×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 28 January 2019

လူငယ်များ စာမေးပွဲဖြေတဲ့အချိန် ကြောက်စိတ်ကို ဘယ်လိုဖြေလျော့မလဲ

စာမေးပွဲခန်းထဲ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ ကြောက်စိတ်တွေများလာပါလိမ့်မည်။

ဒီလိုအချိန်မှာ ကိုယ့်ကိုသက်တောင့်သက်သာ ဖြစ်အောင်နေပါ။ အိမ်သာထဲကို ၀င်ပြီးသွားပြီလား။ အရမ်းပူနေလား၊ အေးနေလား၊ဒါတွေမဖြစ်အောင် အ၀တ်အစားကိုသက်သာအောင် ၀တ်ထားပါ။

အသက်ပြင်းပြင်းရူပြီး၊ စိတ်တင်းကျပ်နေတာတွေ လျော့အောင်သက်ပြင်းတွေချပါ။ ထိုင်ပြီးခန မျက်လုံးမှိတ်ထားပါ။ ပြီးတော့မှ စာမေးပွဲ အဖြေလွှာကို လှန်ပါ။

ဒီလိုအချိန်မှာ လူတွေဟာ စိတ်တင်းကျပ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။

အချိန်ယူပြီး မေးခွန်းတွေအားလုံးနဲ့ လမ်းညွှန်ချက်တွေအားလုံးကို ဖတ်ဖို့လိုအပ်ပါသည်။ အနည်းဆုံးနှစ်ကြိမ် လောက်ဖတ်ပြီး၊ မေးခွန်းက ဘာမေးထားတယ်ဆိုတာကို နားလည်အောင်လုပ်ဖို့လိုပါတယ်။

ကိုယ့်အထပ်ထပ် လုပ်ထားတဲ့စာနဲ့ ပတ်သက်တဲ့မေးခွန်းကို ထုတ်ပြီး ဖြေပါ။ အရမ်းကြီးမလောပါနဲ့။ အချိန် ကောင်းကောင်းယူပြီး၊ ကောင်းကောင်းဖြေဆိုပါ။ ဘယ်မေးခွန်းကို ဖြေရမလဲဆိုတာ ဝေခွဲမရဖြစ်နေရင်၊ ကိုယ့် အတွက်အလွယ်ဆုံးဖြစ်မယ့် မေးခွန်းကိုရွေးပြီး၊ ကျန်တာတွေကိုနောက်မှဖြေဆိုပါ။

အဖြေတွေကို စနစ်တကျပြင်ဆင်ပါ။ ပြင်ဆင်ဖို့အတွက် အချိန်၅မိနစ်ခန့်ယူပါ။

ကိုယ် Plan နေတဲ့အချိန်မှာ အခြားလူတွေဘာလုပ်နေတယ် ဆိုတာကို ဂရုမစိုက်ပါနဲ့။ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့်အထောက်အကူ ပြုပါတယ်။

လွယ်တဲ့မေးခွန်း၊ ခက်တဲ့မေးခွန်း ဘယ်မေးခွန်းကို စတင်ချင်ပါလဲ။ လွယ်တာကို စဖြေရင်မိမိကိုယ်ကို ယုံကြည် ချက်တက်စေပြီး၊ relax ဖြစ်စေပါသည်။ ခက်တာကို ဖြေမယ်ဆိုရင်၊ နောက်ပိုင်းအပုဒ်တွေ ပိုမိုလွယ်ပြီး၊ အကောင်းဆုံးဖြေနိုင်မယ်လို့ ယုံကြည်မှုဖြစ်စေပါသည်။

အချိန်စီမံခန့်ခွဲမှုကို ဂရုစိုက်ပါ။ ဒါမှနောက်ဆုံး မေးခွန်မှာဖြေဖို့ အချိန်လောက်မှာပါ။ အချိန်မလောက်ဘူး ဆိုရင်၊ အဖြေကို အကြမ်းချရေးပါ။ တစ်ခုခုတော့ ရေးထားလိုက်ပါ။ ကိုယ့်ကို ဂရုစိုက်ပါ။

အရမ်းကြီး ပြည့်စုံတာကို ရှောင်ရှားပါ။ စာလုံးပေါင်းစစ်တာ၊ စကားလုံးအထားအသိုစစ်တယ်ဆိုတာ ကောင်း ပေမယ့်၊ အရမ်းကြီး ပြည့်စုံဖို့မလိုပါဘူး။

အရမ်းကြီးကိုစိတ်ရူပ်လာတယ်ဆိုရင်၊ စာရေးတာရပ်လိုက်ပါ။ ဘောပင်ကိုချပြီး၊ အသက်ကိုဖြည်းဖြည်းချင်းရူကါ။ မျက်လုံးကို ခဏမှိတ်လိုက်ပါ။ ပြီးရင် ခေါင်းကိုခုံပေါ်မှီလိုက်ပါ။ လက်ကိုအညောင်းဆန့်ပါ။ ခေါင်းကိုဖြည်းဖြည်း ချင်းလှည့်ပြီး၊ ကိုယ့်ကိုအားပေးတဲ့ စကားလုံးကိုပြောပါ။ ကောင်းတာလေးကို ခဏတွေးပေးပါ။

နေမကောင်းသလို ခံစားနေရရင်၊ စာမေးပွဲအခန်းစောင့်ကို ပြောပြီး အပြင်ခနထွက်သွားပါ။ ပြီးမှ ပြန်ဝင်လာပါ။

Read times Last modified on Thursday, 30 January 2020 15:02
Rate this articles
(2 votes)