×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 01 February 2019

စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်တို့ရဲ့ ဈေးရောင်းနည်း

တရုတ်တွေဟာ ကမ္ဘာပေါ်မှာ စီးပွားအရှာ အတော်ဆုံးလို့ ဆိုစမှတ်ပြုကြပါတယ်။ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို မီးခိုးရှိရင် ခေါက်ဆွဲဆိုင်ရှိတယ်။ ခေါက်ဆွဲရှိရင် တရုတ် ရှိတယ်။ တရုတ်လိုရှာ ဗမာလို မဖြုန်းနဲ့ ဆိုတဲ့ စကားတွေ ကလည်း တရုတ်တွေရဲ့ ရောက်တဲ့ နေရာမှာ စီးပွားရေးကို ရှာကြံ လုပ်တတ်တယ် ဆိုတာကို ထင်ဟပ်နေပါတယ်။

တရုတ်တွေရဲ့ စီးပွားရေး လုပ်ဟန်ကို နားလည်ပြီး အောင်မြင်ဖို့ အတွက် ရှေးတရုတ် လူကြီးသူမတွေ ဆုံးမလေ့ ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက်ကို လေ့လာကြည့်ရအောင်ပါ။

(၁) ဆိုင်နေရာ ကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီး ပါတယ်။

(၂) ရောင်းကုန်ရဲ့အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

(၃) စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

(၄) အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့် ပါတယ်။

(၅) ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေ တတ်ပါတယ်။ ဈေးချိုတယ် ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

(၆) ဝယ်သူကို တောက်လျှောက် လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်း တိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

(၇) ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူ တတ်တယ်။ တန်ဖိုး ပိုရှိတယ်။

(၈) ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

(၉) စားသုံးသူရဲ့ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆို အပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။

(၁၀) နည်းနည်း၊ များများ လက်ကား ဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

(၁၁) ရောင်းကုန်ပစ္စည်း ပြတ်သွားတယ် ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ၊ စော်ကားတာနဲ့ အတူတူပဲ။

(၁၂) ဈေးနူန်း တခုတည်း ဖြစ်ပါစေ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမှုကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေ ပါတယ်။

(၁၃) ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ။ စားသုံးသူ အကျိုးရှိစေတဲ့ ကုန်ပစ္စည်းကို ရောင်းချနေတာပါ။

(၁၄) စက္ကူတစ်ရွက်ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြ ပါတယ်။

(၁၅) ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ ကလေး ဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူး ဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း မလုပ်ဘူး) ဆိုတာ လူတွေ သိပါစေ။

(၁၆) အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

(၁၇) အရောင်းအဝယ် ကြီးကြီးသေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တခုလုံး ရှင်သန်နေပါစေ။ ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြ ပါလိမ့်မယ်။

source: everytimestory

Read times Last modified on Thursday, 30 January 2020 15:03
Rate this articles
(2 votes)