×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 29 January 2019

သင်ဘယ်နယ်ပယ်ကို စိတ်ဝင်စားနေလဲဆိုတာ သိစေမယ့် အချက် (၂) ချက်

ကျွန်တော်တို့နိုင်ငံက လူငယ်တော်တော်များများဟာ ခုတက်နေတဲ့ တက္ကသိုလ်နဲ့ အနာဂတ်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက် နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ် ဆိုတာထက် ကိုယ်ဘာကို တကယ်စိတ်ဝင်စားလဲဆိုတာသိတဲ့သူ အလွန် နည်းပါတယ်။

ဒီတစ်ပတ် ဆောင်းပါးမှာတော့ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကို သိဖို့အတွက် စာဖတ်သူတို့ကို အထောက်အကူဖြစ်စေမဲ့ အချက် (၂) ချက်ကို ဖော်ပြချင်ပါတယ်။

၁။ ကိုယ့်အားသာချက်ကို ဖော်ထုတ်ကြည့်ပါ။

လူတိုင်းမှာ မတူညီတဲ့ အားသာချက် ကိုယ်စီရှိကြပါတယ်။ တချို့က နည်းပညာပိုင်းမှာ ငယ်ငယ်လေးကတည်းက Talent ရှိကြတယ်။ တချို့က ဂီတ အနုပညာ၊ အားကစားပိုင်းမှာ အလွန်ထူးချွန်ကြတဲ့သူရှိသလို တချို့ကျတော့လည်း Social Issues တွေကိုဘယ်လိုဖြေရှင်းရမလဲ စတဲ့ အကြောင်းအရာတွေကို ကွင်းကွင်း ကွက်ကွက် သိတဲ့သူလည်းရှိတယ်။ ဒါ့အပြင် တချို့ကလည်း အပြောကောင်းသလို ငယ်ငယ်လေးနဲ့ ဈေးရောင်းတတ်ကြတယ်။

ဒီလိုမျိုး အားသာချက်တွေ တစ်ယာက်နဲ့တစ်ယောက် မတူကြပါဘူး။ ကိုယ့်အားသာချက်ကို မတွေ့တွေ့ အောင် ထုတ်ဖော်ပါ။ ကိုယ့်အားသာချက်က ဘယ်နယ်ပယ်တွေနဲ့ ဆက်စပ်နေလဲ၊သင့်တော်မလဲ၊ ဘယ်နယ်ပယ်တွေမှာ အသုံးချသင့်လဲ စတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ သည်မေးခွန်းတွေကို ဖြေပြီးသွားရင် ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကို ရှင်းရှင်းလင်းလင်း သတိထားမိမှာ ဖြစ်ပါတယ်။

၂။ သင်လေ့လာနေတဲ့ အကြောင်းအရာတွေကိုဆန်းစစ်ကြည့်ပါ။

Facebook နဲ့ YouTube စတဲ့ Social Media တွေမှာ Entertainment တွေအပြင် ရံဖန်ရံခါ သင်ဘာအကြောင်းတွေ ရှာပြီးလေ့လာဖူးပါသလဲ??? ဥပမာ- ကွန်ပျုတာ Software နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေပြီး လေ့လာဖူးပါသလား။

တစ်ခါတစ်လေ ကျွန်တော်တို့စိတ်ဝင်စားတဲ့အရာ တွေကို လုပ်နေပမဲ့ ကိုယ်စိတ်ဝင်စားကြောင်း သတိမထားမိတတ်ကြပါဘူး။ ကျွန်တော်တို့လုပ်နေကျ နေ့စဉ် အလေ့အထတွေကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်ကို တွေ့ရှိမှာ ဖြစ်ပါတယ်။

source: MYEO

Read times Last modified on Wednesday, 29 January 2020 11:53
Rate this articles
(2 votes)