 12 January 2019

သူများထက်ထူးခြားပြီး မတူတဲ့အတွေးအခေါ်တွေ ရချင်ပါသလား

အောက်မှာဖော်ပြမဲ့ အကြောင်းအရာတွေကတော့ သူများထက်ထူးခြားတဲ့ အတွေး အခေါ်ကနေ တစ်ဆင့် စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့သူတွေကိုယ်တိုင်ပြုမှုတဲ့ အရာ တွေ ကို စုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။

(၁) အယူမသည်းဘူး။

ထူးခြားတဲ့သူတွေဟာ အတွေးတွေနဲ့ ပတ်သက်ပြီးကန့်သတ်မထားပါဘူး။ သဘာဝနဲ့ ဆန့်ကျင်ဘက်ပဲဖြစ်ဖြစ်၊ ယုတ္တိမရှိရှိ တွေးတာပါပဲတဲ့။ ဥပမာ-ဖန်ခွက်ကို ရေထည့် မယ့် အစား တခြားဘယ်လိုမျိုးသုံးလို့ရလဲဆိုတာ တွေးပါတယ်တဲ့။ ဒီနည်းလမ်းက ဟောင်ကောင်တက္ကသိုလ်က ဆရာတွေသင်တဲ့နည်းလမ်းပါ။

(၂) ပြဿနာတွေ ခဏခဏရှာတယ်။

သူတို့တွေဟာ အခက်အခဲတွေကို နှစ်သက်ပါတယ်တဲ့။ အဲဒီ့အခက်အခဲတွေကို ဖြေရှင်းဖို့နည်းလမ်းတွေစဉ်းစားရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အိုင်ဒီယာတွေ ရလာ တာပါတဲ့။

(၃) တစ်ယောက်တည်းနေတယ်။

တစ်ယောက်တည်း အခန်းထဲမှာနေပြီး စဉ်းစားတာက စကားတွေအများကြီး ပြောနေ တာထက်စာရင်အကြံဥာဏ်ကောင်းတွေပိုထွက်ပါတယ်တဲ့။ခရီးလည်းတစ်ယောက် တည်း ထွက်သလို အလုပ်ကိုလည်း အဖွဲ့နဲ့လုပ်တာထက် တစ်ကိုယ်တော် ဆောင်ရွက်တာပိုအားသန်ပါတယ်တဲ့။

(၄) စပ်စုလိုစိတ်ရှိတယ်။

သူတို့က သူများတွေထက်သိချင်စိတ်ပိုကြီးပါတယ်။ စိတ်ဝင်စားတာတွေ့လို့ကတော့ ရေဆုံးမြေဆုံးကို လိုက်ပြီးစုံစမ်းတော့တာပဲ။ အမေးအမြန်းကလဲများသလားမမေးနဲ့။ ပတ်ဝန်းကျင်ကိုလည်းအမြဲ လေ့လာနေတတ်ပါတယ်။

(၅) သက်တောင့်သက်သာ ဖြစ်တာကိုမကြိုက်ဘူး။

အိုင်ဒီယာကောင်းတွေရဖို့အတွက် အမြဲတွေးနေရတဲ့အတွက်သူတို့ဟာ အမြဲအလုပ်ရှုပ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အမြဲဆန်းစစ်တတ်သလို စွမ်းဆောင်ရည် တွေ တက်အောင် တစ်ခုပြီးတစ်ခု လုပ်စရာအလုပ်ရှာလေ့ရှိပါတယ်။

ဒီလောက်ဆိုရင်တော့ သူတို့ဘာကြောင့်သူများနဲ့မတူရသလဲဆိုတာသိပြီပေါ့နော်။ ကိုယ်တိုင်က အခွင့်အလမ်းရှာနေတဲ့သူအတွက် အောင်မြင်မှုဆိုတာက လက်တစ်ကမ်း မှာ ပါ။

source; for her myanmar

Read times Last modified on Wednesday, 29 January 2020 11:00
Rate this articles
(1 Vote)