×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 16 January 2019

အလုပ်က လူကို လိုက်ရှာသည့်နေရက်များ

နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးမှု၊ မဖွံ့ဖြိုးမှုကို တိုင်းတာသည့် ပေတံတွေ တော်တော်များများရှိပါလိမ့်မယ်။ တချို့က GDP ဖြင့်လည်း ကောင်း၊ Gross Domestic Product ခေါ် အမျိုးသားထုတ်လုပ်မှု ပမာဏ ဟူသော

ပေတံဖြင့်လည်းကောင်း၊ GNH (Gross National Happiness) ပေတံဖြင့်လည်းကောင်း၊ နိုင်ငံသူ/သားတွေဘယ်လောက်ပျော်သလဲ/မပျော်သလဲ ဆိုတဲ့ ပေတံဖြင့် လည်းကောင်း၊ တချို့က inflation ပေတံတဲ့။ (ငွေကြေးဖောင်းပွမှု(သို့အရပ်ရပ်ပစ္စည်းများဈေးတက်မှုအနေအထားကိုကြည့်ကာ နိုင်ငံအခြေအနေကိုတွက်ခြင်းဖြစ်ပါသည်။ နောက်ပေတံတစ်ခုကတော့ အလုပ်လက်မဲ့ မည်မျှရှိသလဲဟူသော ပေတံ။ အလုပ်လက်မဲ့များလျှင် တိုင်းပြည်မဖွံ့ဖြိုး၊ အလုပ်လက်မဲ့နည်းမှ တိုင်းပြည်တိုးတက်သည်ဆိုသော ပေတံ။

အလုပ်၊ အလုပ်
ဒီအလုပ်အကြောင်းကိုပဲ ကျနော်ပြောလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး အလုပ်ကိုရှာဖွေကြ။။ အလုပ်တွေလုပ် လုပ်နေကြပါရပါသည်။ အလုပ်ခေါ်ယူသည့် ကြေငြာပေါင်းစုံကို အငမ်းမရရှာဖွေဖတ်ရှုကြ၊ အလုပ်လျှောက်လွှာတွေတင်ကြ၊ ရေးဖြေစာမေးပွဲတွေ ၀င်ဖြေကြ၊ လူတွေ့ အင်တာဗျူးအခန်းရှေ့မှာ တန်းစီစောင့်စားကြ၊ ခန့်မှန်းလစာတွေရေးထည့်ကြ၊ ပြည်တွင်းပြည်ပနေရာမျိုးစုံ၊ ရာထူးမျိုးစုံ..အစရှိသဖြင့်ပေါ့။

သို့သော်…ကမ္ဘာမည်သည့်နေရာမှာမဆို လူတိုင်းအလုပ်မရနိုင်ပါဘူး။ ထို့ကြောင့်လူတိုင်းအလုပ်ကို ဆက်၍ဆက်ကာ ကျွန်တော်တို့ရှာကြရပါတယ်။ ရသည်လည်းရှိ၊ မရသည်လည်းရှိပါသည်။
ဒါကို အပြန်အလှန်အားဖြင့် အလုပ်ကကော လူကို လိုက်ရှာနေတာမျိုးကော မရှိနိုင်ဘူးတဲ့လား၊ ရှာတဲ့လူကိုရော အလွယ် တကူတွေ့တက်ခဲ့ကြရဲ့လား၊ ဒါကိုပဲ ကျွန်နော်ပြောလိုခြင်းဖြစ်ပါသည်။

အလုပ်ခေါ်ယူခြင်း
(၁)  အောင်မြင်သော ဂျာနယ်သုံးစောင်နှင့် Magazin စာအုပ်ကို ထုတ်ဝေနေသည့်စာအုပ်တိုက်မှ စာပေနှင့်ပတ်သက်ရာရာ နေရာများအတွက် အလုပ်ခေါ်ယူရာ အင်တာဗျုးတစ်ခုတွင် မိန်းကလေးနှစ်ယောက် လူတွေ့လာဖြေပါသည်။ မေးလိုက်သည့် မေးခွန်းခက်မခက်ကို စာဖတ်သူ သုံးသပ်ကြည့်ပါ။
“အပတ်စဉ်ထွက်နေတဲ့ဂျာနယ်သုံးစောင်ရဲ့ အမည်ကိုပြောပြပါ” မေးခွန်းကအဲ့ဒါလေးပါပဲ။ တစ်ယောက်က တစ်စောင်မှမပြောနိုင်ပါ။ တစ်ယောက်ကမူနှစ်စောင်ပဲပြောပြီးနောက် ရပ်သွားတယ်။ စာနယ်ဇင်းသမား(Journalist)ရာထူးအတွက် ခန့်သင့်သလား၊ မခန့်သင့်သလားစာဖတ်သူပဲ ဆုံးဖြတ်ကြည့်စေ ချင်ပါသည်။
(၂)  နောက်တစ်ခုက ကုမ္ပဏီတစ်ခုမှာပါ။ လာလျှောက်သူ၏ ပူးတွဲတင်ပြထားသော လက်မှတ်တွေထဲမှာ LCCI Level အမျိုးမျိုး၏ လက်မှတ်တွေပါပါသည်။ ဒါကြောင့် စာရင်းဇယားတစ်ခုကို လက်တွေ့ပြုစုခိုင်းပါသည်။
“သမီးက စာတွေပဲအလွတ်ရတာ၊ လက်တွေ့မလုပ်တတ်ဘူး” ထိုအလုပ်လာလျှောက်သူကောင်မလေး၏ အဖြေကိုရော၊ ကုမ္ပဏီကငြင်းလွှတ်လိုက်တာကိုရော စာဖတ်သူ ဘ၀င်ကျနိုင်ပါစေ။
(၃)  မြန်မာနိုင်ငံ၏ မဟာဝိဇ္ဖာဘွဲ့ရပြီးသူ တစ်ယောက်ကို တိုက်ထိုင်အယ်ဒီတာရာထူးအတွက် လူခေါ်တွေ့ပါတယ်။ စကားစ ဖြစ်ပုံက- “ဘယ်မှာနေတာလဲ”  “မြောက်ဥက္ကလာမှာပါ” အော်….တို့နဲ့အတူတူပေါ့။ ဘယ်ရပ်ကွက်လဲ။ “နွယ်နီလေ…ဆေးရုံရှေ့” “အော်..ဆရာနတ်နွယ်တို့ရပ်ကွက်ပေါ့” “ရှင်” “ဆရာနတ်နွယ်လေ” “ဘာလုပ်တာလဲ…မသိဘူး” အဲ့ဒီတော့ စကားဝိုင်းက ဘာဆက်ပြောရမှန်းမသိတော့ဘူး။ ဆရာနတ်နွယ် ..ဘယ်သူလဲဆိုတာ. ဘာလုပ်တာဆိုတာတောင်မသိတော့ ဘယ်လိုလုပ်ကြမလဲဗျာ။

လူတို့အလုပ်ကို လိုက်ရှာကြပါသည်။ လွယ်လွယ်နှင့်မရ။  ထို့အတူ တချို့ အလုပ်တွေကလည်း လူကိုလိုက်ရှာနေပါသည်။ လွယ်လွယ်နှင့်မရပြန်။ အလုပ်ကလိုအပ်သည့်လူကလည်းရှားပါလား ဆိုတာကို ကျွန်တော်သဘောပေါက်သွားပါသည်။ ဘာကြောင့်လဲဆိုသည့် အဖြေကတော့ ရှင်းရှင်းလေးပါ။

Skill, Ability, စွမ်းဆောင်နိုင်မှု၊ ကျွမ်းကျင်မှု။ ဒါက ကိုယ့်ဘက်ကဖြည့်ဆည်းထားရမည့်အပိုင်း။ ဘယ်သူကိုမှ အပြစ်ပုံချနေရစရာမလို။ လူတွေကအလုပ်ကို လိုက်ရှာနေသလို တချို့ သောအလုပ်တွေကလည်း လူကိုလိုက်ရှာနေပါကြောင်း။

Source: Myanmarnetwork.mm

Read times Last modified on Thursday, 30 January 2020 14:57
Rate this articles
(1 Vote)