×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 31 January 2019

မှတ်ဥာဏ်ပိုကောင်းလာစေဖို့

ဘော်ဘော်တို့ အရင်က ထက်မှတ်ဥာဏ်ပိုကောင်းလာအောင် ဒီနည်းလမ်းလေးတွေ လုပ်ကြည့်ရအောင်။ ဒီနည်းလမ်းလေးတွေဟာ ဥာဏ်ပိုကောင်းစေဖို့ ပညာရှင်တွေ စနစ်တကျသုတေသနပြုခဲ့တဲ့ထဲက ရရှိခဲ့တဲ့အချက်လေးတွေ ဖြစ်ပါတယ်။

၁။ တရားထိုင်ပါ။

တရားထိုင်တာဟာ စိတ်ကိုပိုတည်ငြိမ်စေတဲ့အပြင် မှတ်ဥာဏ်ကိုလည်း ပိုအလုပ်လုပ်စေပါတယ်။ အာရုံစူးစိုက်မှုအား ပိုများလာတာနဲ့ အမျှ သင်တို့ရဲ့ မှတ်ဥာဏ်ထဲမှာ အချက်အလက်တွေကို သိုလှောင် သိမ်းဆည်း နိုင်စွမ်းပိုမြင့်လာပါတယ်။

၂။ ကော်ဖီသောက်ပါ။

သုတေသနပြုလုပ်ချက်တွေအရ ကော်ဖီသောက်ခြင်းဟာ သင်ယူနိုင်စွမ်းကို ပိုမြင့်တက်စေပါတယ်။ အသစ်သစ်တွေကို သင်ယူလေ့လာပြီးတဲ့နောက်မှာ ကော်ဖီသောက်ခြင်းဖြင့် သင်ယူထားတဲ့အရာတွေကို ပိုပြီး အချိန်ကြာကြာမှတ်မိစေဖို့ အထောက်အကူပြုပါတယ်။ ဒါပေမယ့်အလွန်အကျွံတော့မသောက်မိစေနဲ့ နော်။

၃။ ဘယ်ရီသီးစားပါ။

ဘယ်ရီသီးဟာ အချိန်အကြာကြီးမှတ်မိစေဖို့ အတွက်အထောက်အကူပြုပါတယ်။ ဘယ်ရီသီးများပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ ဦးနှောက်ထဲက ဆဲလ်တွေ ဆက်သွယ်မှုကို ခိုင်မြဲစေတဲ့အတွက် အသက်အရွယ်ရလာလို့ မှတ်ဥာဏ်အားလျော့နည်းသွားတာကိုလည်းကာကွယ်ပေးတယ်လို့ သိရပါတယ်။

၎။ လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်တာဟာ ဆက်စပ်မှတ်သားနိုင်စွမ်းကို တိုးစေပြီး ထိုးဖောက်သိမြင်နိုင်စွမ်းကိုလည်း အားပေးပါတယ်။ ဒါ့အပြင်လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှု အားကောင်းစေပြီး ဥာဏ်ပိုရွှင်စေပါတယ်။

၅။ ပီကေ၀ါးပါ။

ပီကေ၀ါးခြင်းဟာလည်း မှတ်ဥာဏ်ကို တိုးတက်စေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ပီကေ၀ါးခြင်းဟာ အာရုံစူးစိုက်မှုအားလည်း ကောင်းစေပါတယ်။

၆။ အိပ်ရေး၀၀အိပ်ပါ။

အိပ်နေတဲ့အချိန်မှာ မှတ်ဥာဏ်က အချက်အလက်တွေကိုပေါင်းစည်းပြီး မှတ်သားနေတဲ့အချိန်ပါပဲ။ ဒါကြောင့်အိပ်ရေးမ၀ခဲ့ဘူး။ အိပ်ချိန်နည်းနေတယ်ဆိုရင် မှတ်ဥာဏ် စုစည်းမှု ကို ထိခိုက်ပြီးကြာရှည်မှတ်သားနိုင်စွမ်းကို လျော့နည်းစေပါတယ်။

ဒါ့အပြင်အိပ်ရေးမ၀တဲ့အတွက်စိတ်ကလည်း မလန်းဆန်း၊ ဦးနှောက်ကလည်း မကြည်လင်ဖြစ်တတ်ပါတယ်။ ဒါကြောင့်အိပ်ရေး၀၀အိပ်ဖို့ မမေ့နဲ့နော်။ အက်မင် ကိုယ်တိုင် ကလည်း အအိပ်ကြိုက်သူမို့ ဒီနည်းလမ်းက အက်မင်အတွက်တော့ အတော်လေးအဆင်ပြေပါတယ်။

source; for her myanmar

Read times Last modified on Wednesday, 29 January 2020 11:38
Rate this articles
(1 Vote)