×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 01 February 2019

၂၀၁၉ မှာ ဘဝကို ပြောင်းလဲစေဖို့ ကိုယ့်ကိုယ်ကိုယ် ပေးသင့်သော စိန်ခေါ်မှုများ

၁။ လူတွေအပေါ်ကို အစွန်းရောက်တဲ့ ဝေဖန်မှုတွေ မလုပ်တော့ဘူး။ လူတိုင်းမှာ မတူညီတဲ့ ဘဝအခြေအနေတွေ၊ နာကျင်မှုတွေ၊ အတိတ်ဆိုးတွေ၊ ရုန်းကန်မှုတွေရှိတယ်ဆိုတာကို နားလည်ပေးမယ်။

လူတွေရဲ့လုပ်ရပ်တွေကို ဝေဖန်နေမယ့်အစား သူတို့ရဲ့ကောင်းကွက်တွေကို မြင်အောင်ကြည့်ပြီး အတုယူမယ်။

၂။ သူငယ်ချင်းတွေက ကိုယ့်အပေါ် မထင်မှတ်ဘဲ နာကျင်အောင်ပြုလုပ်မိတဲ့အရာတွေကို ခွင့်လွတ်မယ်။ အငြှိုးအတေးတွေကို သင်ပုန်းချေပြီး ပေါ့ပါးပျော်ရွှင်တဲ့ဘဝကို လျှောက်လှမ်းမယ်။

၃။ ကိုယ့်အပေါ်တန်ဖိုးမထားဘဲ ကိုယ့်ကို အမြဲနာကျင်ထိခိုက်စေတဲ့သူတွေကို ရန်မူမနေတော့ဘဲ ဘဝထဲက တိတ်တဆိတ်ပဲ ထွက်ခွာခွင့်ပေးလိုက်မယ်။

၎။ ကိုယ်အမြဲတမ်း မှန်ကန်နေမယ်ဆိုတဲ့ စိတ်ကူးကို ဖက်တွယ်မထားတော့ဘူး။ ကိုယ်ထင်မှတ်မထားဘဲ ပြုလုပ်မိတဲ့အမှားတွေကို အမှန်အတိုင်း လက်ခံပြီး အမှားတွေကပေးတဲ့သင်ခန်းစာတွေကို နောက်ထပ်မမှားအောင် ပြင်ဆင်မယ်။

၅။ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်အကိုင်တွေကို စတင်အကောင်အထည်ဖော်ဖို့ ဘယ်တော့မှနောက်မကျသေးဘူးဆိုတာကို လက်ခံမယ်။

၆။ ကိုယ့်ကို အရှိအတိုင်းလက်မခံဘဲ ပြောင်းလဲပစ်ဖို့ကြိုးစားတဲ့ အစွန်းရောက်ချစ်ခြင်းတွေကို ဘဝထဲမှာ ဇွတ်အတင်း ဆွဲခေါ်မထားတော့ဘူး။

၇။ စိတ်ပူပင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ရှက်စရာကောင်းတဲ့အရာတွေအဖြစ် မမြင်တော့ဘူး။ ကိုယ့်ကိုယ်ကိုကြင်နာမယ်။ကိုယ်နဲ့တကယ်ထိုက်တန်တဲ့အရာတွေကို ရှာဖွေမယ်။ ဘဝရဲ့ခရီးမှာ အခက်အခဲ အကြပ်အတည်းတွေ ရင်ဆိုင်နေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို လက်ခံမယ်။

၈။ တစ်နေ့တာကို အဆင်မပြေဖြစ်စေမယ့် စိတ်အနှောင့်အယှက် အသေးအဖွဲလေးတွေကို အတွေးထဲက ဖယ်ထုတ်ပစ်မယ်။

၉။ အရာရာတိုင်းမှာ သာမန်ဖြစ်နေတဲ့ အကျင့်ကိုစွန့်လွတ်မယ်။ ဟိုစပ်စပ်ဒီစပ်စပ်ပါပြီး သာမန်ဖြစ်နေတာမျိုးထက် နယ်ပယ်တစ်ခုခုကို ကျွမ်းကျင်အောင်လုပ်မယ်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်အောင် စူးစူးစိုက်စိုက်နဲ့ ဆောင်ရွက်မယ်။

၁ဝ။ ကိုယ့်ကိုယ်ကို မကောင်းမြင်တတ်တဲ့စိတ်ကိုလျှော့မယ်။

၁၁။ ကိုယ့်အတွက်အမှန်တကယ်အသုံးမဝင်တဲ့ ပစ္စည်းတွေအတွက် ငွေတွေကို မသုံးတော့ဘူး။

၁၂။ ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေမယ့် လူတွေ၊ အရာဝတ္ထုတွေနဲ့ အပြုအမူတွေအားလုံးကို ရှောင်ရှားမယ်။

Read times Last modified on Thursday, 30 January 2020 15:07
Rate this articles
(0 votes)