×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 22 January 2019

အင်္ဂလိပ်စာတိုးတက်ဖို့အတွက် website များ

အင်္ဂလိပ်စာကိုလေ့လာနေတဲ့သူတွေအတွက် listening တွေနားထောင်ချင်တယ် ဘယ်ကနေစပြီး နားထောင်ရမလဲ၊ အကျိုးရှိအောင် ဘယ်လိုနားထောင်ရမလဲလို့ ခဏခဏမေးတတ်ပါတယ်။

တချို့က ခုမှ အင်္ဂလိပ်စာကို စလေ့လာတယ် listening လည်း သိပ်ပြီးမကောင်းသေးတဲ့အချိန်မှာ BBC တို့ CNN တို့လို သတင်းတွေသွားနားထောင်ရင် ဘာမှလည်းနားမလည်ပဲ အချိန်တွေကုန်သွားတာပဲ အဖတ်တင်မှာပါ။

အချိန်တွေဆိုတာ တန်ဖိုးရှိပါတယ်။ လူတိုင်းကအချိန်နဲ့အမျှကြိုးစားနေတာပါ။ ထို့အပြင် ဘယ်လိုတွေက စနားထောင်ရမလဲ၊ ကိုယ်နားလည်တဲ့အဆင့်က စပါ။ ဖြေးဖြေးနဲ့မှန်မှန်ပြောတဲ့ဟာတွေကို အရင်နားထောင်ပါ။ ကိုယ်နားလည်လာတဲ့အခါ ဖြည်းဖြည်းချင်း အဆင့်မြင့်တာတွေကို နားထောင်သွားပါ။

လေ့လာသင့်တဲ့ program လေးတွေပါ။

https://learningenglish.voanews.com/

ဒီ website လေးကလည်း အင်္ဂလိပ်စာနဲ့ပက်သက်ပြီး ကဏ္ဍစုံတင်ဆက်ပေးထားပါတယ်။

Everyday Grammar တွေ American Stories တွေ သတင်းတွေ health & lifestyle တွေ science & technology စတဲ့ကဏ္ဍလေးတွေခွဲထားပြီး ကိုယ်ကြိုက်တာကိုလေ့လာလို့ရပါတယ်။ အရမ်းကောင်းတဲ့ website လေးတစ်ခုပါ။

Recommended for you - ပြောင်းလဲတဲ့ပညာရေးစနစ်တိုင်း ကောင်းမွန်ဖို့မျှော်လင့်ရင်းနဲ့ ကျွန်တော်ကျောင်းပြီးခဲ့ပြီ

http://www.bbc.co.uk/worldservice/learningenglish/081222_download.shtml

ဒီ website လေးမှာဆိုလည်း အသံထွက်နဲ့ပက်သက်တာလေးတွေ သဒ္ဒါပိုင်းဆိုင်ရာတွေ ဥာဏ်စမ်းတွေပါ ဖြေလို့ရအောင် လုပ်ထားပေးပါတယ်။

BBC ကလွှင့်တင်ထားတဲ့ website လေးပါ။ အခုနောက်ပိုင်းမှာလည်း ကောင်းတဲ့ website လေးတွေအများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီမှာ တင်ထားတာလေးတွေက ကောင်းတဲ့အတွက် လေ့လာသင့်ပါတယ်။

Ref: Myanmar-network.net

Read times Last modified on Wednesday, 29 January 2020 11:27
Rate this articles
(1 Vote)